အချိန်ပိုင်းကိုယ်ပိုင်စီးပွားရေး SCM

အချိန်ပိုင်းကိုယ်ပိုင်စီးပွားရေး  SCM ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก အချိန်ပိုင်းကိုယ်ပိုင်စီးပွားရေး SCM, อสังหาริมทรัพย์, Mae Sot

05/08/2022
လခစား ဝန်ထမ်းလုပ်လေ သူဌေးကြိုက်လေပဲ  သတိရှိပါ...⏰⏰သူများရည်မှန်းချက်တွေကို အကောင်အထည်ဖော်ပေးနေတာတွေ ရပ်လိုက်ပါတော့....🚷❌...
30/11/2021

လခစား ဝန်ထမ်းလုပ်လေ သူဌေးကြိုက်လေပဲ သတိရှိပါ...⏰⏰
သူများရည်မှန်းချက်တွေကို အကောင်အထည်ဖော်ပေးနေတာတွေ ရပ်လိုက်ပါတော့....🚷❌❌
အောင်မြင်ချင်ရင် ကိုယ့်ပိုင်အလုပ်လုပ်နိုင်အောင် ကြိုးစားပါ...
ကိုယ့်အိမ်မက်ကို ကိုယ်ကိုယ်​တိုင်ဖန်တီးပါ ချမ်းသာဖို့က သူဌေးမလုပ်ပေးဘူး
ကိုယ်တိုင်လုပ်ရမှာပါ...🏃🏃🏃
crd

💎စိန် လည်း..ကာဗွန်ပဲမီးသွေးလည်း. ကာဗွန် ပါပဲကာဗွန် ချင်း တူပေမဲ့..တန်ဖိုးချင်းကတော့ မတူဘူးလေ..အဖိနှိပ်ခံ အပူပေးခံရတာများ...
30/11/2021

💎စိန် လည်း..ကာဗွန်ပဲ
မီးသွေးလည်း. ကာဗွန် ပါပဲ

ကာဗွန် ချင်း တူပေမဲ့..
တန်ဖိုးချင်းကတော့ မတူဘူးလေ..

အဖိနှိပ်ခံ အပူပေးခံရတာများလေ..
မလောင်ကျွမ်းဘဲ..တောင့်ခံ နိုင်တဲ့အရာက
စိန် ဖြစ်သွားတာပါပဲ...
အပူနဲ့ ဖိအားကြောင့် ကာဗွန်ဟာ စိန်ဖြစ်
သွားတာပါဗျာ...

အဲဒါကြောင့် အပူတွေ..ဖိအားတွေလာရင်
စိတ်မပျက်ပါနဲ့...
ငါ့ကို စိန်ဖြစ်အောင် လုပ်ပေးမဲ့အရာတွေပဲလို့
ပြုံးပြုံးလေး..တောင့်ခံ လိုက်စမ်းပါ...

မကြာခင်ကာလမှာပဲ..
စိန်ဖြစ်သွားပါ လိမ့်မယ်....💎.
လိုက်ပြီး ခံစား လောင်းကျွမ်းနေရင်တော့
မီးသွေးပဲ ဖြစ်သွားမှာပါ....
crd🙏

စီးပွားရေးစိတ်ဝင်စားတဲ့   သူတွေကိုသာ    ဖိတ်ခေါ်ပါတယ်တကယ်ဝင်လေ့လာမယ်    သူများတကာ  ခိုင်းတဲ့နေ့စားဘဝကနေ ရုန်းထွက်ချင်ကျသူ...
27/11/2021

