Shwe Yi Kyaw Sayar Sai Nyi

Shwe Yi Kyaw Sayar Sai Nyi ပယောဂအတိုက်အခိုက်များစစ်ဆေးကုသပေး?

 #ဘိုးတော်ဟန် ၏  #တစ်ဆင့်ပညာ နှင့်  #နတ်ဘီလူးသူယောင် ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိစေ ဂိုဏ်းတော်ကြီး၏ ပညာခံယူပြီးသော်လည်း ...
26/02/2022

#ဘိုးတော်ဟန် ၏ #တစ်ဆင့်ပညာ နှင့် #နတ်ဘီလူးသူယောင်

ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိစေ ဂိုဏ်းတော်ကြီး၏ ပညာခံယူပြီးသော်လည်း ပညာယူခါစ ဆရာ/ဆရာမအသစ်များအနေဖြင့် ကာကွယ်ခြင်း ကုသခြင်း အတွက် အမိန့်အာဏာသုံးစကားလုံးများကို မပြောတတ်မဆိုတတ်သော အခက်ခဲများ တွေ့ကြုံရမြဲ ရှိတတ်ပါသည်။

ကျွန်ုပ်၏ တပည့်သစ်တချို့အား ပယောဂကို ဘာဖြစ်လို့ ကိုယ်တိုင်မကုတာလည်း မေးကြည့်ရာ
အဖြေက
ကိုယ့်ဆရာကို ကန်တော့ငွေ ရစေချင်လို့ ပြောပါတယ်။ဒါက ဟုတ်တော့ဟုတ်မယ် မမှန်သေးဘူး ထင်တယ်။⁉
ကိုယ်တိုင်အတွေ့ကြုံရအောင် ကိုယ်တိုင် ကုသပြီး ဆရာ့အတွက်ဆိုပြီး ကန်တော့ငွေ များများပိုတောင်းပြီး ဆရာထံ ပို့ပေးလည်းရတာပဲ😁။

အမှန်တကယ်က မိမိကုသရင် ဟုတ်မှ ဟုတ်ပါ့မလား၊ မှားမှာစိုးလို့ ၊ပယောဂကို မပြောရဲ မဆိုရဲတာ က အဓိကပါ။
ပယောဂဝေဒနာတွေကို ကုသထားပြီးမှာ နောက်တဖန် ထပ်မဝင်လာအောင် ပညာပေးခဲ့တဲ့ တပည့်တွေ ဆိုလည်း ပိုဆိုးတယ်။ စက်ဖြတ်ဘို့ သင်ပေးတာတောင် မလုပ်ဘူး၊ ဆရာပဲ အားကိုးနေချင်ကြတယ်။🗣

"ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိစေ ဂိုဏ်းတော်ဝင် အပေါင်းတို့သည် ယုံရမည်/ရဲရမည်။ မည်မျှပင် ထက်မြက်သော မိစ္ဆာဖြစ်စေ ငါခေါ်သော် စင်္ကြာဝဠာအပြင် ရောက်နေစေကာမူ လာရမည်။ ငါအမိန့်ပေးယုံမျှနှင့် နာခံကြစေရမည်။" ဟု ဂိုဏ်းတော်၏ ဆောင်ပုဒ်များ၊အဆိုအမိန့် များမှာရှိပါတယ်။

ဆရာတစ်ယောက် ဖြစ်ရေးအတွက် အဓိက ပွဲဦးထွက်က အရေးကြီးပါတယ်။နောက်ပိုင်းကြတော့လည်း ဆရာတို့ အမိန့်ပေးတိုင်ရနေတာတွေ ၊နိပ်စက်ယူတိုင်းဖြစ်နေတာတွေ ကြုံရတော့ ရိုးသွားလိမ့်မယ်။ ဖြစ်ဖူးများစွာ ပဒေသာ ဆိုတဲ့အတိုင်း ရင်မခုန်တော့ဘူး။ ငါဟုတ်မှ ဟုတ်ပါ့မလား ဆိုတဲ့ သံသယ စိတ်တွေ ပျောက်သွားလိမ့်မယ်။ ကိုယ့်တပည့်တွေကတောင် ငါတို့ဆရာက ပယောဂ ကို အရေကြိုသောက် တဲ့ဆရာလို့ ပြောလာလိမ့်မယ်။ အဲခါကြတော့ ဟင်းချို ချက် စရာမလိုတော့ဘူးပေါ့😁။

ရွှေရင်ကျော် ဂိုဏ်းတော်ချုပ် အဘ ဘိုးတော်ဟန်သည် ပယောဂ ပွဲဦးထွက်ကုသ ပွဲကို အသက် ၄၀ ခန့်မှာ စခဲ့တာ ဖြစ်ပါတယ်။ အခုပယောဂ ကို အောင်မြင်စွာကုသနေတဲ့ဆရာတွေ အသက် ၂၀ နဲ့ ၃၀ ကထဲက ကုသနေတာ တွေ သိရတော့ အရမ်းလေးစားပါတယ်၊၊
မကုသဖူးသေးတဲ့ ဆရာ/ဆရာမ အသစ်တွေ အနေနဲ့လည်း အားမငယ်ကြပါနဲ့ ပယောကုသတာ အရမ်းမခက်ခဲပါဘူး။သူ့အလိုလို့ ဉာဏ်စဉ်ပေါ်တဲ့အတိုင်း လိုက်ကုသွားရင်ရပါတယ်။ပယောဂ တစ်ပွဲ နဲ့တစ်ပွဲက ပုံသေ မတူပါဘူး ၊ပုံသေမှတ်ထားလို့မရပါဘူး ၊ဒါကြောင့် တွေကြုံတဲ့အခါ ကြမှ အခြေအရ ကြည့်ပြီး စိတ်ထဲ ပေါ်လာသလို ပြောလိုက် လုပ်လိုက်ရင်ဖြစ်တာပါပဲ လို့ပြောချင်ပါတယ်။ ကုထုံး အခြေခံလေးတွေတော့ မှတ်သင့်တာ မှတ် ၊ကျက်သင့်တဲ့ စာကျက်ထားရပါလိမ့်မယ်။စာအုပ်ထဲက အတိုင်း ဤသည်မရွေ့ ပြောရမှာမဟုတ်ပါဘူး၊မိမိ ပြောတတ်သလို ပြောမယ် သူတပါး နာလည်သဘောပေါက်မယ်ဆိုရင်ရပါတယ်။ကုထုံးပညာ အစပိုင်းလေ့လာစရာများကို နောက်ပြောပါဦးမယ်။

