ဓမ္မရိပ်မြုံ-Dhamma Shelter

เส้นทาง

ဓမ္မရိပ်မြုံ-Dhamma Shelter သမ္မာမဂ္ဂံ ဂဝေသထ
(Sammāmaggaṃ gavesatha)

နေ့စဉ် နံနက် (၇:၀၀) နာရီတိုင်း ဓမ္မအသိ၊ တရားတော်များကို ဓမ္မဒါနအဖြစ် မျှဝေကုသိုလ်ယူပါသည် 🙏

11/10/2026

စေတနာဆိုးက ပြန်ပေးတဲ့ အလျော်အစား 🙏

#တရားတော်
゚viralシ ゚ ゚viralシfypシ゚viralシalシ ゚viralシfypシ゚

10/10/2026

ဆွမ်းတော်တင်ခြင်း ကုသိုလ်ကြောင့် ရွှေအိုးရသွားတဲ့ မော်လမြိုင်က ဘုန်းကြီးလူထွက် 🙏

#တရားတော်
゚viralシ ゚ ゚viralシfypシ゚viralシalシ ゚viralシfypシ゚

09/10/2026

ကမ္ဘာပျက်သည့်တိုင် မပျက်စီးနိုင်သော (ငုံး၊ အိမ်၊ ကျူ၊ လ) ဖြစ်ပေါ်လာပုံနှင့် အာသီသအဓိဋ္ဌာန် 🙏

#တရားတော်
゚viralシ ゚ ゚viralシfypシ゚viralシalシ ゚viralシfypシ゚

🍁လျှော့နိုင်ရင် ချမ်းသာတယ်🍁ဘဝမှာပိုရဖို့ထက် လျှော့တတ်ဖို့ကတစ်ခါတလေ ပိုအရေးကြီးပါတယ်။အစားကို လျှော့နိုင်ရင် —ကိုယ်ခန္ဓာ ပ...
07/10/2026

🍁လျှော့နိုင်ရင် ချမ်းသာတယ်🍁

ဘဝမှာ
ပိုရဖို့ထက် လျှော့တတ်ဖို့က
တစ်ခါတလေ ပိုအရေးကြီးပါတယ်။

အစားကို လျှော့နိုင်ရင် —
ကိုယ်ခန္ဓာ ပေါ့ပါးတယ်။

အပြောကို လျှော့နိုင်ရင် —
စကားမှားမှုနဲ့ ပဋိပက္ခ နည်းလာတယ်။

အပျော်အပါးကို လျှော့နိုင်ရင် —
အချိန်ကို တန်ဖိုးထားတတ်လာတယ်။

လိုချင်မှုကို လျှော့နိုင်ရင် —
ရှိတာလေးနဲ့ ရောင့်ရဲတတ်လာတယ်။

သံသယကို လျှော့နိုင်ရင်
စိတ်ပူပန်မှုတွေ ငြိမ်သက်လာတယ်။

မခံချင်စိတ်ကို လျှော့နိုင်ရင်
စကားတစ်ခွန်းကြောင့်
ခိုက်ရန် ( အမုန်းပွါးမှု) မဖြစ်တော့ဘူး။

ဒါပေမယ့်
အလျှော့သင့်ဆုံးကတော့—

“ငါ” ဆိုတဲ့ အတ္တ၊
“ငါ့ဟာ” ဆိုတဲ့ စွဲလမ်းမှုပါ။

“ငါသာမှန်တယ်” ဆိုတာကို
လျှော့ချနိုင်ရင် အခြားသူရဲ့အမြင်ကို
နားထောင်တတ်လာတယ်။

“ငါ့အတွက် ဖြစ်ရမယ်” ဆိုတာကို
လျှော့နိုင်ရင် မရရှိခြင်းကိုလည်း
လက်ခံတတ်လာတယ်။

“မဆုံးရှုံးချင်ဘူး” ဆိုတဲ့ စွဲလမ်းမှုကို
လျှော့နိုင်ရင် ဆုံးရှုံးခြင်းကိုလည်း
ငြိမ်းငြိမ်းချမ်းချမ်း ရင်ဆိုင်တတ်လာတယ်။

