YU KHAY_Online Knowledge Business

YU KHAY_Online Knowledge Business Education consultant

💵  #ချွေးနဲ့_ရှာထားတဲ့ပိုက်ဆံ 💵အလွန် ချမ်းသာတဲ့ သူဌေးကြီးလင်မယားမှာ သားတစ်ယောက် ရှိတယ်။တစ်ဦးတည်းသောသားမို့ အဖေရော အမေပါ ...
22/08/2023

💵 #ချွေးနဲ့_ရှာထားတဲ့ပိုက်ဆံ 💵

အလွန် ချမ်းသာတဲ့
သူဌေးကြီးလင်မယားမှာ
သားတစ်ယောက် ရှိတယ်။

တစ်ဦးတည်းသောသားမို့
အဖေရော အမေပါ
အလိုလိုက် ထားတယ်။

ကလေးဟာ •••
ငယ်ငယ် ကတည်းက
အလိုလိုက် ခံထားရလို့
အိမ်မှာ ဘာအလုပ်မှ မလုပ်ချင်ဘူး❗
ပျင်းတယ်။
ပျင်းတာမှ အရမ်းကို ပျင်းတယ်။

သူ့သား အသက် ၁၃ နှစ် အရွယ်မှာသူဌေးကြီးဟာ စိုးရိမ်လာတယ်။
သူသေသွားရင် ရှိသမျှအမွေတွေကို
သူ့သားကို ပေးခဲ့ ရမယ်။

အခု သူ့သားပုံစံက အမွေတွေ ရလာရင်
ဘာအလုပ်မှ မလုပ်ဘဲ
ထိုင်စားနေမယ့် ပုံ ပဲ။

သူဌေးကြီးဟာ သူ့သားကို
အလုပ်ရဲ့ တန်ဖိုးကို သိစေချင်လို့
တစ်ခုခုလုပ်ဖို့ အကြံ ထုတ်တယ်။

နောက်တစ်နေ့ ညနေ
ကျောင်းဆင်းပြန်လာတဲ့ သားကို •••
သူဌေးကြီးက ခုလို ပြောလိုက်တယ်။

ငါ့သား ဒီညနေ အလုပ်တစ်ခု လုပ်ပြီးထမင်းဖိုး ပိုက်ဆံရအောင် ရှာလာခဲ့။

💵 ပိုက်ဆံ ရမလာရင် •••

ဒီည မင်းကို
ညစာ မကျွေးဘူး❗

ကလေးဟာ အလုပ် မလုပ်ချင်ဘူး။
ဘာအလုပ် လုပ်ရမှန်းလည်း မသိလို့
😭 ငိုပြီး
တခြားအိမ်ကို အလည်သွားနေတဲ့
အမေကို သွားပြောတယ်။

သူ့အမေဟာ သူ့ယောက်ျားကို
အတော် စိတ်ဆိုး သွားတယ်။
ဒါပေမဲ့ •••
သူ့ယောက်ျားရဲ့ စိတ်ကို သူ သိတယ်။
သူပြောသလို
ကလေး ပိုက်ဆံ ပါမလာရင်
ထမင်း တကယ်မကျွေးဘူး ဆိုတာကို
သိလို့
သူ့သားကို ငွေ ၂ ထောင်ကျပ် ထုတ်ပေးလိုက်တယ်။

ကလေးလည်း အဲဒီပိုက်ဆံကို ကိုင်ပြီးအိမ်ကို ပြန်ပြေး သွားတယ်။
အိမ်ရောက်တော့ အဖေက
အလုပ် လုပ်ခဲ့လားလို့ မေးတယ်။
သူက လုပ်ခဲ့ပါတယ် ဆိုပြီး
ငွေ ၂ ထောင်ကျပ်ကို ပြလိုက်တယ်။

သူဌေးကြီးဟာ သူ့သားပုံစံကို ကြည့်ပြီးအဲဒီ ပိုက်ဆံဟာ
အလုပ် လုပ်လို့ရတာ မဟုတ်ဘဲ
သူများဆီက တောင်းလာတာမှန်း
ရိပ်မိတယ်။

ဒါပေမယ့် သူက ပိုက်ဆံကို
ဘာအလုပ်လုပ်လို့ ရလာသလဲ
မမေးဘဲ အဲဒီ ပိုက်ဆံကို
ရေတွင်းထဲ ပစ်ချလိုက်လို့
ပြောလိုက်တယ်။

ကလေးကလည်း
ချက်ချင်းပဲ ပိုက်ဆံကို ရေတွင်းထဲ
ပစ်ချ လိုက်တယ်။

နောက်တစ်နေ့ ညနေ ရောက်ပြန်တော့ကျောင်းဆင်းပြန်လာတဲ့ သားကို
သူဌေးကြီးက မနေ့ကလိုပဲ
ပြောလိုက်တယ်။

ငါ့သား
ဒီညနေ အလုပ်တစ်ခု လုပ်ပြီး
ထမင်းဖိုးပိုက်ဆံ ရအောင် ရှာလာခဲ့။
ပိုက်ဆံရမလာရင် ဒီည မင်းကို
ညစာ မကျွေးဘူး။