#အဘဘိုးတော်ဟန် ၏ #ပွဲဦးထွက်ကုသပွဲ (သို့မဟုတ်)
#တစ်ဆင့်ပညာနှင့်နတ်ဘီလူးသူယောင်

ဆရာကြီး ဦးဘိုးဟန်သည် ဆရာဦးရွှေဂုံထံမှ တစ်ဆင့် ပညာကိုရရှိထားသော်လည်း ဆေးကုမှု သတ္တဝါ ကယ်ဆယ်မှုတို့ကို မပြုလုပ်သေးပဲ မော်လမြိုင်ကျွန်း ကတို့ဆိပ်နှင့် မနီးမဝေးသော နေရာတွင် ဆေးလိပ်ခုံ ထောင်မြဲတိုင်း ထောင်၍နေ၏ တနေ့သောအခါ ကြိမ်လုံးဂိုဏ်းမှ ဆရာ ၃ဦးဝင်ရောက်လာပြီး အဘဘိုးတော်ဟန်၏ ဆေးလိပ်ခုံတွင် ခေတ္တနားနေသည်။ (ကြိမ်လုံးဂိုဏ်းဆိုတာကတော့ ပယောဂကုရင် ကြိမ်လုံးနဲ့ ရိုက်ကုတဲ့ ဂိုဏ်းဖြစ်လို့ ခေါ်ပုံရပါတယ်၊အခုလည်း အဲဒီ ကြိမ်လုံးဂိုဏ်းဝင်တွေ ရှိသေးတယ် ၊တွေ့ဘူးတယ်)

ကြိမ်လုံးဂိုဏ်းဆရာကြီးများ ဝင်နားပြီးတော့ "ငါတို့ ပယောဂ သူယောင်စွဲ သွားကု မလို့ မင်းကြည့်ချင်ရင် လိုက်ခဲ့ပါလား "ဟုပြော၍ ခေါ်ပါသည်။ ကျွန်ုပ်တို အဘ ဆရာကြီး ဘိုတော်ဟန်ကလည်း " ဒီလို ဆိုရင် လိုက်ခဲ့မည် " ပြောပြီး လိုက်ပါသွားပါသည်။

သူယောင်စွဲကို ကြိမ်လုံးဂိုဏ်းဆရာကြီး သုံးဦးက ကုသနေသည် ဖြစ်၍ အဘဆရာကြီးက ပွဲကြည့်ပရိတ်သတ် အနေဖြင့် ဘေးက ထိုင်ကြည့်နေခြင်းဖြစ်ပါသည်။ ထိုကုသပွဲတွင် ကုသရသည်မှာ အောက်လမ်းဆရာသေပြီးနောက် အယူလွဲကာ နတ်ဘီလူးသူယောင်ကြီး ဖြစ်နေလေ၏။၎င်းသူယောင်သည် (၃၇)မင်းနှင့် စုန်းမှန်သမျှ လက်ဝဲ ကိုးသိန်း၊လက်ျာ ကိုးသိန်း၊မိစ္ဆာနတ်အပေါင်းမှစ၍ ဖုတ်ကြီး ၄၄၊ကဝေ ၉၉ တို့ကို လူဆရာဘဝက ပင်လျှင် နိုင်လာခဲ့ပြီး သေသောအခါ နတ်ဘီလူးသူယောင် ဖြစ်နေလေ၏။

နတ်ဘီလူးသူယောင်ကြီးသည် #ဗြုန်း #ဒိုင်း နဲ့ဝင်ရောက်ပူးကပ်စဉ် မည်သို့ လုပ်လိုက်သည် မသိ ၊ဆရာ ၃ဦး၏ ဆေးလွယ်အိပ် ကွမ်းအစ် စသည်တို့ လွင့်စင်သွားကာ သူယောင်ကြီးသည် ထကြွ သောင်းကြမ်းလေတော့သည်။
ဆရာ ၃ဦးကလည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ် အဘဆရာကြီး ဘိုးတော်ဟန်က ပါးစပ်မှ ယောင်ရမ်းပြီး "ဟယ်...ချုပ်လိုက်ပါတော့လား "ဟု ပြောလိုက်မိလေသည်။ အဲဒီတော့မှ သူယောင်ကြီးမှာ ဂျွမ်းပြန်ကြသွားပြီး လက်ပြန်ကြိုး တုတ်ပြီးသားဖြစ်၍ ပုံလျှက်သား အခွေလိုက် ဖြစ်နေတော့သည်။