ဒါကြောင့်
လျှော့ခြင်းဆိုတာ
ဆင်းရဲသွားခြင်း မဟုတ်ပါဘူး။

မလိုအပ်တာတွေကို လျှော့လိုက်ခြင်းက
လိုအပ်တာတွေကို ပိုမြင်လာစေတယ်။

ပိုင်ဆိုင်လိုစိတ်ကို လျှော့လိုက်ခြင်းက
လွတ်လပ်မှုကို ပိုခံစားရစေတယ်။

တွယ်တာမှုကို လျှော့လိုက်ခြင်းက
ဆုံးရှုံးရမှာကို ကြောက်တဲ့စိတ်ကို လျော့စေတယ်။

အတ္တကို လျှော့လိုက်ခြင်းက
လူတွေနဲ့ ပိုပြီး အေးချမ်းစွာ
နေတတ်လာစေတယ်။

ဘာကြောင့်လဲဆိုတော့—

လိုအပ်ချက်များရင်
ရဖို့အတွက် ပြေးရတယ်။

ရလာရင်
မဆုံးရှုံးဖို့ စိုးရိမ်ရတယ်။

ဆုံးရှုံးသွားရင်
ပြန်ရဖို့ ထပ်ပြီး ပူပန်ရတယ်။

ဒီလိုနဲ့
ရရှိခြင်းကပဲ ချမ်းသာမှုမဟုတ်တော့ဘဲ
စိတ်ကို ပိုလေးလံစေတဲ့ အကြောင်းတရား ဖြစ်လာတတ်ပါတယ်။

🌼ဒါကြောင့်
သံသရာကို ချက်ချင်းအဆုံးသတ်နိုင်ဖို့ မလွယ်ကူသေးရင်တောင်—

ဒီနေ့မှာ
လောဘကို နည်းနည်းလျှော့ပါ။
ဒေါသကို နည်းနည်းလျှော့ပါ။
မောဟကို နည်းနည်းလျှော့ပါ။
တွယ်တာမှုကို နည်းနည်းလျှော့ပါ။

နေ့တိုင်း နည်းနည်းစီ လျှော့လာနိုင်ရင်
တစ်နေ့မှာ ကိုယ့်စိတ်ပေါ့ပါးလာတာကို
ကိုယ်တိုင် သိလာပါလိမ့်မယ်။

ဘဝမှာ ပိုရဖို့ထက်
တစ်ခါတလေ လွှတ်ချတတ်ဖို့က ပိုအရေးကြီးပါတယ်။

အရာအားလုံးကို ဆုပ်ကိုင်ထားနိုင်မှ
ဘဝပြည့်စုံတာ မဟုတ်ပါဘူး။

တချို့အရာတွေကို လွှတ်ချနိုင်တဲ့အခါမှ
ကိုယ့်စိတ်က တကယ်ပေါ့ပါးလာတာပါ။

ဘဝဆိုတာ
အရာအားလုံးကို စုဆောင်းထားဖို့ မဟုတ်ပါဘူး။

တစ်ချိန်ချိန်မှာ
မလိုအပ်တော့တဲ့အရာတွေကို
လွှတ်ချတတ်ဖို့လည်း သင်ယူရပါတယ်။

လွှတ်ချခြင်းဆိုတာ
ဆုံးရှုံးခြင်း မဟုတ်ပါဘူး။

ရင်ထဲက ဝန်ထုပ်ဝန်ပိုးကို လျှော့ခြင်း၊
အမုန်းနဲ့ အတ္တကို လွှတ်ခြင်း၊
နောက်ဆုံးမှာ—
သူတော်ကောင်းစိတ်ကိုပါရရှိခြင်းပါ။

🍀ဒါကြောင့်…

ပိုပိုင်ဆိုင်ဖို့ထက်
ပိုရောင့်ရဲတတ်အောင် ကြိုးစားပါ။

ပိုယူဖို့ထက်
ပိုလွှတ်တတ်အောင် သင်ယူပါ။

ပိုတင်းကျပ်စွာ ဆုပ်ကိုင်ထားဖို့ထက်
လိုအပ်တဲ့အခါ လွှတ်ပေးတတ်ပါစေ။

ရင်ထဲက အရာတွေ လျော့လာလေလေ
စိတ်က ပိုပေါ့လာမယ်။

စိတ်က ပိုပေါ့လာလေလေ
ဘဝက ပိုလွတ်လပ်လာမယ်။

သောတာပန်“သောတာပတ္တိမဂ်”ကို ရသောသူကို “သောတာပန်”ဟု ခေါ်သည်။ သောတာပန်သည် မိမိ၏ ကိုယ်တွင်းမှာ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာဟု ခေါ်...
07/10/2026