ဒီတစ်ခါတော့
ကလေးအမေဟာ တခြားမြို့မှာ
နေမကောင်းဖြစ်နေတဲ့
ကလေးရဲ့ အဖိုးဆီ သွားနေလို့
အိမ်မှာ အမေ မရှိဘူး။
ဒါပေမယ့်
ကလေးအတွက် ကိစ္စမရှိဘူး❗။

တခြားရပ်ကွက်မှာနေတဲ့ အဒေါ်ဆီ
ပြေးပြီး ပိုက်ဆံ သွားတောင်းတယ်။
အိမ်ကို ပိုက်ဆံ ပါမသွားရင်
ညစာ စားရမှာ မဟုတ်ဘူး ဆိုလို့
အဒေါ်က သနားပြီး ငွေ ၂ ထောင်ကျပ်ပေးလိုက်တယ်။

ကလေးလည်း
အဲဒီပိုက်ဆံကို ကိုင်ပြီး အိမ်ကို
ပြန်ပြေး သွားတယ်။
အိမ်ရောက်တော့ အဖေက
အလုပ်လုပ်ခဲ့လားလို့ မေးတယ်။

သူက လုပ်ခဲ့ပါတယ်ဆိုပြီး ငွေ၂ထောင်ကျပ်ကို ပြလိုက်တယ်

ဒီတစ်ခါလည်း သူဌေးကြီးဟာ
အဲဒီပိုက်ဆံကို ရေတွင်းထဲပစ်ချလိုက်လို့
ပြောလိုက်တယ်။
ကလေးကလည်း
ချက်ချင်းပဲ တွင်းထဲ ပစ်ချလိုက်တယ်။

နောက်တစ်နေ့ ညနေ ရောက်ပြန်ပြီ။
ကျောင်းဆင်းပြန်လာတဲ့သားကို
သူဌေးကြီးက
မနေ့ကလိုပဲ ပြောလိုက်တယ်။

ငါ့သား ဒီညနေ အလုပ်တစ်ခု လုပ်ပြီးထမင်းဖိုးပိုက်ဆံ ရအောင် ရှာလာခဲ့။
ပိုက်ဆံရမလာရင်
ဒီညမင်းကို ညစာမကျွေးဘူး။

ဒီတစ်ခါမှာ ကလေးအတွက် အကျပ် တွေ့နေတယ်။
တခြားမြို့ကို သွားနေတဲ့အမေက
ပြန်ရောက် မလာသေးဘူး။
အဒေါ်ဆီသွားတော့လည်း
သူ့အိမ်မှာ မတွေ့ရဘူး။

ဒါနဲ့ သစ်ပင်ရိပ်တစ်ခု အောက်မှာငုတ်တုတ်လေးထိုင်ပြီး ငိုနေတယ်။
ဘေးက ဖြတ်သွားတဲ့
အဖိုးကြီးတစ်ယောက်က
သူ့ကို ဘာကြောင့် ငိုနေတာလဲလို့
မေးတော့
ကလေးက အလုပ်လုပ်တဲ့ ပိုက်ဆံ
ပါမသွားရင် ညစာစားရမှာမဟုတ်ဘူးလို့အကျိုးအကြောင်း ပြောပြတယ်။

အဖိုးကြီးဟာ
ဟိုတယ်ကြီး တစ်ခုရဲ့ပိုင်ရှင် ဖြစ်တယ်။
နောက်ပြီး
ကလေး အဖေရဲ့သူငယ်ချင်းပါ။
ကလေးကတော့ မသိပါဘူး။
အဖိုးကြီးက ကလေးကို
ဟိုတယ်ကို လိုက်ခဲ့။

သူအလုပ်ပေးမယ် ကလေးကို
ပိုက်ဆံလည်း ပေးမယ် ဆိုလို့
ကလေးလည်း လိုက်သွားတယ်
ဟိုတယ်ရောက်တော့ အဖိုးကြီးက
ဟိုတယ် မီးဖိုချောင်မှာ
ပုံနေတဲ့ ပန်းကန်တွေ တစ်ထပ်ကြီးကို
ဆေးခိုင်းတယ်
ပြီးရင် အဝတ်နဲ့ ပန်းကန်တွေကို
ခြောက်အောင် သုတ်ခိုင်းတယ်။
မီးဖိုခန်းကို ရေဆေး
ဆေးကြော ခိုင်းတယ်။

ကလေးဟာ ၂ နာရီ ကြာအောင်
ပင်ပင်ပန်းပန်း လုပ်ပြီးတဲ့ အခါမှာ
အဖိုးကြီးက သူ့ကို ငွေ ၂ ထောင်ကျပ်ထုတ်ပေး လိုက်တယ်။
ကလေးဟာ
တစ်ခါမှ အလုပ် မလုပ်ဖူးတော့
တစ်ကိုယ်လုံး နာကျင် ကိုက်ခဲနေတယ်။

သူဟာ ပိုက်ဆံကိုကျစ်ကျစ် ပါအောင်လက်ထဲမှာ ဆုပ်ကိုင်ပြီး
အိမ်ကို ပြန်ပြေးတယ်။

အိမ်ရောက်တော့ အဖေက
အလုပ် လုပ်ခဲ့လားလို့ မေးတယ်❓။
သူက လုပ်ခဲ့ပါတယ် ဆိုပြီး
ငွေ ၂ ထောင်ကျပ်ကို ပြလိုက်တယ်။
ဒီတစ်ခါလည်း သူဌေးကြီးဟာ
အဲဒီ ပိုက်ဆံကို
ရေတွင်းထဲ ပစ်ချလိုက်လို့
ပြောလိုက်တယ်။

