Aung Aung ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Aung Aung, อสังหาริมทรัพย์, Mae Sot.

"အကျိုးမရှိတဲ့စကားတွေကိုဥပေက္ခာပြုလိုက်ပါ"➖➖➖➖➖➖➖➖➖➖➖➖➖➖ ဘဝမှာကြားသမျှ စကားလုံးတိုင်းကို တုံ့ပြန်ဖို့ မလိုသလိုငုံ့ခံနေဖိ...
22/04/2022

"အကျိုးမရှိတဲ့စကားတွေကိုဥပေက္ခာပြုလိုက်ပါ"
➖➖➖➖➖➖➖➖➖➖➖➖➖➖

ဘဝမှာကြားသမျှ စကားလုံးတိုင်းကို
တုံ့ပြန်ဖို့ မလိုသလို
ငုံ့ခံနေဖို့လည်း မဟုတ်ပါဘူး.....

တစ်ချို့သူတွေရဲ့စကားလုံးတွေဟာ
တုံ့ပြန်စရာမလိုဘဲ
သူ့အလိုလိုပြီးသွားတာတွေရှိတယ်
တုံ့ပြန်လိုက်မှ ပိုရှုပ်သွားတာတွေ
ဖြစ်တတ်တယ်.......

စကားလုံးတိုင်းကို ခံစားနေဖို့ မလိုဘူး
ကိုယ့်အလုပ် ကိုယ်လုပ်နေဖို့ပဲလိုတယ်.....

အလုပ်မှန်ရင် တုံ့ပြန်စရာမလိုဘဲ
အလုပ်က ဖြေရှင်းသွားလိမ့်မယ်.....

မတုံ့ပြန်တာဟာ ငုံ့ခံနေတာ မဟုတ်ဘူး
အပင်ပန်းခံပြီး မခံစားတဲ့သဘောပဲ....

တစ်ချို့စကားတွေကျတော့
ပြန်ဖြေရှင်းဖို့လိုတယ်....
ဖြေရှင်းတာဟာ တုံ့ပြန်တာ မဟုတ်ဘူး.
ဖြေရှင်းမှသာ အမှန်ကိုသိသွားမယ်။
နှစ်ဦးနှစ်ဖက် အကျိုးယုတ်မှုတွေ
မဖြစ်တော့ဘူး.......

နားလည်မှုတွေရှိသွားမယ် ဆိုရင်
ဒါမျိုးကျတော့ပြန်တုံ့ပြန်ရမယ်.....
ဒေါသနဲ့တုံ့ပြန်မှုမျိုး မဟုတ်ဘဲ
ကျိုးကြောင်းဆင်ခြင်ဥာဏ်ရယ်၊
အကျိုးလိုလားတဲ့ မေတ္တာတရားရယ်ကို
အခြေခံပြီး ပြန်ဖြေရှင်းရမယ်.....

အဓိက ကေတာ့
ဘယ်လို
စကားလုံးပဲလာလာ
လက်ခံနိုင်အောင် ကြိုးစားဖို့ပဲ
လက်ခံတာဟာ ခံစားတာ မဟုတ်ဘူး
ခံနိုင်ရည်ရှိလာတာ.....

ကြားသမျှအသံတွေအပေါ်မှာ
ခံနိုင်ရည်ရှိအောင် ကြိုးစားပြီး
အကျိုးများတဲ့ စကားကို လက်ခံ၊
အကျိုးမရှိတဲ့ စကားလုံးကို
ခေါင်းထဲက ထုတ်ပစ်ဖို့ပါပဲ.
အကျိူး မရှိတဲ့စကားလုံးတွေနဲ့
ခေါင်းလေးမနေဖို့ အဓိကပါပဲ.....

လောကသဘာဝ ဘယ်လောက်ပဲ
ကောင်းအောင် လုပ်လုပ်
စကားလုံးယုတ်တွေ ရောက်လာတတ်သလို၊
မကောင်းတဲ့သူတွေမှာလည်း
စကားလုံး အလှလေးတွေက
တွဲနေတတ်တာပဲ မဟုတ်လား....