သောတာပန်

“သောတာပတ္တိမဂ်”ကို ရသောသူကို “သောတာပန်”ဟု ခေါ်သည်။ သောတာပန်သည် မိမိ၏ ကိုယ်တွင်းမှာ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာဟု ခေါ်သော ကိလေသာများကို အကြွင်းမဲ့ သုတ်သင်ရှင်းလင်းပစ်ပြီးပြီ။ ထို့ကြောင့် သောတာပန်မှာ ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါးအပေါ်တွင် သို့လော သို့လော တွေးတောယုံမှားမှုများ မရှိကြတော့ဘူး။

ထို့ပြင်လည်း သောတာပန်မှာ

၁။ သူ့အသက်ကို သတ်ချင်သောစိတ်၊

၂။ သူ့ဥစ္စာကို ခိုးချင်သောစိတ်၊

၃။ ကာမမှာ မှားယွင်းစွာ ကျင့်ချင်သောစိတ်

၄။ လိမ်ပြောချင်သောစိတ်၊

၅။ သေရည် သေရက်သောက်ချင်သောစိတ်တွေ အလျဉ်း မရှိတော့ဘူး။

သောတာပန်သည် ယခုကဲ့သို့ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး အပေါ်တွင် အကြွင်းမဲ့ ယုံကြည်မှုခေါ်သည့် သဒ္ဓါကြောင့်လည်းကောင်း၊ ကံငါးပါးကို ကျူးလွန်လိုသည့် စိတ်မျှပင်မရှိအောင် ကိလေသာများ ခေါင်းပါး သွားပြီဖြစ်သောကြောင့်လည်းကောင်း၊ ထိုသောတာပန်သည် သေသည့်အခါ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်၊ ငရဲဆိုသည့် အပါယ်လေးဘုံသို့ မကျ ရောက်ရတော့ဘူး။ သောတာပန်ဟာ သံသရာကြီးထဲမှာ အလွန်တကာ့ အလွန်ဆုံး ခုနစ်ဘဝပဲ ဖြစ်ရတော့မယ်။ နောက်ဆုံးဘဝမှာ ရဟန္တာဖြစ်ပြီး နိဗ္ဗာန်စံဝင်ရသည်။

သကဒါဂါမ်

“သကဒါဂါမိမဂ်”ကို ရသောသူကို “သကဒါဂါမ်”ဟု ခေါ်သည်။ သကဒါဂါမ်ဖြစ်လျှင် သောတာပန်တုန်းကထက် လောဘ၊ ဒေါသ၊ မောဟ ဆိုသော ကိလေသာများ ပို၍ ခေါင်းပါးသွားပြန်သည်။ ထိုသို့ ခေါင်းပါးမှု ကြောင့် သကဒါဂါမ်သည် လူ့ပြည်မှာ တစ်ကြိမ်သာ လူပြန်ဖြစ်ရမည်။ ထို ဘဝမှာပင် ရဟန္တာဖြစ်ပြီး နိဗ္ဗာန်စံဝင်ရသည်။

အနာဂါမ်

“အနာဂါမိမဂ်”ကို ရသောသူကို “အနာဂါမ်”ဟု ခေါ်သည်။ အနာဂါမ် မှာ ဗြဟ္မာဖြစ်ချင်သည့် တပ်မက်မှုမှတစ်ပါး အခြား တပ်မက်မှု မရှိတော့ဘူး။ ကာမရာဂစိတ်၊ ဒေါသစိတ်တွေလည်း မရှိတော့ဘူး။ ထို့ကြောင့် ထိုအနာဂါမ် သေလွန်သည့်အခါ ဗြဟ္မာဖြစ်ရမည်။ ၄င်းဗြဟ္မာအဖြစ်နှင့် ရဟန္တာဖြစ်ပြီး နိဗ္ဗာန် စံဝင်ရသည်။

ရဟန္တာ

“အရဟတ္တမဂ်”ရသောသူကို အရဟာ သို့မဟုတ် “ရဟန္တာ” ဟုခေါ် သည်။ ရဟန္တာတွင် ကိလေသာများအားလုံး ချုပ်ငြိမ်းကုန်ပြီ။ ထို့ကြောင့် ရဟန္တာ စုတေသည့်အခါ နိဗ္ဗာန် စံဝင်ရသည်။