ဒီတစ်ခါမှာတော့•••
ကလေးက ပိုက်ဆံကို
ရေတွင်းထဲ ပစ်မချနိုင်ဘူးလို့
ပြန်ပြောတယ်။

သူဌေးကြီးက
ဘာကြောင့် အရင်လို ပစ်မချရတာလဲလို့
မေးတော့ ကလေးက
သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲပြီး
ချွေးတစ်လုံးလုံးနဲ့ ရှာထားတဲ့ပိုက်ဆံမို့
မပစ်ရက်ဘူးလို့ ငိုပြီး ပြောတယ်။

ဒီအခါမှာ သူဌေးကြီးက
သူ့သားကို ခုလို ပြောလိုက်တယ်။
ချွေးနဲ့ ရင်းပြီး ရှာထားတဲ့ ပိုက်ဆံကို
ဘယ်သူမှ မဖြုန်းရက်ဘူးကွ တဲ့။

အဲဒီညမှာ သူဌေးကြီးဟာ
စိတ်ချမ်းချမ်းသာသာ နဲ့
အိပ်ယာ ဝင်သွားပါတော့တယ်။

ဒါကြောင့်
ကိုယ်ချွေးနဲ့ ရင်းပြီး ရှာထားတယ့်
ပိုက်ဆံတွေကို
လွယ်လွယ် မဖြုန်းပါနဲ့လို့
အကြံ ပေးပါရစေ•••။

#ဗန်းမော်သိန်းဖေ

Credit:

စီးပွားတူတိုင်းရန်သူမဟုတ်ပါ.. ~~~~~~~~~~~~~~~~~စီးပွားတူတွေများလေCreative ပိုဖြစ်လေပါပင်လယ်ရေသောက်မကုန်ပါဘူး။တဦးတည်း mon...
10/06/2023