သို့သော်လည်းအဘဘိုးတော်ဟန်သည် မိမိယောင်ရမ်း ချုပ်ခိုင်းလို့ ချုပ်မိသည်သည်ဟု မထင်မှတ်ပဲ အိမ်သို့ ခေတ္တပြန်သွားခဲ့သည်။ထိုအခါ သူယောင်ကြီးက "ငါ့ကိုချုပ်ထားတာ ပြန်ဖြေပေး "ဟု ပြောသည်တွင် ကြိမ်လုံးဂိုဏ်းဆရာတို့က သူတို့အစွမ်းကြောင့် ထင်ပြီး " နင်သွားလိုရရင် သွားပါလား "ပြောကြရာ သူယောင်ကြီးက " မဟုတ်ဘူး မဟုတ်ဘူး ဒါဆရာတို့လုပ်ထားတာ မဟုတ်ဘူး ၊စောစောက ပြန်သွားတဲသူငယ်က ဆရာ ပါ၊ ငါ့ကိုချုပ်နှောင်ပြီး သူထားခဲ့တာ ၊အဲဒီ ဆရာကို ပြန်ခေါ်ပြီး အဖြေခိုင်ပေး" ဟု တောင်းပန်လေသည်။ အဲဒီအခါမှ ဆရာကြီး အဘ ဘိုးတော်ဟန်ကို ပင့်ဆောင် ကုသစေသည့်အတွက် အဘ ဘိုးတော်ဟန်လည်း ပထမဆုံး ပွဲဦးထွက်အနေဖြင့် ကုသ ကယ်ဆယ်လိုက်ရပေတော့သည်။

ဆရာကြီး ဦးဘိုးဟန် ခေါ် အဘ ဘိုတော်ဟန်သည် သူယောင်စွဲကနေ စတင်ပြီး ပွဲဦးထွက်ကုသ ပေးပြီးနောက် ဝေဒနာသည်များ မကြာခဏ ရောက်ရှိလာ၍ မနားမနေ ကုသ ကယ်တင် နေရပြီး အဘ ဆရာကြီးသည် မြစ်ဝ ကျွန်းပေါ် တလျှောက်လုံး နာမည် ဂုဏ်သတင်းမွှေး
ကြိုင်သင်း နေလေတော့ သတည်း ။ ။

crd..မင်းသစ္စာ
မူရင်းရေးသားသူအား လေးစားလျှက်ပါ

26/02/2022

ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိ စေဂိုဏ်းတော်မြတ်ကြီး

🍁🌾🌸လူနာကို ဘယ်လိုမိစ္ဆာက ပြုလုပ်
🍁🌾🌸နှောက်ယှက်ထားသလဲ အနံဖြင့် စွဲရင်း
🍁🌾🌸စွဲရှင်းကိုသိရအောင်တင်ပေးလိုက်ပါတယ်

🌾🍁အပုတ်နံ့ရလျှင် 🌸 သူရဲစွဲ

🌾🍁အညှီနံ့ရလျှင် 🌸 စုန်း

🌾🍁စိမ်းချွေချွေအနံ့ရလျှင် 🌸 အစိမ်း

🌾🍁ဆနွင်းနံ့ရလျှင် 🌸 မီးနေသည်အစိမ်း

🌾🍁အဂ်တေနံ့ရလျှင် 🌸ဘုရားနဲ့တိုက်တဲ့အတိုက်

🌾🍁အိုးမီးသင်းနံ့ရလျှင် 🌸 အင်းတိုက်

🌾🍁မြေ/ရွံ့နံ့ရလျှင် 🌸 မြေဖုတ်ဘီလူး

🌾🍁မစင်နံ့နံ၍ညှီလျှင် 🌸 ချေးစားစုန်း

🌾🍁ပန်းနံ့မွေး၍စိမ်းစော်နံ့ရလျှင် 🌸 ဥစ္စာစောင့်

🌾🍁ရေမွေးနံ့ရလျှင် 🌸 နတ်တိုက်

🌾🍁မှိုင်းခံစက္ကူမီးရှို့နံရလျှင် 🌸 ဆရာတိုက်

🌾🍁ကရမက်မွှေးနံ့ရလျှင်🌸 အမိဘက်ကရိုးရာ

🌾🍁နံ့သာဖြူမွှေးနံ့ရလျှင်🌸 အဖဘက်ကရိုးရာ

🌾🍁စကားဝါ/စိမ်း/ဖြူနံ့ရလျှင်🌸မြင်းဖြူရှင်

🌾🍁မျက်လုံးပြူးကြည့်၍ နာရောင်ကြာတုန်ကပ်
🍁🍁 လုပ်နေလျှင် 🌸 သူရောင်စွဲ

🌾🍁ရေမွှေးနံ့ရပြီးအရက်နံ့ နံနေလျှင်🌸မင်းလေး
🍁🍁မင်းကျော်

🌾🍁ကောက်ညှင်း ထန်းလျှက် လ္ဘက်အနံ့ရလျှင်
🍁🍁 ဦးရှင်ကြီး

🌾🍁ပေါင်ဒါ သနပ်ခါးနံ့ရလျှင်🌸မင်းမဟာဂီရိ

🌾🍁အဝတ်မီးလောင်နံ့ရလျှင် 🌸လူနာအဝတ်စ
🌸🌸 နှင့် နတ်စင်တိုက်

🌾🍁သွေးညှီနံ့ရလျှင်🌸ရာသီသွေးနှင့်နတ်စင်တိုက်

🌾🍁ဒေါနပန်း နှင့်ဆီပင်းနံ့ရလျှင်🌸ပုပ္ပါးမယ်တော်

🌾🍁ဘီစကွတ်မုန့် စီးကရက်နံ့ရလျှင်🌸 မနှဲလေး

😘မှတ်ချက်😘 အားလုံးသေချာသွားအောင်
😘😘ဘယ်ချေ ညာချေ နင်းခိုင်း၍စစ်ဆေးပါ

🌼🌸 ပညာတကယ်လေ့လာနေတဲ့
🌼🌸ညီကိုမောင်နှမများ သိရအောင်
🌼🌸 ဒီပို့စ်ကို ရှဲယ် ပေးလိုက်ကြပါ

💐🌷🌺 အားလုံးပဲ ပညာစခန်း
💐🌷🌺 ပွင့်လန်းနိုင်ကြပါစေ

#မူရင်းရေးသားသူအားလေးစားအပ်ပါသည်
အဖဆရာဦးအောင်ဟိန်း၏သားတပည့်
ဆရာစိုင်းညီ
0618605009

 #အိမ်ထောင်ရှင်တို့အတွက် #.............................." လင်၏ဝတ္တရား (၅)ပါး။" မယား၏ဝတ်တရာ (၅)ပါး။ဖတ်ကြည့်စီချင်ပါတယ်နော...
26/02/2022

#အိမ်ထောင်ရှင်တို့အတွက် #..............................