စီးပွားရေးစိတ်ဝင်စားတဲ့ သူတွေကိုသာ
ဖိတ်ခေါ်ပါတယ်တကယ်ဝင်လေ့လာမယ်

သူများတကာ ခိုင်းတဲ့နေ့စားဘဝကနေ
ရုန်းထွက်ချင်ကျသူတွေ မိသားစုကို

ပြည့်စုံစွာထားချင်ကြသူလေးတွေ

ကျွန်မတို့ရဲ့ Successmore
အခွင့်လမ်းများပေး ထားပါတယ်

မိတ်ဆွေကြိုးစားရင်ကြိုးစားသလောက်
ဝင်ငွေရရှိမယ် မိသားစုပြည့်ပြည့်စုံအောင်

ထားနိုင်မယ် မိတ်ဆွေသူများခိုင်းတဲ့
နေ့စားအလုပ်ကနေမြန်ဆုံးရုန်း ထွက်နိုင်မယ်

ကြိုးစားမူ ဇွဲရွိမူ နည်းစနစ် ပူးပေါင်းမူး
လက်တွေ့ကျကျလုပ်ဆောင် နိုင်ဖို့လိုတယ်

သင်တမ်းအခမဲ့သင်ကြားပေးပါတယ်
ကျား -မ-မရွေးဝင်ရောက် လုပ်နိုင်လေ့လာနိုင်ပါတယ်။

သင်တန်းချိန် ည. 8နာရီ ကနေ 10:00နာရီအထိပါပဲ
အခမဲ့သင်ကြားပေးပါတယ်။
စိတ်ဝင်စားရင်......add... me
(or) cb

%

မဖြစ်နိုင်တဲ့ အလုပ်🏹🏹🏹🏹🏹🏹🏹🏹🏹လွန်ခဲ့တဲ့ သုံးရာစုနှစ်လောက်က တရုတ်နိုင်ငံက စစ်တိုက်တာ အင်မတန်တော်တဲ့ စစ်သူကြီးချူဟာ ဘုရင် မ...
11/11/2021

မဖြစ်နိုင်တဲ့ အလုပ်
🏹🏹🏹🏹🏹🏹🏹🏹🏹
လွန်ခဲ့တဲ့ သုံးရာစုနှစ်လောက်က
တရုတ်နိုင်ငံက စစ်တိုက်တာ
အင်မတန်တော်တဲ့ စစ်သူကြီးချူဟာ
ဘုရင် မကြိုက်တာတစ်ခုကို
လုပ်မိလိုက်တယ်။
ဘုရင်က အမျက်တော်ရှပြီး
သူ့ကို ခုလို အမိန့်ချလိုက်ပါတယ်။

"၃ ရက်အတွင်း
မြားအစင်း တစ်သိန်းလုပ်ပေးရမယ်။
မလုပ်ပေးနိင်ရင်
ခေါင်းဖြတ်သတ်ခံရမယ်"တဲ့။

အဲဒီအချိန်မှာ
အင်အားကြီးမားတဲ့ ရန်သူဟာ
သူတို့မြို့ကို သိမ်းဖို့
ရေကြောင်းကနေ ချီတက်လာရင်း
မြို့နားရောက်ခါနီး
မြစ်ကမ်းစပ်တစ်နေရာမှာ
စခန်းချနေပါတယ်။
ဘုရင့်မှာ အဲဒီရန်သူကို ပြန်တိုက်ဖို့
မြားတွေ အများကြီး လိုအပ်နေပါတယ်။

စစ်သူကြီးချူက ၃ ရက်အတွင်း
မြားအစင်း တစ်သိန်းလုပ်ပေးပါမယ်လို့
ဘုရင်ကို ပြန်လျှောက်လိုက်တယ်။
တကယ်တော့
မြားအစင်း တစ်သိန်းလုပ်ပေးဖို့
သူ့မှာ ဝါး၊ အလုပ်သမား
အလုံအလောက် မရှိသလို
၃ ရက်ဆိုတဲ့ အချိန်တိုလေးမှာ
ပြီးဖို့ဆိုတာ ပိုပြီး မဖြစ်နိုင်သေးတယ်။