06/10/2026

အပျိုကြီး သူခိုးဖမ်းနည်း 🙏

#တရားတော်
゚viralシ ゚ ゚viralシfypシ゚viralシalシ ゚viralシfypシ゚

05/10/2026

ဆွမ်းလှူဒါန်းခြင်း ကုသိုလ်ငါးမျိုး 🙏

#တရားတော်
゚viralシ ゚ ゚viralシfypシ゚viralシalシ ゚viralシfypシ゚

🪵🪵🪵🔥  #သစ်သားသုံးမျိုး_နှင့်_မီး_ဥပမာ------------------------------------------ #ကျမ်းကိုး   မဇ္ဈိမနိကာယ်၊ မဟာသစ္စကသုတ် ...
04/10/2026

🪵🪵🪵🔥 #သစ်သားသုံးမျိုး_နှင့်_မီး_ဥပမာ

------------------------------------------

#ကျမ်းကိုး

မဇ္ဈိမနိကာယ်၊ မဟာသစ္စကသုတ်

#မြတ်စွာဘုရားသည် အဂ္ဂိဝေဿနအား

မိမိဘုရားမဖြစ်မီက အမြင့်ဆုံး ငြိမ်းချမ်းသော

အခြေအနေကို ရှာဖွေရင်း

အားထုတ်ခဲ့သည့်အကြောင်းကို ဟောတော်မူရာ၌...

“ #အဂ္ဂိဝေဿန၊

ထိုအခါ ငါဘုရားထံ၌ ယခင်က မကြားဖူးသေးသော

ဥပမာသုံးမျိုးသည် အလိုအလျောက် ပေါ်လာ၏” ဟု

မိန့်တော်မူပါတယ်။

🪵။ #ရေထဲ၌ စိုစွတ်သော သစ်သား

---------------------------

ရေထဲ၌ စိုစွတ်၍

အနှစ်ရှိသော သစ်သားတစ်ချောင်း ရှိသည်ဆိုပါစို့။

လူတစ်ယောက်သည် ထိုသစ်သားကို မီးထွက်စေရန်

မီးဖိုချောင်းဖြင့် ပွတ်၏။

ထိုသို့ ပွတ်သော်လည်း ရေထဲ၌ရှိ၍

စိုစွတ်သော သစ်သားမှ မီးမထွက်နိုင်။

ထိုလူသည် နောက်ဆုံးတွင် ပင်ပန်းခြင်းနှင့်

စိတ်ပျက်ခြင်းကိုသာ ရရှိမည်။

ထိုနည်းတူ ကိုယ်နှင့်စိတ်ဖြင့်

ကာမဂုဏ်တို့မှ မခွာသေးသူ၊

အတွင်း၌ ကာမတပ်မက်မှု၊

ကာမဆန္ဒတို့ကို မပယ်ဖျောက်ရသေးသူသည်

အားထုတ်၍ ပြင်းထန်သော ဝေဒနာများကို

ခံစားရစေကာမူ ဉာဏ်အမြင်နှင့်

အမြတ်ဆုံးသော နိုးကြားခြင်းကို မရနိုင်။

🪵။ #ကုန်းပေါ်၌ရှိသော်လည်း စိုစွတ်သော သစ်သား

------------------------------------------

ရေနှင့်ဝေးသော ကုန်းပေါ်၌ စိုစွတ်၍ အနှစ်ရှိသေးသော

သစ်သားတစ်ချောင်း ရှိသည်ဆိုပါစို့။

ထိုသစ်သားကို မီးထွက်စေရန် မီးဖိုချောင်းဖြင့် ပွတ်၏။

#သို့သော်

သစ်သားသည် စိုစွတ်၍ အနှစ်ရှိနေသေးသဖြင့်

မီးမထွက်နိုင်။

ထိုလူသည်

ပင်ပန်းခြင်းနှင့် စိတ်ပျက်ခြင်းကိုသာ ရရှိမည်။

ထိုနည်းတူ ...