" လင်၏ဝတ္တရား (၅)ပါး။
" မယား၏ဝတ်တရာ (၅)ပါး။
ဖတ်ကြည့်စီချင်ပါတယ်နော်

" သူ့မိဘ ကိုယ့်မိဘရယ်လို့. မခွဲခြားပါနဲ့ သူ့မိဘဟာလည်း ကိုယ့်မိဘလို့ သဘောထားရပါမယ်။ ကိုယ့်မိဘလည်း သူ့မိဘ ဖြစ်ကြရမယ်။

" လင်ရင် မယားရယ်ဆိုပြီး ဖြစ်လာကြတဲ့အခါမှ ဝတ္တရားတွေ အသီးသီး ကိုယ်စီကိုယ်ငှ ရှိလာကြတယ်။ လင်ကလည်း (လင်၏ ဝတ္တရား ငါးပါး) ကျေပွန်ရမယ်။ မယားကလည်း (မယား၏ဝတ္တရား ငါးပါး) ကျေပွန်ကြရပါမယ်။

(လင်ဝတ္တရား ငါးပါးက)...............................

"မထေမဲ့ကင်း ၊ အပ်နှင်းဥစ္စာ ၊ မိစ္ဆာမမှား ၊ ဝတ်စားဆင်ယင် ၊ မြတ်နိုးကြင် ၊ ငါးအင်လင်ကျင့်ရာ" လို့ ဆိုတဲ့အတိုင်း....

၁။ မိမိချစ်လို့ ယူထားတဲ့ မယားကို ပေါက်လွှတ်ပဲစား မထားရဘူး။ ကြင်ကြင်နာနာ ရှိရပါမယ်။ ချစ်စ, ခင်စ, ကြင်နာစ ညားခါစမှတော့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည်ကာ မခွဲနိုင် မခွာရက် အရိပ်တကြာ့်ကြည့် နေတတ်ကြပါတယ်။ အချိန်ကာလ ကြာတော့ အချစ်ပြယ်ပြီး တစ်မျိုး တစ်ဖုံ ဖြစ်တတ်ကြတယ်။

၂။ အိမ်ထောင် ဦးစီးဖြစ်တဲ့ မိမိဟာ စီးပွါးရှာဖို့ တာဝန်ရှိတယ်။ တာဝန်ရှိသည့် အားလျော်စွာ ရရှိလာတဲ့ စည်းစိမ် ဥစ္စာကို မယားထံ အပ်နှံရမယ်။

၃။ မိမိဇနီးမယားမှတစ်ပါး တစ်ခြား အဆွယ်အပွား အမြှောင်မထားဘဲ သစ္စာရှိရပါမယ်။ ကာမေသုမိစ္ဆာရကံကို စောင့်ထိန်းရပါမယ်။

၄။ မိမိဇနီးမယား သွားရာလာရာ မျက်နှာမငယ် ရအောင် လူတန်းစေ့ ဝတ်နိုင်စားနိုင် နေနိုင်အောင် ကြိုးစားရပါမယ်။

၅။ သေတပန် သက်တစ်ဆုံး ရိုးမြေကျ သည့်တိုင်အောင် ချစ်ခြင် ကြင်နာစွာနဲ့ ပေါင်းသင်း သွားနိုင်အောင် ကြိုးစားကြရပါမယ်။
" သိင်္ဂါလောဝါဒ သုတ်မှာ မြတ်စွာ ဘုရားရှင် ကိုယ်တော်တိုင် ဟောထုတ်မိန့်ခြွေခဲ့တဲ့ ဒေသနာလာ စကားတွေပါပဲ။
" မြတ်စွာ ဘုရားသခင်ဟာ လောကုတ္တရာ ဓမ္မရေး ရာမာသာမက လောကရေးရာ လောကီကိစ္စ အဝဝကိုလည်း တစ်စမကျန် သဗ္ဗညုတ ရွှေဉာဏ်တော်မြတ်ဖြင့် ကြည့်မြင်ပြီး စေ့စေ့စပ်စပ် ဟေယကြတော် ဖူးခဲ့ပါတယ် ...။

(မယားဝတ်တရား ငါးပါးက)...............................

" အိမ်တွင်းမှုလုပ် ၊ သိမ်ထုပ်သေချာ ၊ မိစ္ဆာကြဉ်ရှောင် ၊ လျော်အောင်ဖြင့်ချိန် ၊ ပျင်းရိမမူ ၊ ဝတ်ငါးဆူ ၊ အိမ်သူကျင့်အပ်စွာ'' ဆိုပြီးတော့ မှတ်သားရ လွယ်ကူအောင်
" ကျနော်'' ဖော်ပြပါမယ်''

၁။ အချက် ၊ အပြုတ် ၊ အဖွတ် ၊ အလျှော် ၊ ဈေးသွား ၊ ဈေးဝယ် စတဲ့ အိမ်တွင်းမှုကိစ္စတွေဟာ အိမ်ရှင်မဖြစ်တဲ့ မယားရဲ့ ဝတ္တရားပါ။ လင်ယောက်ျားကို ဈေးဝယ်ဖို့ မခိုင်းပါနဲ့ ။ ကြည့်လို့ မကောင်းပါဘူး။

၂။ လင်ယောက်ျား အပ်နှံတဲ့ငွေကြေးစတဲ့ စီပွားဥစ္စာကို သိမ်းဆည်း ထားတတ်ရပါမယ်။ အပ်အမျှ အကုန် သုံးမပစ်ရပါဘူး။