စကားလုံးတွေကို လိုက်ခံစားနေတာကိုက
ကိုယ့်အမှားပဲလေ...။

Credit

"လူရင်းထိုးတဲ့ဓား"ဘယ်သူ့ကိုမှ သင်စကားအကုန်မပြောလိုက်ပါနဲ့လူရင်းထိုးတဲ့ဓားက ပိုနက်တယ်..ဘယ်သူ့ကိုမှ စကားအကုန်မပြောပါနဲ့မင်...
20/04/2022

"လူရင်းထိုးတဲ့ဓား"

ဘယ်သူ့ကိုမှ သင်စကားအကုန်မပြောလိုက်ပါနဲ့
လူရင်းထိုးတဲ့ဓားက ပိုနက်တယ်..

ဘယ်သူ့ကိုမှ စကားအကုန်မပြောပါနဲ့
မင်းကတော့ ယုံကြည်လွန်းလို့
မင်းမိသာစု အကြောင်းတွေ
မင်းအလုပ်အကြောင်းတွေ
မင်းရဲ့ပြဿနာတွေ
မင်းရဲ့ထင်မြင်ယူဆချက်တွေ
ဘာရယ်မဟုတ်ဘူး
လြတ္လပြ္စာ ၊ ရင်းနှီးစွာ ၊ ပွင့်လင်းစွာနဲ့
ပြောဆိုရင်ဖွင့်လိုက်တာပဲ

ဒါပေမယ့်
သူတို့ကမင်းဆီကနေ ပွင့်လင်းမှုတွေ
ခံယူချက်တွေ အမြင်တွေကိုနားထောင်ရင်း
သူတို့စိတ်ထဲမှာမင်းကို
တဖြေးဖြေးပုံဖော်လာကြတာ
ဒါကို မင်းမသိလိုက်ဘူး
မင်းရဲ့အောက်ဖဲတွေကို
တဖြေးဖြေးရိပ်မိလာကြတာကို
မင်းမသိလိုက်ဘူး
မင်းကတော့ ပုံမှန်ပဲဆက်ပြောနေတယ်

တနေ့ပြီးတနေ့ တရက်ပြီးတရက်
တနှစ်ပြီးတနှစ်ကြာလာတဲ့အခါ
သူတို့စိတ်အမြင်မှာ
မင်းဟာ တံဆိတ္တစ္ခုကပ္ထားတဲ့
လူသားတစ်ယောက်ဖြစ်လာတယ်
အဲဒီတံဆိတ်က...
မင်းဟာ အရည်အချင်းထင်သလောက်မရှိဘူး
မင်းဟာ ငွေမက်တယ်
မင်းဟာ ထင်သလောက် စိတ်မကောင်းဘူး
မင်းဟာ စိတ်မမှန်ဘူး
မင်းဟာ ငပေါတစ်ယောက်ဖြစ်တယ်
မင်းဟာ အရူးတစ်ယောက်ဖြစ်တယ်
မင်းဟာ သိပ်အထင်ကြီးစရာမကောင်းဘူး
မင်းဟာ တရားမရွိဘူး
မင်းဟာ ပါးစပ္မလုံဘူး
စသည်စသည်ဖြင့်.....
သူတို့ထင်ရာ မြင်ရာ တွေးမိရာ
တံဆိတ္တစ္ခုကို ကပ်လိုက်ကြတယ်

နောက်ပိုင်းမှာတော့
သူတို့ကပ်ထားတဲ့ အဲ့တံဆိတ်ကိုကြည့်ပြီး
မင်းကိုသူတို့ကရာသက်ပန်အဲဒီအတိုင်း
ဆက်ဆံသွားကြတော့တယ်
မင်းကိုမြင်တာနဲ့ အဲဒီတံဆိတ္ကိုသူတို့မ်က္လုံးထဲ
တန်းမြင်ကြတော့တာပဲ..