စီးပွားတူတိုင်းရန်သူမဟုတ်ပါ..
~~~~~~~~~~~~~~~~~
စီးပွားတူတွေများလေ
Creative ပိုဖြစ်လေပါ
ပင်လယ်ရေသောက်မကုန်ပါဘူး။

တဦးတည်း monopoly စနစ်က
ကျန်ခဲ့တာကြာပါပြီ
သူများလုပ်တဲ့အလုပ်မလို့
မလုပ်ချင်ဘူးမစဉ်းစားပါနဲ့။

ဒါဆိုဘာမှကို လုပ်ဖြစ်တော့မှာမဟုတ်ပါဘူး။

ကိုယ့်အတွေးနဲ့ ကိုယ် ၊
ကိုယ်မိတ်နဲ့ ကိုယ် ၊ ကိုယ့်ပုံစံနဲ့ ကိုယ်ပါပဲ။

အမျိုးအစားချင်းတူတောင် qualityချင်းမတူဘူး။
Qualityချင်းတူတောင် ထုတ်ပိုးမှုချင်းမတူဘူး။
ထုတ်ပိုးမှုချင်းတူရင်တောင်
ဝန်ဆောင်မှုချင်းမတူဘူး။
ဝန်ဆောင်မှုချင်းတူတောင်
management system ချင်းမတူဘူး ။
Management systemချင်းတူရင်တောင်
location အလွယ်ရနိုင်ပုံချင်းမတူဘူး။

နောက် ကံတရားချင်းလည်း မတူပါဘူး

ပြိုင်ဘက်မရှိတဲ့စျေးကွက်ဆိုတာလည်းမရှိဘူး ။
Townshipတခုထဲပြိုင်ဘက်မရှိရင်
မြို့ထဲမှာ ပြိုင်ဘက်ရှိမယ်

တမြို့လုံးဘယ်သူမှပြိုင်ဘက်မရှိရင်
တခြားမြို့မှာ ပြိုင်ဘက်ရှိမယ်။

တခြားမြို့မှာပြိုင်ဘက်မရှိရင်
တခြားနိုင်ငံမှာတော့ပြိုင်ဘက်ရှိမယ်။

အကောင်အထည်ဖော်ပြီး
လုပ်နိုင်အောင်သာလုပ်ပါနော်။

အတွေးကိုအတွေးထဲ ထားရင်တော့
လက်တွေ့မှာ ဘာမှရမည်မဟုတ်။

Credit ....
မှပြန်လည်မျှဝေပါသည်။

Owner သည် Owner နေရာမှာပဲနေပါ။ ခေတ်စားလာတဲ့ Business System—————————————————မြန်မာနိုင်ငံမှာ အတော်များများလုပ်ငန်းတွေက f...
14/02/2023

Owner သည် Owner နေရာမှာပဲနေပါ။

ခေတ်စားလာတဲ့ Business System
—————————————————

မြန်မာနိုင်ငံမှာ အတော်များများလုပ်ငန်းတွေက family business level ကနေ corporate level ထိ မတက်နိုင်ကြတာများတယ်… ဘာလို့လဲဆိုတော့ system မရှိလို့ပါပဲ…

အဲ့တော့ ဒီလုပ်ငန်းမှာ ကိုယ်က အစောင့်ကြီးလိုပဲ… နေရာက မခွါနိုင် ၊ လုပ်ငန်းချဲ့ဖို့ဆိုတာဝေး ၊ လူခွဲမှ မရှိတာကိုး…

လုပ်ငန်းရှင်‌တွေက လုပ်ငန်းရှင်နဲ့ မတူဘူး… ဟိုနေရာလဲ ကိုယ်ပါမှ ၊ ဒီနေရာလဲ ကိုယ်ပါမှ ၊ တဖြေးဖြေး တောက်တိုမယ်ရနဲ့ တူလာတယ်…

အဲဒီတော့ System ဆိုတာဘာလဲ…? ပြန်မေးရပါလိမ့်မယ်. . .နားလည်လွယ်အောင်ပြောရရင် အပြန်အလှန် ထိန်းကျောင်းတဲ့ စနစ်ပါ…

Organization system ကြီးတခု ပြီးပြည့်စုံစွာ တည်ဆောက်ဖို့ သင့်တော်တဲ့ Accounting system , HR system, Inventory system နဲ့ Operation system တို့လိုအပ်ပါတယ်…

အဲ့System တခုချင်းစီက အပြန်အလှန်ထိန်းကျောင်းထားတာမို့ တစ်စုံတစ်ယောက်က ဘယ်သူမှမသိအောင် မဟုတ်တာလုပ်ဖို့က မလွယ်ပါဘူး…

ဥပမာ တခုပြောရရင် ဘယ်လုပ်ငန်းမှာမဆို - Accountant , cashier(သို့) purchaser , management က တယောက်ထဲ လို့မရပါဘူး…

ဆိုကြပါစို့ စာရင်းသမားက management လုပ်လို့လဲမရသလို ၊ ငွေလဲမကိုင်ရပါဘူး… ( petty cash လို အသေးသုံးမျိူးတော့ ကိုင်လို့ရပါတယ်…) Manager လုပ်သူကလဲ ငွေကိုင်ခွင့်မရှိသလို စာရင်းလုပ်လို့လဲမရပါဘူး… ဒါကို Allocation of Power လို့ခေါ်ကြပါတယ်…

Power ဟာ တစုံတယောက်လက်ထဲမှာ အကုန်ရှိနေရင် လုပ်ငန်းဟာ အရမ်းအန္တရာယ်များပါတယ်… ဒါဟာ System ရဲ့ အခြေခံသဘောတရားပါပဲ… လုပ်ငန်းရဲ့ System တခုခြင်းစီမှာ Power တွေ ၊ Role တွေ ၊ Authority တွေ ခွဲထားရပါတယ်… အဲ့နောက်မှာ Responsibility က ကပ်ပါလာပါတယ်… ဒါကို Job design လို့ခေါ်ပါတယ်…