ဒါပေမဲ့
သူ အသက်အသေမခံနိုင်လို့
အဲဒါကို ရွေးချယ်လိုက်တယ်။
စစ်သူကြီးဟာ
တညလုံး မအိပ်ဘဲ
ဘာလုပ်ရမလဲလို့ အကြံထုတ်တယ်။

မိုးလင်းခါနီးမှာ
အကြံတစ်ခုရလိုက်တယ်။

စစ်သူကြီးချူဟာ
သူ့စစ်သားတွေကို
ရွက်သင်္ဘောတွေ၊
လှေတွေရဲ့ ဘေးတွေမှာ
ကောက်ရိုးထုံးတွေကို ချည်ခိုင်းလိုက်တယ်။

ကုန်းပတ်အပေါ်တွေမှာလည်း
ကောက်ရိုးထုံးတွေနဲ့
ဖုံးအုပ်ခိုင်းလိုက်တယ်။
ရွက်တွေကိုလည်း
ကောက်ရိုးမျှင်တွေနဲ့ ကာခိုင်းလိုက်တယ်။

နောက်တစ်နေ့ ညနေ နေဝင်ခါနီး
နှင်းတွေ ထူထူထဲထဲ ကျနေချိန်ုမှာ
စစ်သူကြီးက ရွက်သင်္ဘောတွေ၊
လှေတွေကို မြစ်ကြောင်းအတိုင်း
ရန်သူ့စခန်းနားကို ချီတက်ခိုင်းလိုက်တယ်။

ရန်သူဟာ
နှင်းထုတွေကြားက
မသဲမကွဲ မြင်ရတဲ့
မည်းမည်းအကြီးကြီးတွေဟာ
စစ်သူကြီးချူရဲ့ ရွက်သင်္ဘောတွေ
လှေတွေလို့ ရိပ်မိပေမယ့်
ရေပြင်ကို ထွက်မတိုက်ရဲဘူး။

ဘာကြောင့်လဲဆိုတော့
စစ်သူကြီးချူဟာ
စစ်ရေးပရိယာယ်
အင်မတန် ကြွယ်ဝတယ်ဆိုတာကို
သူတို့ သိထားကြလို့ပါ။

ဒီတော့
ရန်သူဟာ စစ်သူကြီးရဲ့ သင်းဘောတွေ
သူတို့စခန်းနား ကပ်မလာနိုင်အောင်
မြားတွေနဲ့ ပစ်ကြတယ်။

သင်္ဘောတွေကလည်း
စခန်းနား ကပ်နိုင်သလောက်
ကပ်ကြတယ်။ ရန်သူလည်း
ကြောက်လန့်ပြီး ရှိသမျှ မြားတွေနဲ့
ပစ်လွှတ်ကြတယ်။

မိုးချုပ်တော့
စစ်သူကြီးချူက သင်္ဘော လှေတွေကို
မြို့ကို လှည့်ပြန်ခိုင်းလိုက်တယ်။

မနက်ရောက်တော့
စစ်သားတွေဟာ သင်္ဘော လှေတွေပေါ်က ကောက်ရိုးထုံးတွေမှာ စိုက်နေတဲ့
ရန်သူ့မြားတွေကို နူတ်ယူပြီး
စစ်သူကြီးချူဆီမှာ အပ်နှံကြတယ်။

စစ်သူကြီးက
ဘုရင့်ထံ မြားအစင်း တစ်သိန်းကို
၃ ရက်အတွင်း ပေးအပ်လိုက်နိုင်လို့
ဘုရင်က သူ့ကို အသက်ဘေးက
ကင်းလွှတ်ခွင့်ပေးလိုက်ပါတယ်။

အလုပ်တစ်ခုဟာ
ကြီးမားခက်ခဲလွန်းလို့
စစချင်းမှာ မဖြစ်နိုင်ဘူးလို့
ထင်စရာပါ။
ဒါပေမဲ့ သင့်ဦးနှောက်ကို
အပြည့်အဝ အသုံးချပြီး
ဖြစ်နိုင်တဲ့ နည်းလမ်းကို
စဉ်းစားရင် လုပ်လို့ရမယ့်
နည်းလမ်းကို
ရှာတွေ့ပါလိမ့်မယ်။