အဲဒါဘာလဲ သိလား
စကားကိုအကုန်ပြောခဲ့လို့
ရင်တွေအကုန်ဖွင့်ခဲ့လို့
လူရင်းလုပ်ပြီး
ဘာမှမဖြစ်လောက်ပါဘူးလေဆိုပြီး
အရာရာကိုဖွင့်ပြောခဲ့လို့

ဟုတ်ကဲ့
လက်ဆောက်လေးတစ်ခုပေးလိုက်ချင်ပါတယ်
ဘယ်သူ့ကိုမှ စကားအကုန်မပြောပါနဲ့
မင်းကို ဘယ်သူကမွ ရိုက်မစစ်ပါဘူး
ဘယ်သူကမွ ကြိုးတုပ်မမေးပါဘူး
လူရင်းထိုးတဲ့ဓားက ပိုနက်တယ် သတိထားစေလိုပါတယ်။

🖋️မူရင်းရေးသားသူကိုလေးစားစွာဖြင့် 𝐂𝐫𝐞𝐝𝐢𝐭 ပေးပါသည်။🖋️

(ဘဝစာပေ)

အရိုင်း နဲ့ အယဉ် *************ဆရာဝန်လောကမှာတင် မဟုတ်ပါဘူးအသိုင်းအဝိုင်းတိုင်းနေရာတိုင်းမှာ အရိုင်းနဲ့ အယဉ်ဆိုတာ ရှိစမြဲပ...
19/04/2022

အရိုင်း နဲ့ အယဉ်
*************
ဆရာဝန်လောကမှာတင် မဟုတ်ပါဘူး
အသိုင်းအဝိုင်းတိုင်း
နေရာတိုင်းမှာ အရိုင်းနဲ့ အယဉ်ဆိုတာ
ရှိစမြဲပါ။

ရိုင်းစိုင်းခြင်း
ယဉ်ကျေးခြင်းဟာ
တတ်တဲ့ပညာနဲ့လည်းဆိုင်သလို
တွေးခေါ်ကျင့်သုံးတတ်တဲ့ အသိ
ဉာဏ်ပညာနဲ့လည်း ဆိုင်ပါတယ်။

တချို့တွေက
ကိုယ့် စိတ်နဲ့ နှိုင်းပြီး ရိုင်းကြတယ်။

တချို့တွေက
ကိုယ့်စိတ်နဲ့ နှိုင်းပြီး မျှတတွေးကြတယ်။
ယဉ်ကျေးကြတယ်။

တချို့တွေက
သူများရိုင်းသလို လိုက်ရိုင်းတတ်ကြတယ်။

တချို့တွေက
မျှမျှတတ တွေးတတ်ပြီး
ယဉ်ကျေးသူများလို ယဉ်ကျေး
တတ်ကြတယ်။

ရိုင်းခြင်း ယဉ်ကျေးခြင်းဟာ
တတ်ထားတဲ့ ပညာထက်
"အမှား အမှန် အကောင်း အဆိုးကို
အကြောင်း အကျိုးနဲ့တကွ
ဝေဖန်ပိုင်းခြားတတ်တဲ့ ဉာဏ်" ဆိုတဲ့ ပညာ
ကျင့်သုံးတဲ့အသိဉာဏ်ပညာ ရှိခြင်း
မရှိခြင်းအပေါ်မှာ မူတည်ပါတယ်။

ပညာတွေ တတ်ဖို့ထက်
အသိဉာဏ်ပညာရှိဖို့က ပိုအရေးကြီး
ပါတယ်။

ပညာတွေဘယ်လောက်တတ်တတ်
အသိဉာဏ်ပညာမရှိသူတွေဟာ
ရိုင်းလွယ်ကြတယ်။
အသိဉာဏ်ပညာရှိသူတွေဟာ
ယဉ်ကျေးလွယ်ကြတယ်။

#သာသနာနွယ်ဆရာတော်
https://www.facebook.com/ဘုရား-တရား-သံဃာ-101714915600170/

အတွေးဟာ သိပ်ကိုအရေးကြီးတယ်...ဖတ်ကြည့်နော်…ငါ ကံဆိုးတယ် လို့မတွေးပါနဲ့။ငါ ကံကောင်းနိုင်သေးတယ်လို့ပဲတွေးပါ…ငါ ဆင်းရဲတယ် လိ...
19/04/2022