Job design တွေကတဆင့် KPIs(key performance indicators) တွေတည်ဆောက်ရပါတယ်… KPIs တွေကမှ Performance Appraisal System တွေ တည်ဆောက်ပါတယ်… အဲ့အခါမှာ Reward system ဆိုတာ တွဲပါလာပြန်ရော… ဒါက System ကိုမြင်သာအောင် အကြမ်းဖျင်းပြောတာပါ…

System တွေ ကောင်းသွားတဲ့အခါ လုပ်ငန်းရှင်က လုပ်ငန်းမှာ ငုတ်တုတ်ထိုင်ကြည့်နေစရာမလိုတော့ဘူး… System ကပဲ ဝန်ထမ်းတွေကို ထိန်းကျောင်းသွားတယ်… သူတို့အချင်းချင်း ထိန်းကျောင်းသွားကြတယ်… လုပ်ငန်းရှင်ရဲ့တာဝန်က ရောင်းအားတက်ဖို့ အဓိကပဲ… အဲ့ထက်ပို System ကောင်းသွားတဲ့အခါ စျေးကွက်ရှာဖွေခြင်းရဲ့ တစိတ်တပိုင်းကိုပါ System က support လုပ်ပေးနိုင်လာတယ်…

ဒါဆို မေးစရာက ရှိလာပြီ… System ရှိတာက ကောင်းကျိူးအဲ့လောက်များတာ ဘာလို့ လူတွေက Systemကို အကောင် အထည် မဖော်နိုင်ရတာလဲ… ???
မလွယ်လှလို့ပါ…

ဘာလို့ မလွယ်တာလဲဆို ပိုက်ဆံကုန်လို့ပါ…
၁။ system building လုပ်ပေးတဲ့ services တွေရှိပါတယ်… စျေးကလဲ မသေးပါဘူး… ဒေါ်လာထောင်ဂဏန်းက စယူပါတယ်… အဲ့ Service တွေ ဌားရုံနဲ့ ဇာတ်လမ်းက မပြီးပါဘူး…

သူတို့က System ကိုချပေးပြီးအချိန်တခုကြာရင် ထွက်သွားမှာပါ… အဲ့ System ကို ဆက် Run ဖို့ Professional တွေလိုပါတယ်… Management နေရာတွေကို ကိုင်ခိုင်းမဲ့သူက တကယ့် Qualified professional တွေဖြစ်ဖို့လိုပါတယ်…

၂။ အဲ့လိုတွေ Service မအပ်ချင်ဘူးဆိုရင် ၊ ဒါမှမဟုတ် ကိုယ့်လုပ်ငန်းက အပ်ရလောက်အောင် အရမ်းကြီးမနေဘူးဆိုရင် သက်ဆိုင်ရာ Professional တွေကို ခန့်ပြီး သူတို့နဲ့အတူ ကိုယ်တိုင် System ချလို့ရပါတယ်…

အဲ့မှာ အရေးကြီးတာက ၂ချက်ပါ…
- Owner ကိုယ်တိုင်က Accounting နဲ့ HR basic Knowledge ရှိနေရပါမယ်…
- ကိုယ့်ခန့်လိုက်တဲ့ manager တွေသည် တကယ့်ကျွမ်းကျင်တဲ့ Professional တွေ ဖြစ်နေဖို့လိုပါတယ်… professional ဆိုတဲ့စကားက အလကားသုံးတာမဟုတ်ပါဘူး…

Professional ဆိုတာ Professional Ethics ရှိပါတယ်… professional skill ရှိပါတယ်… system တခုကို အကောင်အထည်ဖော်တဲ့နေရာမှာ integrity က အသက်တမျှအရေးကြီးပါတယ်…

၃။ လုပ်ငန်းက အခုမှ စလုပ်မဲ့ လူငယ်တွေကို အကြံပေးချင်တာကတော့ ဘာမှမလုပ်ခင် Accounting Diploma တခုလောက်တော့ ရအောင်ယူပါ… ပိုက်ဆံများတတ်နိုင်ရင် HR Diploma ပါယူနိုင်ရင် ပိုကောင်းပါတယ်…

ဒီလိုပြောလို့ Marketing တို့ ၊ Management တို့က အရေးမကြီးဘူးလားဆိုတော့ ကြီးပါတယ်… ဘာနဲ့တူလဲဆိုတော့ ၆လသားကလေးကို မတ်တပ်ရပ်သင်ပေးမဲ့အစား လေးဘက်ထောက်သင်ပေးတာ ပိုသင့်တော်ပါတယ်… လေးဘက်ထောက်တာကျွမ်းသွားမှ မတ်တပ်ရပ်တာသင်ပေါ့…

အဲ့လိုပါပဲ လုပ်ရင်းကိုင်ရင်းနဲ့မှ Management တို့ ၊ Marketing တို့ ဆက်သင်ပေါ့… တချို့လူကြီးတွေ ပြောကြတဲ့စကားရှိပါတယ်… “ပညာကို ဆုံးခန်းတိုင်အောင် သင်ပြီးမှ အလုပ်လုပ်” ဆိုတာ တကယ်တော့မှားပါတယ်…

ပညာသင်ရင်းနဲ့ အလုပ်စမ်းလုပ်ကြည့်ဖို့လိုသလို အလုပ်လုပ်နေတဲ့တလျှောက်လဲ စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေဖို့လိုပါတယ်…