၃။ မိစ္ဆာကြဉ်ရှောင် ဆိုတာကတော့ လင်ယောက်ျား များမှာ သာမက အိမ်ရှင်မများဘက်ကလည်း သစ္စာ ရှိဖို့လိုပါတယ်။ မိမိလင်သားမှတစ်ပါး။ တစ်ခြားယောက်ျားနှင့် အဆွယ်အပွား မထားရဘူး။ မဖောက်ပြန်ရပါဘူး။ ဒီခေတ်မှာ (ဒါ) သိပ်အရေးကြီးပါတယ်။ တချို့က ဒီကိစ္စကို အလေးနတ် မထားကြတော့ဘူး။ ခေတ်မီတယ် ခေတ်ဆန်းတယ် ထင်ပြီး ဖောက်ပြန်နေကြတာတွေ ကြားရသိရတယ်။ သတိထားကြပါ။

၄။ လျော်အောင်ဖြင့်ချိန် ဆိုတာကတော့... မိမိဝင်နဲ့ နိုင်သမျှ နည်းပါအောင် ချွေတာရမယ်။ နောက်ပြီးတော့ သူ့ဆွေမျိုး ၊ ကိုယ့်ဆီမျိုး ၊ သူ့ဧည့်သည် ၊ ကိုယ့်ဧည့်သည်ရယ်လို့ မရွေးချယ်ဘဲ သင့်လျော်အောင် စီမံတတ်ရမယ်။

၅။ ဝတ္တရားကတော့... မပျင်းရိရဘူးတဲ့၊ လင်ယောက်ျားကတော့ အပြင်ထွက်ပြီး ၊ စီးပွါးရှာ ၊ မယားလုပ်သူက အိမ်မှာ ဘာမှ ဘာအလုပ်မှ မလုပ် တစ်ဝတပြဲစားပြီး အိပ်နေရင်လည်း မဟန်သေးဘူးပေါ့ ၊ (မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုတဲ့)
စကားလို မယားကလည်း မပျင်းမရိဘဲ တာဝန်ရှိရှိ အလုပ်လုပ်ရပါမယ် ...။

" အဲဒီလို ဝတ္တရားတွေ ကျေပွန်ကြမယ်ဆိုရင် သေရင်တောင်မှ နတ်ရွာသုဂတိသို့ ရောက်ကြမယ်။ နောက်ဆုံး ပါရမီပြည့်လို့ နိဗ္ဗာန်ဝင်ကြသည်တိုင် ပါရမီဖြည့်ဖက် အဖြစ်နဲ့ အတူတကွ နိဗ္ဗာန်စံဝင်နိုင်တဲ့ အကြောင်းကို,
(ကျနော်ဆိုပြပါမယ်) လှည်းဘီးပြင်က ၊ နားစောင့်ချသို့ ၊ မိဘနှင့်သာ ၊ မယားနှင့်လင် ၊ အရှင်နှင့် ကျွန် ၊ ထေရ်မွန်ဒကာ၊ မိတ်သဟာတည့် ၊ ဆရာ တပည့် ၊ တည့်တည့်မချွတ် ၊ ကျင့်ဝတ်စုံလင် ၊ ဖြူသန့်စင်မူ ၊ ရှင်လည်းအတူ ၊ သေမူမကွာ ၊ နတ်ရွာလူ့ပြည့် ၊ လှည့်လည်အတူ ၊ စံစားမူ၍ ၊ နိဗ္ဗူရွှေပြည် ၊ ဝင်အံ့သည်တည့်''...။

"သို့ပါသောကြောင့်,''
(လင်ဝတ္တရား ငါးပါး... မယားဝတ္တရား ငါးပါး အကြောင်းကို) ကျနော် မေတ္တာ စေတနာနဲ့ မျှဝယ်လိုက်ပါသည် ခင်ဗျား,
★🌺★🌺★🌺★🌺★🌺★🌺★🌺★🌺★🌺★🌺★🌺 ★🌺


#မူရင်းရေးသားသူအားလေးစားလျှက်

"  ရွှေရင်ကျော်ပညာခံယူတော့မည်ဆိုလျှင် "ရွှေရင်ကျော်ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီးကို စိတ်ဝင်စားကြသော ( ဝါ ) ဂိုဏ်းတော်၏ ...
26/02/2022

" ရွှေရင်ကျော်ပညာခံယူတော့မည်ဆိုလျှင် "

ရွှေရင်ကျော်ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီးကို စိတ်ဝင်စားကြသော ( ဝါ ) ဂိုဏ်းတော်၏ ပညာခံယူလိုသူများ ဗဟုသုတအလှိ့ငှာ ဤ post ကို ရေးသားလိုက်ပါသည်။

ပညာမယူမှီ ရှေးဦးစွာ မိမိ၌ ပယောဂ ရှိ/မရှိအား ၊ ပညာပေးမည့် ဆရာနှင့် အသေအချာ စမ်းသပ်စစ်ဆေးရ၏။
ပယောဂ ရှိနေပါလျှင် စက်ကုန်စင်အောင် ရှင်းလင်းကုသပြီးမှသာ ပညာခံယူရမည် ဖြစ်၏။ ပယောဂ စက်မကုန်ပါလျှင်၊ ကြွင်းကျန်နေပါလျှင် ပညာယူသူ၌ ( ပယောဂ စက်/အတိုက် ) အုပ်မိ ချုပ်မိ ဖြစ်သွားတတ်၏။