အတွေးဟာ သိပ်ကိုအရေးကြီးတယ်...
ဖတ်ကြည့်နော်…

ငါ ကံဆိုးတယ် လို့
မတွေးပါနဲ့။
ငါ ကံကောင်းနိုင်သေးတယ်လို့ပဲ
တွေးပါ…

ငါ ဆင်းရဲတယ် လို့
မတွေးပါနဲ့။
ငါ ချမ်းသာနိုင်သေးတယ်လို့ပဲ
တွေးပါ။

ငါ အဆင်မပြေဘူး လို့
မတွေးပါနဲ့။
ငါ အဆင်ပြေနိုင်သေးတယ်လို့ပဲ
တွေးပါ။

ငါ မပျော်ရွှင်ရဘူး လို့
မတွေးပါနဲ့။
ငါ ပျော်ရွှင်ရလိမ့်အုံးမယ်လို့သာ
တွေးပါ။

စိတ်ဟာ
အင်မတန်မှ တန်ခိုးကြီးပါတယ်။

စိတ်ထားလေးပဲ ပြင်လိုက်ပါ။
အတွေးကို လွန်စွာ မတွေးပါနဲ့။

စိတ်ဆင်းရဲစေမည့် အတွေးတွေကို
အတိတ်မှာပဲ ထားခဲ့လိုက်ပါ။

ဘာဖြစ်လို့လဲ ဆိုတော့…

လှပတဲ့ဘဝဆိုတာ…
လှပတဲ့အတွေးကနေ လာတာပါ။

တောက်ပတဲ့ဘဝဆိုတာ…
တောက်ပတဲ့အတွေးကနေ လာတာပါ။

ငြိမ်းချမ်းတဲ့ဘဝဆိုတာ
ငြိမ်းချမ်းတဲ့အတွေးကနေ လာတာပါ။

အတွေးတွေကနေ
အပြောတွေ အလုပ်တွေ ဘဝတွေ
ဖြစ်လာတာပါ။

ဒါကြောင့်…
အတွေးတွေကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။

သင့်အတွေးတွေက
သင့်ကို
ကောင်းတဲ့လူတစ်ယောက် ဖြစ်အောင်
လုပ္လို့ရသလို
သင့်ကို ပျက်စီးသွားအောင်လည်း
လုပ်လို့ရပါတယ်။

စိတ်ချမ်းသာအောင်
အားတက်နေအောင် လုပ်နိုင်သလို

စိတ်ဆင်းရဲအောင်
စိတ်ဓာတ်ကျနေအောင်လည်း
လုပ်နိုင်ပါတယ်။

ကောင်းတဲ့ အတွေးအမြင်တွေကသာ
ကောင်းတဲ့ ဘဝတစ်ခုဆီကို
ခေါ်ဆောင်သွားမှာပါ။

လေးစားစွာဖြင့် credit

အိမ်ထောင်ပြုတော့မယ်ဆိုရင် အိမ်ထောင်ပြုတယ်ဆိုတာ ကလေး ကစားစရာအလုပ်မျိုး မဟုတ်ပါဘူး လေးနက်သော ပေါင်းဆက်ခြင်းဖြစ်သည်။ ဒါကြော...
19/04/2022

အိမ်ထောင်ပြုတော့မယ်ဆိုရင်

အိမ်ထောင်ပြုတယ်ဆိုတာ
ကလေး ကစားစရာအလုပ်မျိုး မဟုတ်ပါဘူး
လေးနက်သော ပေါင်းဆက်ခြင်းဖြစ်သည်။

ဒါကြောင့်.....
ကာမစိတ်တစ်ခုပဲသိရင် မက်မောရင်
အိမ်ထောင်မပြုပါနဲ့..... ချစ်တာတစ်ခုပဲ
သိနေရင်လဲ
အိမ်ထောင်မပြုသေးပါနှင့်....