တနိုင်ငံလုံးမှာ Franchise ဆိုင်ခွဲတွေ အများကြီးရှိတဲ့ Brand က Chairman က ပြောဖူးတဲ့စကားတခွန်းရှိပါတယ်… နဂိုရှိပြီးသား Brand ကို သူတို့ကုမ္ပဏီက Takeover လုပ်လိုက်တာပါ…

ဒီကုမ္ပဏီကို သူ Takeover ယူလိုက်တဲ့အချိန် ၈၀% သော ဝန်ထမ်းတွေ အလုပ်ထွက်သွားကြတယ်… သူက ဆက်ပြောပါတယ်… မလုပ်နိုင်တဲ့သူတွေ ထွက်သွားတဲ့အခါ သူတို့နေရာကို လုပ်နိုင်တဲ့သူတွေ ရောက်လာကြတယ်… လုပ်နိုင်သူတွေ ၊ လုပ်တတ်သူတွေ (Professional) တွေနဲ့ပဲ system ကိုဆက်ပြီး Implement လုပ်လို့ရတာပါ…

ဒီနေရာမှာ Budget ဘယ်လောက်သုံးနိုင်သည်ဖြစ်စေ အရေးကြီးတဲ့နောက်တချက်က owner’s mindset ပါ… အချို့ owners တွေက လုပ်ငန်းကိုတော့ system ချချင်တယ် but သူတို့ကိုယ်တိုင်ကိုက change ကိုကြောက်နေတယ်…

Organization မှာ လူတော်တွေကို သုံးဖို့ထက် သံယောဇဉ်တွယ်နေတဲ့လူရိုးတွေကိုပဲ စိတ်ချနေမိတယ်… နောက်တမျိူးက လုပ်ငန်းရှင်ကိုယ်တိုင်က professional မဆန်ဘူး… ဝန်ထမ်းကို အုပ်ချုပ်တဲ့အခါမှာလဲ professional behavior နဲ့မအုပ်ချုပ်ပဲ family business ပုံစံအုပ်ချုပ်နေတယ်…

အဲ့လိုလုပ်ငန်းမျိူးကတော့ ဘယ်လောက် budget သုံးပါစေ ဒုံရင်းက ဒုံရင်းပဲ ပြန်ဖြစ်သွားတတ်ပါတယ်… တချို့ owners တွေက သူတို့မရှိရင် မဖြစ်တာ ၊ အောက်ခြေသိမ်းလိုက်လုပ်နေတာကို ဂုဏ်ယူပြောဆိုကြတယ်…

အချိန်တခုအထိ လုပ်ငန်းက system မကျတာ လက်ခံနိုင်ဖွယ်ရာကျပေမဲ့ အချိန်အကြာကြီး system မရှိဘဲ လည်ပတ်နေတာဆိုရင်တော့ ပြသနာရှိနေပါပြီ…

လုပ်ငန်းရှင်ဟာ Organization ရဲ့ ဦးနှောက်နဲ့တူတာမို့ operation လုပ်ရမှာသည် ဝန်ထမ်းရဲ့တာဝန်ပါ… owners ရဲ့ အခန်းကဏ္ဏာသည် လုပ်ငန်းလည်ပတ်ဖို့မဟုတ်ပဲ လုပ်ငန်းတိုးတက်ဖို့ပဲ ပိုဖြစ်သင့်ပါတယ်… လုပ်ငန်းရှင်များ အထူးသတိပြုရန်ပါ…

OD practitioner တွေအတွက် System ချတဲ့အခါ ကြုံတွေ့ရတဲ့အခက်အခဲရဲ့ ၅၀% က owners ကြောင့်ပါ… တချို့ owners တွေက လိုအပ်တဲ့နေရာတွေမှာ ပိုက်ဆံကို အကုန်အကျမခံချင်ဘူး… တချို့ owners တွေကျတော့လဲ သူတို့ကလွဲရင် ဘယ်သူ့ကိုမှ စိတ်မချဘူး…

တချို့ owners တွေကျတာ့ personal emotion တွေကို မထိန်းချုပ်နိုင်ဘူး… professional behavior နဲ့ မအုပ်ချုပ်နိုင်ဘူး… စသည်ဖြင့် အမျိူးမျိူးပါ… မိမိလုပ်ငန်းကို system တော့ချချင်ပါရဲ့ မိမိကိုယ်တိုင် system နဲ့ အံဝင်အောင် မကျင့်ကြံ မပြောင်းလဲနိုင်ရင် ပိုက်ဆံဘယ်လောက်အကုန်ခံခံ အလကားပါပဲ…

System ချဖို့ OD practitioner တယောက်ပေးရဲ့အချိန်ရဲ့ ၃ပုံ၁ပုံလောက်က owner ကို ဖျောင်းဖျနေရပါတယ်… ဒါကဘာကိုပြလဲဆိုရင် မြန်မာနိုင်ငံမှာ System ဆိုတဲ့ စကားလုံးကို ပိုက်ဆံရှိတဲ့လူတန်းစားအလွှာတွေသည်ပင်လျှင် မကျွမ်းဝင်နေတာကို ပြပါတယ်…

နောက်တခု အထင်မှားနေတာ တချက်က system တခါချထားပြီးတာနဲ့ fraud ကို ၁၀၀% မကာကွယ်နိုင်ပါဘူး… လုပ်ငန်းလိုအပ်ချက်အရ system ကို monitoring လုပ်ပြီး modification လုပ်နေဖို့လိုပါတယ်…

Fraud ကို ၁၀၀% မကာကွယ်နိုင်ပင်မဲ့ Percentage တခုအထိတော့ ကာကွယ်ပေးနိုင်တဲ့အပြင် system ရှိတဲ့လုပ်ငန်းတခုသည် အပြန်အလှန်ထိန်းကျောင်းတဲ့စနစ်ရှိနေလို့ fraud ရှိရင် ပြန်ကို သိပါတယ်…