(အထိရောက်ဆုံးနည်းက
သင် အဲဒီနည်းလမ်းကို
မရရင် အသက်သေတော့မယ်လို့
သဘောထားစဉ်းစားပါ။
သေချာပေါက် အဖြေကို ရှာရပါလိမ့်မယ်)။
မူရင်းရေးသားသူအား လေးစားစွာဖြင့်..
#အေးမင်းထွန်း

သင့်ကိုဘာကြောင့်ချမ်းသာစေချင်တာလဲ---------------------------------------------"ချမ်းသာတဲ့သူတွေက ချမ်းသာပြီးရင်း ချမ်းသာေ...
24/10/2021

သင့်ကိုဘာကြောင့်ချမ်းသာစေချင်တာလဲ
---------------------------------------------
"ချမ်းသာတဲ့သူတွေက ချမ်းသာပြီးရင်း ချမ်းသာနေကြတယ်။ ခင်ဗျားကရော....."

"ကျွန်တော်တို့မှာ လူလတ်တန်းစားတွေ ဆုံးရှုံးနေတယ်။ လူလတ်တန်းစားတွေ လျော့နည်းလာတာဟာ အမေရိကန်နိုင်ငံရဲ့ တည်ငြိမ်မှု ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေရဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်နေတယ်။ ကျွန်တော်တို့ ခင်ဗျားကို ချမ်းသာစေချင်တယ်။ အကြောင်းရင်းကတော့ ခင်ဗျားကို ပြဿနာရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ်မကျန်ခဲ့စေချင်ပဲ အဖြေတစ်ခုရဲ့ အစိတ်အပိုင်းအဖြစ်ပါဝင်စေဖို့ပါပဲ"

Donald Trump & Robert Kiyosaki

ရောဘတ်ကီယိုဆာကီ
-------------------------
Network Marketing အကြောင်းကို ပထမဆုံးအကြိမ် ကြားရတုန်းက ကျွန်တော် သဘောမကျခဲ့တာတော့ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော့်စိတ်ကိုဖွင့်ပြီး သေချာလေ့လာတော့မှ ဒီစနစ်ရဲ့ အားသာချက်အများကြီးကို တွေ့မြင်လာရတယ်။ လူတယောက်အောင်မြင်ဖို့ အတွက် အရည်အချင်း၊ ဘ၀အတွေ့အကြုံနဲ့ အကျင့်စာရိတ္တက အရမ်းအရေးကြီးပါတယ်။ အောင်မြင်တဲ့ Network Marketing ကုမ္ပဏီ တော်တော်များများက လူတွေရဲ့အရည်အသွေးကို တိုးတက်လာအောင် ပံ့ပိုးပေးနိုင်တယ်။

ကျောင်းအများစုက လူတွေကို E အကွက်နဲ့ S အကွက်အတွက်ပဲ သင်ကြားပေးတယ်။ တကယ်မို့ အဲ့ဒီအကွက်မှာပဲ တစ်သက်လုံးနေချင်တယ်ဆိုရင်တော့ ကျောင်းကသင်ပေးတဲ့ သင်ခန်းစာက အကောင်းဆုံးပါပဲ။ MBA ဘွဲ့က E အကွက်ထဲက လစာကောင်းတဲ့ ၀န်ထမ်းနေရာ ရရှိဖို့ သင်ကြားပေးနိုင်ပါတယ်။ B အကွက်အတွက်တော့ မဟုတ်ပါဘူး။