ရင့်ကျက်ပြီး အသိပညာပြည့်စုံမှသာ
အိမ်ထောင်ပြုသင့်ပါသည်။

ယခုခေတ်က အသက် ၁၅ ၁၆ အရွယ်ဆို
တစ်လင်ကွာ နှစ်လင်ကွာ သုံးလင်ကွာ
ဖြစ်နေကြပြီး

ယောကျာ်းလေးဆိုလဲ မိန်းမ
တစ်ယောက်ပြီးတစ်ယောက်
ပေါင်းဖက်နေကြတဲ့ ခေတ်ပျက်ကြီးပါ။

အကြောင်းက ဘုမသိ ဘမသိပဲ
ချစ်ကြ ကြိုက်ကြ ညာကြတယ်.....
ရင့်ကျက်မှုမရှိ အတွေးအခေါ်နည်းပြီး
အလုပ်အကိုင်မနိုင်ရင် ရန်ဖြစ်စကားများပြီး
ကွဲကြပါတယ်။

"အိမ်ထောင်မပြုမှီ ကိုယ့်ကိုကို
အရင်သုံးသပ်ကြည့်ပါ။

ယောကျာ်းလေးဆိုရင်

အိမ်ထောင်ဦးစီးနေရာ ကျေပွန်စွာ
ထမ်းဆောင်နိုင်ပါ သလား ....?

မိသားစုကိုရော ရှာဖွေကျွေးမွေးနိင်ပါသလား .....?

အလုပ်အကိုင်ကိုရော ပိုင်ပိုင်နိုင်နိုင်
လုပ်နိုင်ပါသလား.... ?

ကိုယ့်မိန်းမနဲ့ ပတ်သက်တဲ့ ကိစွအဝဝကို
တာဝန်ယူနိုင်ပါသလား.... ?

လေ့လာသင်ယူမှုရော ပြည့်စုံပြီးလား..... ?

မိန်းကလေးဆိုရင်

အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်အောင်
လုပ်တတ်ကိုင်တတ်ပါသလား....?

လင်ဝတရားကိုရော ကျေပွန်စွာ ထမ်းဆောင်နိုင်ပါသလား...?

ရှာဖွေသမျှကိုရော ဘယ်လိုစုဆောင်းပြီး
ဘယ်လိုတိုးတက်အောင် ကြံဆောင်နိုင်ပါသလဲ...?

မိခင်နေရာ ရောက်လာရင်လဲ
ကိုယ့်သားသမီးကို
သေချာ သွန်းသင်ဆုံးမတတ်ပါသလား....?

အပျိုဘဝလို ပေါ့ပျက်ပျက်
နေထိုင်လို့မရတော့သဖြင့်
ရင့်ကျက်တည်ငြိမ်စွာ နေနိုင်ပါသလား....?

တစ်ကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ
တွေးတတ် စဉ်စားတတ်ရင် အရမ်းခက်ခဲပါတယ်။

ဖြစ်သလိုပဲ ဖြစ်ပါစေ ညားပြီးရင်
သူ့အလိုလို အနေသာကျသွားမယ်လို့
စောက်ပိန်းဦးနှောက်မျိုး မတွေးပါနဲ့...

အနာဂတ်မှာ ဇနီးကောင်း
လင်ကောင်းဖြစ်အောင်ပဲ
ကြိုးစားပြီး နေထိုင်နိုင်မှသာ
အိမ်ထောင်ပြုစေချင်တယ်။

လင်ရယ် မယားရယ် ဖြစ်လာပြီးဆိုရင်
တစ်ယောက်အပေါ် တစ်ယောက်
လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ရမယ်။

အကောင်းအဆိုးကိုလဲ
တူတူမျှဝေခံစားနိုင်ရမယ်။

အခက်အခဲဆိုတာ ရှိစမြဲပါ။
တစ်ယောက်ကိုတစ်ယောက်လဲ
အပြစ်မတင်ကြပါနဲ့ ရန်မဖြစ်ကြပါနဲ့
အကျင့်ပါသွားနိုင်တယ်။

ဒေါသနဲ့ ပြောလဲ ဒီစကားပါပဲ
ပြေပြေလည်လည်ပြောလဲ ဒီစကားပါပဲ

သို့သော်....
ကောင်းကောင်းမွန်မွန် ပြောဆိုညှိုနှိုင်းခြင်းက
အရမ်းကို တန်ဖိုးရှိစေပြီး ပြေလည်စေပါတယ်။