ရွှေရင်ကျော်ဣစ ္ဆာသယမဟ်ိဒ္ဓိစေဂိုဏ်းတော်ကြီး၏ ပညာကိုခံယူ၍ ဝေနေယျသတ္တဝါတို့အား စုံးအတိုက်၊ အောက်လမ်းအတိုက်၊ ကဝေအတိုက်၊ ရွာသူအတိုက်၊ နတ်အတိုက်၊သရဲအတိုက်...အစရှိသော မိစ ္ဆာ အတိုက်မှန်သမျှအား ပျောက်ကင်းအောင် ကုသပေးနိုင်သော.. မြွေဆိပ်၊ကင်းဆိပ်၊ ခွေးရူးပြန် အဆိပ်၊ အစရှိသော အဆိပ်မှန်သမျှကို နိုင်နင်းစွာ ကုသပေးနိုင်သော ရွှေရင်ကျော်ဂိုဏ်းတော်ဝင် မှန်သမျှတို့သည် ပညာစယူသည့်အချိန်မှစ၍ သစ္စာ သုံးချက်ကိုစောင့်ထိမ်းကြရ၏ ။

သစ္စာသုံးချက်ဆိုရပုံမှာ ...
ကျွန်တော်/ကျွန်မသည် ... ယခု ရွေရင်ကျော်ပညာကို ယူသည့်အချိန်မှစ၍ .....
၁ ။ အရက်သေစာ ( ဘိန်း ၊ ကဇော်၊ လှော်စာ၊ အရက်၊ ဘီယာ ၊ ဝိုင် ၊ ထန်းရည်အခါး၊ ဓနိရည်၊ ဆေးခြောက် ၊ မူးယစ်စေတတ်သော ဆေးဝါးများ ) ကို ဆေးဖြစ်ဝါးဖြစ်မှလွဲ၍ သိလျက်ဖြင့် မသောက်မစားတော့ပါ ။ မသုံးစွဲတော့ပါ ။
၂ ။ အမဲသား ( ကျွဲသား ၊နွားသား ၊ နွားနောက်သား ) များကို သိလျက်ဖြင့် မစားတော့ပါ ။
၃ ။ ကာမပိုင်ရှိသော အခြားသူ၏ ယောင်္ကျား / မိန်းမကို သိလျက်ဖြင့် ကျူးလွန်ဖောက်ပြားခြင်း မပြုလုပ်တော့ပါ ။

ဤသစ္စာသုံးချက်မှ တစ်ချက်ချက်ကို ဖောက်ဖျက်ခဲ့သော် ရွှေရင်ကျော်သစ္စာ ပျယ်ပါစေသား ။
ဤသစ္စာသုံးချက်တည်ပါက တည်နေသမျှကာလပါတ်လုံး အောက်လမ်းမိစ ္ဆာ မှန်သမျှအား နိုင်နင်းစွာကုသနိုင်သော ၊ အဆိပ်ဟူသမျှအား ပျောက်ကင်းအောင်ကုသနိုင်သော စေပိုင် အာဏာပိုင် ဆရာကြီး / ဆရာမကြီး ဖြစ်ရပါစေသား ။

အထက်ဖေါ်ပြပါအတိုင်း ဘုရားနှင့် အဘဆရာတော်ကြီးများထံ၌ သစ္စာခံယူခြင်းပြုရသည်။
ထို့နောက် ဥပဇ္စျာယ် ဆရာဖြစ်သူထံမှ ဆေးထိုး ဆေးပေါက်ခြင်းကို ခံယူရ၏။ စမများ သောက်မြိုခြင်း ပြုရ၏။

သစ္စာပြုပုံနှင့်ပါတ်သက်၍ အနည်းငယ်ရှင်းပြလို၏။ သဘောထားကွဲလွဲသူများလည်း ရှိနိုင်ပါ၏ ။

မူလပထမ ၊ ဟို... ရှေးအရင်က အရက်သေစာ မသောက်စားတော့ပါဟု ဆိုခဲ့ကြ၏။
သို့သော် အချို့သော ဂိုဏ်းတော်ပညာခံယူထားသူ အချို့သည် သစ္စာဆိုထားတာ အရက်ပဲ ၊ ဘီယာမပါဘူးဟုဆိုကာ ဘီယာသောက်၏ ။ ဝိုင် ဆိုတာ အရက်မဟုတ်ဘူး ဆေးဖြစ်ဝါးဖြစ်ဟု ဇွတ်အတင်းယူဆလျက် သုံးဆောင်၏ ၊
မူးယစ်ဆေးဝါးဆေးပြားများကို ဆေးပဲကွာဟု သတ်မှတ်သုံးစွဲ၏။

သစ္စာကို လက်တစ်လုံးခြား လုပ်ကြခြင်းပင် ဖြစ်၏ ။ ရွှေရင်ကျော်ပညာဆိုသည်ကား ဗုဒ္ဓဘုရား ဟောကြားတော်မူသည့် တရားတော်များအား လိုက်နာကျင့်သုံးစေသော ဝိဇ္ဇာသူတော်စင်အစစ်တို့ တည်ထောင်ထားသော ဂိုဏ်းတော် ဖြစ်သည်။ မွန်မြတ်သော ပညာကို လက်တစ်လုံးခြား ညာ၍ မရပါ ။
သိလျက်နှင့် .... ဆိုသည့်စကား၏ အဓိပ္ပာယ်ကား ပညာခံယူထားသူသည် အရက်မူးယစ်ဆေးဝါးကို အမှန်တကယ် မသိ၍ သောက်မိခြင်း စားမိခြင်း ပြုမိခြင်းတို့ဖြစ်တတ်၍ ထည့်ဆိုရခြင်း ဖြစ်ပါ၏ ။

ဆေးဖြစ်ဝါးဖြစ်ဟု .... ဆိုရာ၌ အချို့သော တိုင်းရင်းဆေးဝါး အချို့သည် အရက်ဖြင့်တွဲ၍ သောက်သုံးရသည်များရှိလေသည်။ တောရှောက်မြစ်ကဲ့သို့သော လိမ်းဆေးအချို့သည် အရက်ဖြင့်ရော၍ ဖေါ်စပ်ရသည်။
မိမိရောဂါအတွက် မဖြစ်မနေ သုံးစွဲရမည်ဖြစ်သောကြောင့် သုံးစွဲရန် ဖြစ်လာသောကြောင့် ထည့်သွင်းရခြင်းဖြစ်ပါသည် ။