အကယ်၍များ E အကွက်နဲ့ S အကွက်ကနေ B အကွက်ကို ပြောင်းချင်ရင်တော့ အောင်မြင်နေတဲ့ Network Marketing ကုမ္ပဏီတွေက ခင်ဗျားရဲ့ အရည်အချင်းနဲ့ စိတ်နေသဘောထားတွေကို တိုးတက်ပြောင်းလဲအောင် ကူညီပေးနိုင်ပါတယ်။

B အကွက် စီးပွါးရေးလုပ်ငန်းရှင် တယောက်ဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါကြောင့်မို့ပဲ "လွယ်နေရင် လူတိုင်းလုပ်ကုန်ကြမှာပေါ့" လို့ ပြောကြတာပေါ့။ E အကွက်နဲ့ S အကွက်မှာ B အကွက်ထက် လူပိုများနေတာက သူတို့တွေ B အကွက်ရဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်းနိုင်ကြလို့ပါ။

ကျွန်တော်ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် မယုံကြည်တဲ့ သံသယစိတ်တွေ အရှက်တရားတွေနဲ့ အကြောက်တရားတွေကို ဘယ်လိုကျော်လွှားရမလဲ အရှုံးတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲ အောင်မြင်မှုရဖို့ ဘယ်လိုခရီးဆက်ရမလဲ စတာတွေကို လေ့လာသင်ယူခဲ့ပြီးမှ အောင်မြင်တဲ့ စွန့်ဦးတီထွင်သူ တစ်ယောက် ဖြစ်လာတာပါ။ ဒါကြောင့် Network Marketing ပဲဖြစ်ဖြစ် ကိုယ်ပိုင်စီးပွါးရေးပဲဖြစ်ဖြစ် စွန့်ဦးတီထွင်ပဲဖြစ်ဖြစ် အဲဒီအချက်က အခြေခံကျတဲ့ အောင်မြင်မှုကိုပို့ဆောင်ပေးတဲ့ အချက်ပဲဖြစ်တယ်။

B အကွက်ထဲမှာ အောင်မြင်ဖို့ နောက်ထပ် အရေးအကြီးဆုံး အချက်က ခေါင်းဆောင်မှု စွမ်းရည်ပဲဖြစ်တယ်။ သင်ကိုယ်တိုင် သင့် ကိုယ်ပိုင် အကြောက်တရားကို ကျော်လွှားနိုင်လား။ အလုပ်ပြီးမြောက်စေဖို့ အခြားသူတွေရဲ့ အကြောက်တရားကို ကျော်လွှားအောင် လုပ်ပေးနိုင်လား။

S နဲ့ E အကွက်ထဲက လူတော်တော်များများ ကျွန်တော်တွေ့ဖူးတယ်။ စပါယ်ရှယ်လစ်တွေ လုပ်ငန်းငယ်တစ်ခုကို ဦးဆောင်နေတဲ့သူတွေ စသဖြင့်ပေါ့ သူတို့တွေ သူတို့လုပ်ငန်းကို တိုးချဲ့လိုကြတယ်။ ဒါပေမယ့် သူတို့မှာခေါင်းဆောင်မှု အရည်အသွေး မရှိကြဘူး။ သူတို့ ၀န်ထမ်းတွေကို တိုးတက်ချင်စိတ် ရှိလာအောင် ကြိုးစားချင်စိတ်ရှိလာအောင် မစွမ်းဆောင်နိုင်ကြဘူး။ ဒါကြောင့် သူတို့ လုပ်ငန်းကလည်း အရမ်းကြီး တိုးတက်မလာဘူး။