ကိုယ်အားဖြင့် ကာမဂုဏ်တို့မှ ခွာနေသော်လည်း

အတွင်းစိတ်၌ ကာမတပ်မက်မှုနှင့် ကာမဆန္ဒတို့ကို

မပယ်ဖျောက် ရသေးသူသည်လည်း

ဉာဏ်အမြင်နှင့် အမြတ်ဆုံးသော နိုးကြားခြင်းကို

မရနိုင်။

🪵။ #ခြောက်သွေ့၍ အနှစ်မရှိသော သစ်သား

------------------------------------

ရေနှင့်ဝေးသော ကုန်းပေါ်၌ ခြောက်သွေ့၍

အနှစ်မရှိသော သစ်သားတစ်ချောင်း ရှိသည်ဆိုပါစို့။

ထိုသစ်သားကို မီးဖိုချောင်းဖြင့် ပွတ်လျှင်

မီးထွက်နိုင်၏။

ထိုနည်းတူ

ကိုယ်အားဖြင့်လည်း ကာမဂုဏ်တို့မှ ခွာ၍ နေပြီး၊

အတွင်းစိတ်၌လည်း ကာမတပ်မက်မှု၊

ကာမဆန္ဒတို့ကို အကြွင်းမဲ့ ပယ်ဖျောက်

ငြိမ်းအေးစေသူသည် အားထုတ်စဉ်

နာကျင်သော ဝေဒနာများကို ခံစားရသည်...ဖြစ်စေ၊

မခံစားရသည်...ဖြစ်စေ ဉာဏ်အမြင်နှင့်

အမြတ်ဆုံးသော နိုးကြားခြင်းကို ရနိုင်၏။

#အကြောင်း

-----------

ကိုယ်နှင့်စိတ် နှစ်ပါးစလုံး ကာမဂုဏ်မှ မခွာသေးခြင်း၊

ကိုယ်အားဖြင့်သာ ခွာပြီး စိတ်၌

ကာမဆန္ဒ မပယ်ဖျောက်ရသေးခြင်း၊

ကိုယ်စိတ်နှစ်ပါးစလုံး ကာမဂုဏ်မှ ခွာ၍

ကာမဆန္ဒကို ပယ်ဖျောက်ခြင်းဟူ၍

အခြေအနေသုံးမျိုး ရှိ၏။

#အကျိုး

--------

ပထမ နှစ်မျိုးသည်

မီးမထွက်နိုင်သော စိုစွတ်သောသစ်သားနှင့် တူ၍

ဉာဏ်အမြင်နှင့် အမြတ်ဆုံးသော နိုးကြားခြင်းကို

မရနိုင်။

တတိယအခြေအနေသည်

မီးထွက်နိုင်သော ခြောက်သွေ့သစ်သားနှင့် တူ၍

ဉာဏ်အမြင်နှင့် အမြတ်ဆုံးသော နိုးကြားခြင်းကို

ရနိုင်၏။

🔖 #သင်ခန်းစာ_နှင့်_ဆုံးမစာ🔖

------------------------

🎇 #အပြင်ပန်းသာ ခွာနေရုံနှင့် မလုံလောက်။

အတွင်းစိတ်၌ ကိလေသာကိုပါ ပယ်ဖျောက်ရမည်။

🎆 #သစ်သားခြောက်မှ မီးထွက်သကဲ့သို့

စိတ်ငြိမ်းမှ ဉာဏ်အလင်း ပေါ်ထွန်းနိုင်ပါသည်။🙏🏻

_______________________________________

🙏🏻"သဗ္ဗေ သတ္တာ သုခိတာ ဟောန္တု"🙏🏻

သတ္တဝါအားလုံး ကိုယ်စိတ်နှစ်ဖြာ

ကျန်းမာ ချမ်းသာကြပါစေ။

🙏🏻 ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏

ဓမ္မတရားတော်များကို ကိုးကားစုစည်းကာ

မျှဝေကုသိုလ်ပြု ပူဇော်ပါသည်။ 🙇🏻🙇🏻🙇🏻

===============

🙏🏽🙏🏽🙏🏽🙏🏽🙏🏽

03/10/2026

မီးမလောင်သော သန္ဓေသား ရှင်သံကိစ္စသာမဏေ ( အစဆုံး ) 🙏
#တရားတော်
゚viralシ ゚ ゚viralシfypシ゚viralシalシ ゚viralシfypシ゚

02/10/2026

ကုလားစိတ်ညစ်သွားတဲ့ တရားဟောဘုန်းကြီး ဟာသ . . .

🙏 တရားချစ်ခင်သူတော်စဥ် ဓမ္မမိတ်ဆွေအပေါင်းတို့လည်း နောက်ထပ်တရားတော်များကို ဆက်လက်ကြည့်ရှု နာယူနိုင်ရန် Like and follow လုပ်ပေးသွားကြပါဦးနော် 🙏

#တရားတော်
゚viralシ ゚ ゚viralシfypシ゚viralシalシ ゚viralシfypシ゚

ที่อยู่

Nonthaburi
11110

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ ဓမ္မရိပ်မြုံ-Dhamma Shelter โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์