ပညာခံယူပြီးကာမှ ... ညပိုင်းလေး ရာသီဥတုအေးလိုက်တာ.. ဆေးဖြစ်ဝါးဖြစ်ပါလေ .. လာထား တစ်ပက်နှစ်ပက်လောက်.. ဟူ၍တော့ လက်တလုံးခြားလုပ်၍ မရပါ။

အချို့ ယုံကြည်ချက်ပြင်းထန်သူများသည် အရက်သေစာ မူးယစ်ဆေးဝါးမှန်သမျှကို ဆေးဖြစ်ဝါးဖြစ်တောင်မှ မသုံးစွဲပါဟု သစ္စာဆိုတတ်ကြပေသည်။ လေးစားမိပါ၏။

ရွှေရင်ကျော်ပညာယူပြီး သစ္စာပျက်လျင် ရူး တတ်သည်ဟူသော စကားကို ပြောတတ်သူများ ရပ်ထဲရွာထဲတွင် တွေ့ဖူးကြားဖူးကြပါလိမ့်မည်။

ရွှေရင်ကျော်ပညာယူပြီးမှ သစ္စာဖောက်ဖျက်မိလျင် ပညာပျယ်ပါသည်။ ပညာပျက်သည်ဟု ဆိုပါသည်။
သစ္စာသုံးချက်မှတစ်ချက်ချက်ဖောက်မိယုံဖြင့် လုံးဝ လုံးဝ မရူးပါ ။ ပညာပျယ် ( ဝါ ) ပညာပျက်ခြင်း ၊ တနည်းအားဖြင့် ရွှေရင်ကျော်ပညာမရှိတော့ခြင်းသာ ဖြစ်ပါမည်။ ရူးခြင်းမဖြစ်ပါ။

ရွှေရင်ကျော်ပညာခံယူပြီးမှ ရူးသွားသောသူ ရှိမည်ဆိုပါကလည်း ထိုသူသည် ရူးစေလောက်သော အခြားအကြောင်းတစ်ခုခုကြောင့်သာလျှင် ရူးသွားခြင်း ဖြစ်သည်။ သစ္စာသုံးချက်ဖောက်မိယုံမျှဖြင့်မရူးပါ ။

ရွှေရင်ကျော်ပညာသည် ခံယူပြီးသည့်နောက် သစ္စာသုံးချက်ကို စောင့်ထိမ်းလျက် ဗုဒ္ဓဘုရားဟောကြားတော်မူခဲ့သော ကမ္မဌာန်း ၄၀ အနက်မိမိနှစ်သက်ရာ ကမ္မဌာန်းကို စီးမြန်း၍ နိဗ္ဗာန်ရောက်ကြောင်း ကျင့်ကြံစေရန် ညွှန်ပြသည့် အရိယာဝိဇ္ဇာ သူတော်ကောင်းဂိုဏ်းစစ်စစ်ပင် ဖြစ်ပါ၏ ။

ရွှေရင်ကျော်ဂိုဏ်းတော်နှင့်ပါတ်သက်သမျှသော ပြုမူဆောင်ရွက်ရမည့် ကိစ္စမှန်သမျှတို့သည် ဗုဒ္ဓဘုရားရှင်၏ တရားတော်များနှင့် လုံးဝ မဆန့်ကျင်ပေ ။

ဗုဒ္ဓဘာသာခံယူထားသူများထဲ၌ပင် ဘုရားဟောနှင့် မကိုက်ညီသော လူဆိုး လူယုတ်အချို့ ရှိနေသည် မဟုတ်ပါလော။
ဤသို့ပင် ရွှေရင်ကျော်ပညာခံယူထားသူများထဲ၌လည်း မကောင်းသော လူဆိုးလူယုတ်အချို့ ရှိနေနိုင်သည်ကို လက်ခံပါ၏။

ဗုဒ္ဓဘာသာဝင်ဟု အမည်ခံလျက် ဗုဒ္ဓတရားတော်နှင့့်အညီ မနေသော ( ဝါ ) ဗုဒ္ဓဘာသာဝင်ဖြစ်လျက် ဗုဒ္ဓတရားတော်များကို ဆန့်ကျင်သူတစ်ယောက်၏ အပြစ်သည် ထိုသူနှင့်သာ သက်ဆိုင်ပြီး၊ အခြားသူတော်ကောင်းများနှင့် မသက်ဆိုင်ပေ။

ရွှေရင်ကျော်အမည်ခံလျက် အရက်သောက်သော လိမ်ညာသော လူမှူရေးကျင့်ဝတ်ဖောက်ပြန်သော
တစ်ဦးတစ်ယောက်၏ အပြစ်မကင်းသော လုပ်ဆောင်ချက်သည် ထိုသူနှင့်သာ သက်ဆိုင်ပေသည်။
ရွှေရင်ကျော်ပညာခံယူထားသော အခြားသူများနှင့် မသက်ဆိုင်ကြောင်း လေးလေးနက်နက်တင်ပြလိုပါသည်။

ရွှေရင်ကျော်ဣစ ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး သည် စင်္ကြာမင်းသား ( ခ ) အဘဘိုးတော်အေး ဟူသည့် သူတော်ကောင်း ဝိဇ္ဇာကြီးမှ စတင်ဆင်းသက်ကာ အဘဘိုးတော်ဟန် တည်ထောင်တော်မူခဲ့သော အထက်လမ်း ဂိုဏ်းတော်ဖြစ်သည်။

ရွှေရင်ကျော်ဆေးတော်သည် သာမာန်ဝိဇ္ဇာဓိုရ်တို့ မဖေါ်စပ်နိုင်သော ထူးခြားမွန်မြတ်၍ ရှားပါးသော သိဒ္ဓိဝင် ပစ္စည်းများဖြင့် သူတော်ကောင်း ဝိဇ္ဇာတို့ ဖေါ်စပ်ခဲ့သည့် ဆေးတော်ဖြစ်သည်။