ဒါကြောင့် B အကွက်ထဲ သွားချင်ရင်တော့ "ငါ့မှာအဲဒါတွေအဆင်သင့်ရှိပြီလား၊ ခုအဆင်ပြေနေတဲ့ နေရာလေးကိုထားခဲ့ပြီးသွားဖို့ ဆန္ဒရှိပြီလား၊ ခေါင်းဆောင်လုပ်ဖို့ ဆန္ဒရှိပြီလား၊ ခေါင်းဆောင်လုပ်နိုင်ဖို့အတွက် သင်ယူဖို့ ဆန္ဒရှိပြီလား၊ ငါ့ကိုယ်ထဲမှာရှိတဲ့ အရမ်းချမ်းသာတဲ့ ပုဂ္ဂိုလ်ဟာ အပြင်ကိုထွက်လာဖို့ အဆင်သင့်ဖြစ်ပြီလား" စတဲ့မေးခွန်းတွေ ကိုယ့်ဘာသာကိုယ်မေးကြည့်ပါ။ အကယ်၍ အဆင်သင့်ဖြစ်ပြီ ဆိုရင်တော့ သင်သွားရမယ့် သင်တန်းကျောင်းကတော့ လက်ရှိအောင်မြင်နေတဲ့ Network Marketing ကုမ္ပဏီကိုပဲဖြစ်တယ်။

ဒေါ်နယ်ထရမ့်
-----------------
ရောဘတ်လိုပဲ အစပိုင်းမှာ Network Marketing အကြောင်း ကျွန်တော် သိပ်နားမလည်ခဲ့ဘူး။ ဒါပေမယ့် အလျှင်မြန်ဆုံးနှုန်းနဲ့ တိုးတက်လာတဲ့ စီးပွါးရေးပုံစံ တစ်ခုဖြစ်ကြောင်း သူငယ်ချင်းတစ်ယောက်က ပြောလာချိန်မှာ ကိုယ့်စိတ်တံခါးကိုဖွင့်ပြီး သေချာလေ့လာကြည့်ခဲ့တယ်။ အရမ်း အံ့သြစရာကောင်းတာတွေ ဒီစနစ်ထဲမှာ တွေ့ခဲ့ရတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းကလည်း စီးပွါးရေးလုပ်ငန်းရှင် တော်တော်များများက Franchising ဖရန်ချိုင်း စနစ်ကို ကန့်ကွက်ခဲ့ကြတယ်။ နောက်ပိုင်း ဖရန်ချိုင်း စနစ်ရဲ့ အောင်မြင်လာမှုကို လူတွေ မေးခွန်းထုတ်လာရတယ်။ ခုဆိုရင် ကမ္ဘာပေါ်မှာ မက်ဒေါ်နယ်ကို မသိသူမရှိသလောက် ဖြစ်လာတယ်။ ခုလည်းပဲ Network Marketing စနစ်က တစ်ချိန်က ဖရန်ချိုင်းစနစ် ဆန့်ကျင်ခံရသလို အတွေ့အကြုံမျိုး ခံနေရတယ်။

ဒါပေမယ့်လည်း လက်ရှိအခြေအနေကို သေချာလေ့လာကြည့်မယ်ဆိုရင် Forbes ရဲ့ ပင်မကုမ္ပဏီကြီး ၅၀၀ စာရင်းဝင် ကုမ္ပဏီတွေဟာ ကွန်ယက်ဈေးကွက်ဖြန့်ကျက်မှုကို သူတို့ရဲ့ စီးပွါးရေး လုပ်ငန်းတွေမှာ အစိတ်အပိုင်း တစ်ခုအနေနဲ့ အသုံးပြုလာတာ အံ့သြစရာ တွေ့နေရတယ်။ ဒီနေ့ခေတ် ဘဏ်တွေ ဆက်သွယ်ရေးကုမ္ပဏီတွေ အိမ်ခြံမြေပွဲစား အကြွေးဝယ်ကဒ်နဲ့ လူသုံးကုန်လုပ်ငန်းကြီးတွေမှာ လူတစ်ဦးကနေတစ်ဦးဆီကို ဈေးကွက်ဖြန့်ပြီး ဖြန့်ချိတဲ့ စနစ်ကို ပုံစံသစ်တစ်ခုအဖြစ် လက်ခံ သုံးစွဲလာကြတယ်။ ဒါကြောင့် ကျွန်တော် တိုက်တွန်းချင်တာက ပိတ်လှောင်နေတဲ့ ကိုယ့်ရဲ့မကောင်းမြင်စိတ်ကိုဖွင့်ပြီး သေချာလေ့လာပါလို့။ ပြီးတော့ ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းတစ်ခု ထူထောင်ချင်ရင် Network Marketing က ခင်ဗျားအတွက် အသင့်တော်ဆုံး ဆိုတာ အကြံပေးချင်တယ်။