အိမ်ထောင်ဦးစီးဖြစ်တဲ့အတွက်
အရက်သေစာ နဲ့ လောင်းကစားလုပ်ခြင်း
ရှောင်ကြည်ပါ။

အစကောင်းမှ အနှောင်းသေချာသလို
မွေးလာတဲ့ သားသမီးကို လမ်းစ မခင်းပြပါနဲ့

တန်ဖိုးရှိစွာ နေထိုင်ရင် အဖိုးတန်တဲ့
ကလေးများသာ ရပါလိမ့်မည်။

အိမ်ရှင်မဆိုလဲ သားသမီးများကို
လိမ်မာရေးခြားရှိအောင်
သွန်သင်ဆုံးမနိုင်ပါစေ အဆဲတော့ မပါစေနဲ့

ကြားပါများရင် ကလေးတွေက
ပါးစပ်ထဲ စွဲနေတတ်သည်။

သင်လွယ် တတ်လွယ်တဲ့အရွယ်မှာ
အကောင်းဆုံးဖြစ်အောင် လမ်းပြပါ။

သံဆိုတာ ပူတုန်းပဲ လိုချင်တဲ့ပုံစံ ထုဆစ်လို့ရမယ်။
အေးခဲလာလေ မာကျောလာလေပဲ....

သားသမီးမကောင်းရင် မိဘခေါင်းတဲ့

သာယာသော မိသားစုဘဝ ပိုင်ဆိုင်နိုင်ကြပါစေ။

ဒီစာကို အဆုံးထိဖတ္တဲ့လူဟာ
အသိပညာတိုးပွားပြီး အများကြီး
မဟုတ်ရင်တောင် အသိတရားတစ်ခု
ရလာလိမ့်မယ်လို့ ကျနော်ယုံကြည်တယ်။

မူရင်းအားလေးစားစွာဖြင့် Credit ပေးပါသည်။

💞 မေတ္တာဖြင့်ပြန်လည်မျှဝေသူ 💞

''ရချင်အုံး ဟဲ့ ••• ခန္ဓာ"=============လင်"ကို •••သဘောမကျရင် ကွာလိုက်•••ရပါတယ်မယားကို •••သဘော မကျလည်းကွာလိုက်•••ရတယ်သားသ...
19/04/2022

''ရချင်အုံး ဟဲ့ ••• ခန္ဓာ"
=============

လင်"ကို •••သဘောမကျရင်
ကွာလိုက်•••ရပါတယ်
မယားကို •••သဘော မကျလည်း
ကွာလိုက်•••ရတယ်
သားသမီးကို•••သဘော မကျရင်
အမွေပြတ် ကြော်ငြာလိုက်" ရတာပဲ
ကိုယ့်"ခန္ဓာကိုယ် •••ကွာကြည့်စမ်း
ရသလား••• မရပါဘူးဗျာ
သေတဲ့အထိ •••ပေါင်းကြရမှာ
ငါ•••ဗိုက်ဆာပြီ၊
ငါ•••ရေချိုးချင်ပြီ
ငါ•••နောက်ဖေးသွားချင်ပြီ
စသည်ဖြင့် " မပြတ်စဲ နိုင်တဲ့ ခန္ဓာရဲ့
အလိုကို •••လိုက်နေရတယ်
ဒီလောက်တောင်" ဖြစ်လှတာ
အဲဒီ"ခန္ဓာ ဒုက္ခ •••ကြီးကို
အကုန်လိုက် •••မှတ်ပေးနေစမ်းပါ
အချစ်ကပေးသော ချစ်ဒုက္ခ များသာ"
သူတစ်ပါး သမီး" ထို သူစိမ်းကြီးကို
အိမ်ပေါ်တင်လျက်
တစ်သက်လုံး ရှာဖွေကြွေးမွေး
နေကြရခြင်းသည် ဒုက္ခ။
သူတစ်ပါးသမီး ထိုသူစိမ်းကြီးက
မွေးလာ သမျှသော"ကလေးများ ၏
လိုသမျွကို
ရှာဖွေ ကြွေးမွေးရခြင်းသည်က ဒုက္ခ။
ထို့အတူ ဤ"ဒုက္ခကား
သင်္ချိုင်းဝ ရောက်သည် ထိတိုင်အောင်
နားရသည် •••မရှိ။
ထို ဒုက္ခ •••အပေါင်းကား
အချစ်က•••ပေးသော
ချစ်ဒုက္ခ များချည်းဖြစ်ရာ
သူ့ကာမ ကိုယ့်ဘဝ နှစ်မျိူးတို့၌
ခင်မင်နေခြင်းသည်
ဒုက္ခ ဖြစ်ရခြင်း အကြောင်းခံ
အမှန်တရား တည်း။
သူ့ကာမ ခံစားလို၍ "ကိုယ့်ဘဝအား
အလျော်အစား ပေးနေရခြင်းသည်
ဒုက္ခ" ခံနေရသော အမှန်တရား။
လူသား၌ သစ်စာ
ချစ်ရာမှီသည် ဆိုသောကြောင့်
ဘဝအဆက်ဆက် ဆက်၍ ဆက်၍
မမှား သင့်တော့ပြီ။