လုပ်ငန်းသည် system နဲ့ လည်ပတ်လာတဲ့အခါ owners သည် operation ထဲမှာ နစ်မြှုပ်မနေဘဲ လုပ်ငန်းတိုးတက်ရာ တိုးတက်ကြောင်းအတွက် အာရုံစိုက်နိုင်ပါတယ်… ဒါက system ရှိခြင်းရဲ့အားသာချက်တွေပါ…

Credit...

⛳⛳⛳မနေ့ညက ထပ်လေ့လာသင်ယူထားပါတယ်ရှင့်
30/11/2022

⛳⛳⛳
မနေ့ညက ထပ်လေ့လာသင်ယူထားပါတယ်ရှင့်

စျေးရောင်းရမှာမရှက်ပါနဲ့ ကုန်စုံဆိုင်ဖွင့်ရင် မီးဖိုချောင်စားရိတ်သက်သာမယ်..အထည်ရောင်းရင် ကိုယ်ဝယ်ဝတ်မဲ့အထည်ဖိုး သက်သာမယ်...
25/11/2022

စျေးရောင်းရမှာမရှက်ပါနဲ့

ကုန်စုံဆိုင်ဖွင့်ရင်
မီးဖိုချောင်စားရိတ်သက်သာမယ်..

အထည်ရောင်းရင်
ကိုယ်ဝယ်ဝတ်မဲ့အထည်ဖိုး သက်သာမယ်...

အလှကုန်ပစ္စည်းရောင်းရင်
ကိုယ်ဝယ်သုံးတဲ့
အလှကုန်ပစ္စည်းဖိုးသက်သာမယ်...

အရာရာတိုင်းမှာ
တန်ပြန်အကျိုးသက်ရောက်မှု့ဆိုတာရှိတယ်...

ကိုယ် တခုခုကိုအလေးအနက်ထားပီး
ပေးဆပ်လိုက်ရရင်
ပြန်ရရှိတဲ့အကျိုးမြတ်တွေကများတယ်

အရာရာတိုင်းမှာ အခက်ခဲဆိုတာလည်းရှိစမြဲပဲ...

ကိုယ်ငွေလိုချင်တယ်
သူများလိုသုံးစွဲချင်တယ်
ပစ္စည်းတွေကိုဝယ်စရာမလိုပဲ
သုံးချင်တယ်ဆိုရင်တော့

စျေးရောင်းဖို့မရှက်ပါနဲ့
(ကိုယ်ဒုက္ခရောက်ရင် ဘယ်သူမှ လာမကူညီဘူး)

အလုပ်တစ်ခုထဲပေါ်မှာလည်းမရပ်တည်ပါနဲ့
ဒုတိယဝင်ငွေဆိုတာ ဖန်တီးပါ
လုပ်ဆောင်ပါ
အချိန်ကိုအကျိုးရှိစွာအသုံးချပါ...😙

17/11/2022
Day _1 &  Day _2 နေ့လည်စာလေးပါရှင့် 🏨Koon Hotel Sukhumvit
16/11/2022

Day _1 & Day _2 နေ့လည်စာလေးပါရှင့်
🏨Koon Hotel Sukhumvit

ကျွန်မတို့တွေဟာ ကျန်းမာဖို့အတွက် ရုပ်ပိုင်းဆိုင်ရာ(Physical health)သာမက စိတ်ပိုင်းဆိုင်ရာ(Mental health)ကိုပါ ဂရုစိုက်ဖိ...
05/11/2022

ကျွန်မတို့တွေဟာ ကျန်းမာဖို့အတွက် ရုပ်ပိုင်းဆိုင်ရာ(Physical health)သာမက စိတ်ပိုင်းဆိုင်ရာ(Mental health)ကိုပါ ဂရုစိုက်ဖို့လိုပါတယ်။
ကျွန်မရဲ့ Mental health အတွက်ကတော့
"စာဖတ်ခြင်း"က အကောင်းဆုံးနည်းလမ်းပါ။ အရမ်းကြိုက်တဲ့စာအုပ်တွေဆို တိတ်ဆိတ်တဲ့ ညဘက်တွေမှာ ဖတ်တာများတယ်.... တိတ်ဆိတ်တဲ့အချိန်တွေဟာ တွေးလို့ကောင်းတဲ့အချိန်ဖြစ်သလို စိတ်ကူးစိတ်သန်းကောင်းတွေကို ရစေတယ်။

ခုတလော ဆရာမ မွန်ဟော်စီ ရဲ့စာအုပ်တွေ ဖတ်ဖြစ်ပါတယ်.....
Love, Light & Power ( မေတ္တာ.. အလင်း နှင့် စွမ်းအား )
ဒီစာအုပ်လေးထဲမှာ Love...Light....Power ကို အပိုင်းသုံးပိုင်းခွဲပြီး သေချာလေး ရှင်းပြထားတယ်.....
မေတ္တာ ဆိုတာ စကားလုံးလေးကြားလိုက်ရုံနဲ့ အေးချမ်းသွားတာမျိုးပါ။
"မေတ္တာမျိုးစေ့ဆိုတာ ကျွန်မတို့မှာ မွေးကတည်းက ပါလာခဲ့ပြီးသား ပိုပြီးသန်စွမ်းလာအောင် ရေလောင်း ပေါင်းသင်ဖို့က ကျွန်မတို့ရဲ့ တာဝန်ပါ "လို့ ပြောထားပါတယ်။ အထက်တန်းကျောင်းတုန်းက ဆရာမ တစ်ယောက်ကပြောဖူးတယ် သူအမြဲ တောင်းတဲ့ဆုတစ်ခု က ဘယ်နေရာပဲရောက်ရောက် မေတ္တာ ကြီးမားတဲ့ သူတွေနဲ့သာ တွေ့ရပါလို၏ တဲ့ ဟုတ်ပါတယ် မေတ္တာတရားကြီးမားတဲ့သူ ၊ သဘောထားကြီးမားတဲ့သူတွေနားမှာနေရတဲ့ အခါ စိတ်လည်း ချမ်းသာသလို စိတ်ရဲ့လုံခြုံမှု(sense of security)ကိုလည်းပေးစွမ်းနိူင်ပါတယ်။
"တစ်ဦးမေတ္တာ တစ်ဦးမှာ"ဆိုသလို မေတ္တာဟာ ကူးစက်နိုင်စွမ်းရှိပါတယ်။