ရောဘတ်သတိပေးသလိုပါပဲ Network Marketing လုပ်ငန်းကို လုပ်မယ်ဆိုရင် အဆင်ပြေတယ်လို့ထင်နေတဲ့ လက်ရှိဘဝလေးကို စွန့်လွှတ်ရဲဖို့ လိုပါတယ်။ အောင်မြင်ဖို့အတွက် ခေါင်းဆောင်မှုစွမ်းရည် လိုအပ်တယ်ဆိုတာ ကျွန်တော် အပြည့်အဝထောက်ခံတယ်။ သင့်ကိုယ်သင် တာဝန်အပြည့်ယူဖို့လိုသလို အပြည့်အ၀ သင်ယူလေ့လာဖို့လည်းလိုတယ်။ နောက်မဆုတ်တမ်း အောင်မြင်အောင် ကြိုးစားမယ်ဆိုတဲ့ ပြင်းပြတဲ့ ဆန္ဒလည်းရှိဖို့လိုပါတယ်။

Network Marketing လုပ်ငန်းနဲ့ပတ်သက်ပြီး အနှစ်ချုပ်ပေးရမယ်ဆိုရင် ကိုယ်တိုင်သုတေသနလုပ်ပြီး ကိုယ်လုပ်ကိုင်မယ့် ထုတ်ကုန်အပေါ် စိတ်နှစ်ပြီး အစွမ်းကုန်ကြိုးစားလိုက်စမ်းပါ။ ရိုးသားတဲ့ စိတ်အားထက်သန်မှုဆိုတာ အရှုံးနဲ့ ရင်ဆိုင်ရခဲပါတယ်။ ထူးခြားမှုတွေ တွေ့လာရပါလိမ့်မယ်။

Why We Want You To Be RICH

#ကိုလတ်

ယနေ့ လူငယ်များအတွက် ဖတ်စေချင်---------------------------အသုံးမကျတဲ့လူ မဖြစ်စေနဲ့။---------------------အသက် ၃၅ နှစ် ပြည့်...
24/10/2021

ယနေ့ လူငယ်များအတွက် ဖတ်စေချင်
---------------------------

အသုံးမကျတဲ့လူ မဖြစ်စေနဲ့။
---------------------

အသက် ၃၅ နှစ် ပြည့်တဲ့အချိန်ထိ ခင်ဗျားဟာ တီဗီလေး ကက်ဆက်လေး တစ်လုံးတောင် မပိုင်သေး တဲ့အခါ ဘယ်သူမှ ခင်ဗျားကို သနားနေလိမ့်မယ် မထင်နဲ့။

ဈေးကွက်ထဲ ယှဉ်ပြိုင်မှုကြောင့် ခင်ဗျား ကျရှုံးခဲ့တဲ့ အခါမှာလည်း ဘယ်ပြိုင်ဘက်ကမှ ခင်ဗျားကို ကိုယ်ချင်းစာတယ် ဆိုပြီးတော့ ရှော်ပေးလိမ့်မယ် မထင်နဲ့။ ကလေးကွက်နင်းနေတဲ့လူ စီးပွားရေး လောကမှာ တစ်ယောက်မှ မပါဘူး။

ကိုယ့်ချစ်သူက ပိုက်ဆံမရှိလို့ လမ်းခွဲသွားတဲ့အခါရော။ ဘယ်သူကမှ ခင်ဗျားကို စာနာလို့ ဆိုပြီးတော့ ကြယ်ငါးပွင့် ဟော်တယ်မှာ မင်္ဂလာဆောင်ပေးမယ် မထင်နဲ့။