🙏မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး🙏

''ဘယ်တော့မှမလုပ်ပါနဲ့''၁။ သူတစ်ပါးဝမ်းနည်းမှ ကိုယ်ပျော်ရွှင်ရမဲ့   အလုပ်ကို ဘယ်တော့မှမလုပ်ပါနဲ့...။၂။ သူတစ်ပါးငိုမှ ကိုယ...
19/04/2022

''ဘယ်တော့မှမလုပ်ပါနဲ့''

၁။ သူတစ်ပါးဝမ်းနည်းမှ ကိုယ်ပျော်ရွှင်ရမဲ့
အလုပ်ကို ဘယ်တော့မှမလုပ်ပါနဲ့...။

၂။ သူတစ်ပါးငိုမှ ကိုယ်ရယ်ရမယ့်
အလုပ်ကို ဘယ်တော့မှမလုပ်ပါနဲ့...။

၃။ သူတစ်ပါးကျရှုံးမှ ကိုယ်အောင်မြင်ရမယ့်
အလုပ်ကို ဘယ်တော့မှမလုပ်ပါနဲ့...။

၄။ သူတစ်ပါးကိုချနင်းပြီးမှ ကိုယ်အထက်ရောက်မဲ့
အလုပ်ကို ဘယ်တော့မှမလုပ်ပါနဲ့...။

၅။ သူတစ်ပါးပျက်စီးမှ ကိုယ်ကောင်းစားမယ့်
အလုပ်ကို ဘယ်တော့မှမလုပ်ပါနဲ့...။

၆။ သူတစ်ပါးစိတ်ဆင်းရဲပြီးမှ ကိုယ်အဆင်ပြေမဲ့
အလုပ်ကို ဘယ်တော့မှမလုပ်ပါနဲ့...။

၇။ ကိုယ့်အပြစ်တွေကို သူတစ်ပါးအား
ပုံချတာမျိုးကို ဘယ်တော့မှမလုပ်ပါနဲ့...။

၈။ သူတစ်ပါးအားနည်းချက်ကို ထောက်ပြီး
အနိုင်ယူတတ်တဲ့ အလုပ်မျိုး
ဘယ်တော့မှမလုပ်ပါနဲ့...။

၉။ သူတစ်ပါးအခက်အခဲကို
အခွင့်ကောင်းယူပြီး
အနိုင်ယူတဲ့ အလုပ်မျိုး
ဘယ်တော့မှမလုပ်ပါနဲ့...။

၁၀။ သူတစ်ပါးအောင်မြင်မှု့ကို ပိတ်ပင်တဲ့
အလုပ်ကို ဘယ်တော့မှမလုပ်ပါနဲ့...။

သူတစ်ပါး ပျက်စီး ဝမ်းနည်းပြီး
ပေးဆပ်လိုက်မှ ကိုယ် အောင်မြင် ပျော်ရွှင်
အဆင်ပြေ သွားရတယ်ဆိုကတည်းက
အောင်မြင်မှု ပျော်ရွှင်မှု
အဆင်ပြေမှုတွေအားလုံးက
လိပ်ပြာမသန့်တဲ့
အမဲရောင် ရလဒ်တွေပါ...။

လေးစားစွာဖြင့် credit

ที่อยู่

Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Aung Aungผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์