" ခွင့်လွှတ်ခြင်းက မေတ္တာတရားရဲ့ ပထမအဆင့်ဖြစ်ပါတယ်" တဲ့
ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို လွတ်မြောက်ခွင့်ပေးလိုက်တာပါ မကျေနပ်တာတွေ နာကျင်မှုတွေကို လွှတ်ချလိုက်လို့ လွတ်မြောက်သွားတာမျိုးပေါ့......
ဒီလို ခက်ခဲနေတဲ့ ကာလမျိုးမှာ တစ်ဦးနှင့် တစ်ဦး ဖေးမဖို့၊ ခွင့်လွှတ်ဖို့​၊မေတ္တာထားဖို့ဆိုတာ အရေးကြီးပါတယ်။

အလင်း💙
လောကရဲ့သဘဝအရ အမှောင်ထက် အလင်းကိုပိုလိုလားကြတယ် ။အလင်းက နွေးထွေးစေတယ်၊Energyတွေရတယ်။ အမှောင်ကတော့ ကြောက်ရွံ့စေတယ်၊အားငယ်စေတယ်၊ ဆုံးဖြတ်ချက်တွေကိုဝေဝါးစေတယ်။ ဒီတော့ စိတ်ကိုလည်း အလင်းဓာတ်၊အကြည်ဓာတ်တွေရအောင်
Positive energy တွေရအောင် ဘယ်လိုပြုမူနေထိုင်ရမယ် ဘယ်လိုစိတ်နေစိတ်ထားရမယ်ဆိုတာ ဆရာမကသူရဲ့အတွေ့အကြုံလေးတွေနဲ့ ပြောပြထားပါတယ်။
Positive Energy ရှိတဲ့သူတွေဟာ ကိုယ်တိုင်သာမက ပတ်ဝန်းကျင်ကိုပါ စိတ်ပိုင်းဆိုင်ရာ အရ မြှင့်တင်ပေးတယ် တက်ကြွလန်းဆန်းစေတယ်....
ကျွန်မတို့ဟာ Positive Energy ရအောင် ပတ်ဝန်းကျင်အတွက် အဆိပ်အတောက် မဖြစ်စေအောင် အ​တွေးတွေက အစ ဂရုစိုက်ဖို့လိုတယ်ဆိုတာ ဒီစာအုပ်ထဲမှာ သေချာလေး ရေးထားပါတယ်......
I make myself rich by making my wants few
လိုချင်တာတွေနည်းလေ...စိတ်ချမ်းသာလေ...တဲ့
Luxury တွေများလာတဲ့ခေတ်ကြီးမှာ ရောင့်ရဲတင်းတိမ်နိုင်ခြင်းဟာလည်း စိတ်အေးချမ်းစေတာပါပဲ။
စွမ်းအား💙
တချို့အင်မတန် အကြည်ဓာတ်များတဲ့သူတွေရှိတယ်။ဒီလိုလူတွေနဲ့ စကားပြောခွင့်ရတဲ့အခါ ကိုယ်ပါကျေနပ်သွားတယ်။အေးချမ်းသွားတယ်။ဒါတွေဟာ Energyလို့ခေါ်တဲ့ စွမ်းအင်တွေပဲ။
" လူတွေက သူတို့မှာရှိတဲ့ စွမ်းအင် Energy တွေပေါ်မူတည်ပြီးပြင်ပအခြေအနေတွေကို ဖန်တီးယူနိုင်ကြတယ်။အချင်းချင်းထွေးပွေ့ဆွဲငင်ထားတတ်ကြတယ်"တဲ့ ဆရာမရေးထားတဲ့စာလေးကို ကောက်နုတ်ထားတာပါ ။ဒါကြောင့်လည်း ကျွန်မတို့ဟာ ကိုယ်နဲ့Typeတူတဲ့သူတွေနဲ့ပဲ ပေါင်းလိုရတာပေါ့ ။ ဓာတ်တူချင်းဆွဲငင်ကြတဲ့အခါ ညှိနှိုင်းစရာတွေလည်းသိပ်မလိုတော့သလို သူတို့နဲ.နေရရင် Comfort ဖြစ်နေတာမျိုးပေါ့။
ပြီးတော့ Happy Money & Unhappy money
Consciousness Map
Manifestationအကြောင်းတွေကိုလည်း
သေချာရှင်းပြထားတာဖြစ်လို့ တကယ်ကို ဖတ်သင့်တဲ့ စာအုပ်ပါ။
Positive Energy တွေရအောင် မေတ္တာ...အလင်း...စွမ်းအားတွေအကြောင်း အချင်းချင်းမျှဝေကြရအောင်ပါ........

( 4:16 am/10.9.22 )
KSDW
#မွန်‌ေဟာ်စီ

03/11/2022

အလုပ်ဒီလောက်လုပ်တာမပင်ပန်းဘူးလား?
1_ပင်ပန်းတာကတစ်ညအိပ်(နား)ရင်ပျောက်ပြီ
2_မရှိတာက (ဆင်းရဲ)ဘယ်နှစ်ညအိပ်အိပ် ပျောက်မသွားဘူး👀
1(or)2လားရွေးကြည့်ပါ။

03/11/2022

📣📣📣

03/11/2022

👍👍👍

ที่อยู่

Bangkok
Samut Sakhon
74000

เวลาทำการ

จันทร์ 09:00 - 21:00
อังคาร 09:00 - 21:00
พุธ 09:00 - 21:00
พฤหัสบดี 09:00 - 21:00
ศุกร์ 09:00 - 21:00
เสาร์ 09:00 - 21:00
อาทิตย์ 09:00 - 21:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ YU KHAY_Online Knowledge Businessผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง YU KHAY_Online Knowledge Business:

แชร์