ရွှေရင်ကျော်ပညာကိုခံယူပြီး သစ္စာသုံးချက်တည်မြဲနေသူအပေါင်းတို့သည် ...
အောက်လမ်းအတိုက်
ရွာသူအတိုက်
အပင်းအတိုက်
သရဲအတိုက်
အစိမ်းအတိုက်
နတ်အတိုက်
ဆရာအတိုက်
ရိုးရာအတိုက်
စုံးအတိုက်
ကဝေအတိုက်
အင်းအတိုက်
ကွင်းပိုင်အတိုက်
မြေဘုတ်ဘီလူးအတိုက်
ကတော်လေးပါးအတိုက်
ခြေရာကောက်စက်အတိုက်
အိမ်တိုက် မြေတိုက်
သိုက်စွဲ
သူယောင်စွဲ
ဥစ္စာစောင့်စွဲ.................
အစရှိသော အစွဲဟူသမျှ အတိုက်ဟူသမျှတို့အား " ဟဲ့ ... တစ်ခွန်းငေါက် ၊ တောက်တစ်ချက် ခေါက်ယုံမျှ " ဖြင့် ပူးဆိုပူး ကပ်ဆိုကပ် ဝင်ဆိုဝင် ထွက်ဆိုထွက် နိုင်နင်းစွာကုသနိုင်၏။
ကြိုးပိုင် ကြိမ်ပိုင် ဒုတ်ပိုင် ဓားပိုင် ၊ နဂါး ဂဠုန် ဂုမ္မာန် ရက္ခ ဂန္ဓဗ္ဗ အစထား၍ မြို့တော်ရှင် ရွာတော်ရှင် အတွင်းအပြင် ၃၇ မင်းနှင့်တို့အား မိစ ္ဆာ အောက်လမ်းတို့အား ကုသရာတွင် အဘဘိုးတော်များ၏ အမိန့်အာဏာဖြင့် လိုအပ်သလို ခိုင်းစေနိုင်သော ပညာဖြစ်၏ ။

မြွေဆိပ် ကင်းဆိပ် အစရှိသော အဆိပ်ဟူသမျှ အပင်းဟူသမျှတို့အား လက်ဖြင့်ရွယ်မိုးသပ်ချ၍သော် လည်းကောင်း ရေကိုလက်ဖြင့်မွှေ၍ တိုက်ခြင်းဖြင့်လည်းကောင်း ပျောက်ကင်းအောင် ကုသနိုင်သော အထက်လမ်းပညာဖြစ်ပါသည် ။

အကယ်၍ တစ်ဦးတစ်ယောက်သည် ရွှေရင်ကျော်ပညာကို စိတ်ဝင်စား၍ လေ့လာလိုသည် ဆိုငြားအံ့ ၊
ထို ပုဂ္ဂိုလ်သည် ဂိုဏ်းတော်အကြောင်းကို အဘဘိုးတော်ဟန်နှင့် အဖေကြီးဦးမြခင်တို့ ချမှတ်လမ်းညွှန်ခဲ့သည်များကို နည်းမှန် လမ်းမှန် စနစ်မှန်မှန် သိ၍ လိုက်နာသော ဆရာများထံသို့ သွားရောက်၍ လေ့လာနိုင်ပါစေ ... ။

အကယ်၍ တစ်ဦးတစ်ယောက်သည် ရွှေရင်ကျော် ပညာကို သစ္စာစောင့်ထိမ်း၍ ခံယူမည်ဆိုငြားအံ့ ၊
ထိုသူသည် အဘဘိုးတော်ဟန်နောက်ဆုံးဖေါ်စပ်ခဲ့သော ( တုခြင်း ၊ ပွားခြင်း ) မရှိသည့် ဆေးတော်အစစ် ဆေးတော်အမှန်ဖြင့် ပညာရပါစေ..... ။

အကယ်၍ ပါရမီရှင်တစ်ဦးသည် ရွှေရင်ကျော်ပညာကို ဆေးတော်အစစ်အမှန်ဖြင့် ခံယူခွင့်ရခဲ့မည် ဆိုငြားအံ့ ၊
ထိုပါရမီရှင်သည် ဂိုဏ်းတော်နှင့်ပါတ်သက်သော ပညာရပ်အားလုံးကို တပည့်များအား မချွင်းမချန် ဝေမျှပေးတတ်သော ၊ တပည့်သားသမီးကို ဘုန်းကြီးအောင် သွန်သင်ပေးနိုင်သော ဆရာဂုဏ် ဆရာအင်္ဂါရပ်နှင့် ပြည့်စုံသည့် ဆရာကောင်း ဆရာမြတ်တို့နှင့် တွေ့ဆုံကြပါစေ သတည်း ........ ။။

NetSay ( 1/11/2015 )

( Copy ယူကြသူများအနေဖြင့် ပို့စ်ပါ အကြောင်းအရာ မူရင်းစာသားများအား ပြုပြင်ခြင်း၊ လိုတိုးပိုလျော့ ပြုလုပ်ခြင်း၊ မူရင်းရေူသားသူ အမည်အား ဖျောက်ဖျက်၍ မိမိရေးသားသည့်နှယ် ဟန်ဆောင်၍ ခိုးကူးခြင်းများ မပြုလုပ်ကြပါရန်နှင့်၊ လူ့ဂုဏ်သိက္ခာနှင့်အညီ copy ယူကြပါရန် မေတ္တာရပ်ခံပါသည်။ 😍😍)

crd sayar NET SAY🙏

မူရင်းရေးသားသူအား လေးစားလျှက်ပါ

အဖဆရာဦးအောင်ဟိန်း၏သားတပည့်
ဆရာစိုင်းညီ
☎0618605009

ที่อยู่

Samut Sakhon
74000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Shwe Yi Kyaw Sayar Sai Nyiผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์