မိဘတွေကို ဆေးရုံဆေးခန်း ကောင်းကောင်းမှာ ဆေးကုချင်တယ်။ ဘယ်သူကမှ ခင်ဗျားကို ချစ်လို့ ဆိုပြီးတော့ ခင်ဗျားမိဘကို အကောင်းစား ဆေးရုံ ပို့ပေးမယ် မထင်နဲ့။

မိသားစု ဆင်းရဲလို့ မချမ်းသာလာတာပေါ့။ ဟုတ်သလား။ အသိပညာ မဆင်းရဲ စမ်းပါနဲ့။ ဆင်ခြေတွေ အလီလီပေးနိုင်တဲ့ အတွက် ဘယ်သူကများ တော်လွန်းလို့ ဆိုပြီးတော့ ပိုက်ဆံလာပေးတုန်း။ မပေးဘူးနော်။

ကိုယ်လုပ်တဲ့အလုပ်ရဲ့ ရလဒ်ကို ကြိုမမြင်နိုင်တဲ့လူ ဆင်းရဲမှာပဲ။

ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ လျှောက်ရဲတဲ့ သတ္တိ မရှိတဲ့လူ ဆင်းရဲမှာပဲ။

စွန့်စားရမှာကို ကြောက်နေတဲ့ လူဟာ ဆင်းရဲမှာပဲ။

ချမ်းသာချင်စိတ် မပြင်းပြတဲ့လူဟာ ဆင်းရဲမှာပဲ။

အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့လူဟာ နိမ့်ကျမှုတွေ အားလုံးကို ဂရုမစိုက်နိုင် တော့ ဘူး။ ပျောက်သွားတယ်။ ချမ်းသာဖို့ ဆိုရင် ၁၀၀% အပြည့် ကိုယ့် ခွန်အားကို ထုတ်သုံးဖို့ အဆင်သင့် ဖြစ်နေကြတဲ့ လူတွေ ဖြစ်တယ်။

အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့လူဟာ ဘာကြီးပဲ ဖြစ်နေနေ အသစ်တွေ သင်ယူဖို့ကို ဆာလောင်မွတ်သိပ်လာတယ်။ အမြဲတစေ ကိုယ့်အနေနဲ့ အဘက်ဘက်က ပြီးပြည့်စုံဖို့အတွက် တိုက်ချွတ် လေ့လာ နေလေ့ ရှိတယ်။
အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့လူဟာ ကျရှုံးခဲ့ရင်တောင် အဲဒီကျရှုံးမှုကို ဘေးဖယ် ထုတ်ပြီး ဘယ်သူမှ စိတ်မကူးရဲတဲ့ အားထုတ်ခြင်း အသစ်တစ်ခုနဲ့ ဖြစ်စဉ်ကို ချက်ချင်း ပြောင်းပြန်လှန် ပစ်ချင်သူတွေ ဖြစ်တယ်။

ဒါပဲ။ ဒီတော့ ခင်ဗျား စဉ်းစားတော့။ ဆင်ခြေတွေ ဘေးဖယ် ထားလိုက်စမ်းပါဗျာ။ ခင်ဗျား ရှေ့ဆက် ရမယ့် လမ်းက နှစ်လမ်းပဲ ရှိတယ်။ ငွေပုံရှိရာ လမ်းရယ် အိမ် အပြန် လမ်းရယ်။ နှစ်ခု ထဲက တစ်ခုကို ရွေးရလိမ့်မယ်။ ရပ်မနေနဲ့နော်။ ခင်ဗျား အသုံးမကျတဲ့လူ ဖြစ်သွားလိမ့်မယ်။

Photo

ที่อยู่

Mae Sot
63110

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ အချိန်ပိုင်းကိုယ်ပိုင်စီးပွားရေး SCM โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์