Ba Gyi Aung ပျော်ကြရွှင်ကြလူ့လောက

30/07/2025

7/30/2025 ငလျင်ပြီးနောက်

ဂျပန်ဆူနာမီ

27/07/2025

Hello May HRJ HaruJar

ကွယ်ရာကြတော့အတင်းတုတ်နေ‌ကြပြန်🎵🎵🎵🎵🎼🎶
10/03/2025

ကွယ်ရာကြတော့အတင်းတုတ်နေ‌ကြပြန်🎵🎵🎵🎵🎼🎶

24/03/2024

မြန်မာ့အရေးအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီ အမေရိကန်သမ္မတ အတည်ပြု

အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA မှာ ထည့်သွင်းဖော်ပြထားတဲ့ Burma Act ပါဖော်ပြချက်တွေအတိုင်း မြန်မာ့အရေးအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီပေးမယ့်အချက်ပါဝင်တဲ့ ဘက်ဂျက်အတည်ပြုချက်ကို သမ္မတဂျိုးဘိုင်ဒန်က ဒေသစံတော်ချိန် မတ် ၂၂ ရက်နေ့က လက်မှတ်ရေးထိုးအတည်ပြုလိုက်ပါတယ်။

အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA ကို အကောင်အထည်ဖော်ဖို့ အမေရိကန်အစိုးရဘဏ္ဍာငွေခွဲငွေသုံးစွဲမှုဥပဒေကို ၂၀၂၂ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးခဲ့ပေမဲ့ အမေရိကန်အစိုးရဘဏ္ဏာရေး အကျပ်အတည်းတွေကြောင့် ဘတ်ဂျက်ငွေတွေကို အချိန်နဲ့တပြေးညီ ချမပေးနိုင်ခဲ့ဘဲ မူလခန့်မှန်းချိန်ထက် ၆ လနောက်ကျပြီးမှ ငွေကြေးသုံးစွဲခွင့်ကျလာတာဖြစ်ပါတယ်။

Los Angeles Myanmar Movement အဖွဲ့ စည်းရုံးရေးတာဝန်ခံ ဦးဂျိမ်းရွှေက “အောက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်နဲ့ တခြားကိစ္စတွေ မက္ကစီကိုနဲ့ ယူအက်စ် နယ်ခြားကိစ္စတို့၊ ယူကရိန်းကိစ္စတို့ အဲ့ဒါတွေနဲ့ သူတို့အငြင်းတွေပွားပြီးတော့ ဘတ်ဂျက်က မကျနိုင်ဘူး။ မကျနိုင်တော့ အောက်တိုဘာမှာ ကျရမယ့်ဟာကို အခု ၆ လနောက်ကျပြီးမှ မတ်လထဲရောက်တော့မှ အခုမှ အတည်ပြုဖြစ်တာပေါ့နော်။ အဲ့ဒီတော့ ဒီက မြန်မာတွေကတော့ ဝမ်းသာတာပေါ့။ သူတို့ တောင်းဆိုတဲ့အတိုင်း ၁၂၁ သန်းရတယ်ဆိုတော့ ရှေ့ဆက်ပြီးတော့ ဒီလိုစည်းရုံးရေးလုပ်ဖို့အတွက် အားတက်လာတာပေါ့” လို့ ပြောပါတယ်။

အမေရိကန်အစိုးရကြုံတွေ့နေရတဲ့ ဘဏ္ဏာရေးအကျပ်အတည်းတွေကြောင့် ငွေကြေးသုံးစွဲဖို့ သတ်မှတ်ချက်တွေ အတည်ဖြစ်ဖို့ လွှတ်တော် ၂ ရပ်မှာ အငြင်းပွားမှုတွေရှိခဲ့ပြီး အချိန်ကြန့်ကြာခဲ့တာပါ။

ကိုဗစ်-၁၉ ကာလမှာစတင်ခဲ့တဲ့ ကမ္ဘာတဝန်းဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေ၊ စီးပွားရေး အကျပ်အတည်းတွေကြားမှာ မြန်မာ့အရေးဟာ မှေးမှိန်ခဲ့ရတာပါ။

ဦးဂျိမ်းရွှေက "၂၀၂၇ အခု နှစ်တိုင်း အဲ့ဒါပေးရမယ့်ဟာလည်းရှိတယ်။ အဲ့ဒါကြောင့် ကျနော်တို့က ပထမဆုံးနှစ်ဥစ္စာကို အားကုန်တွန်းတာလေ။ အဲ့ဒီတော့ ပထမဆုံးနှစ်က ဒီလောက်ရတယ်ဆိုရင် နောက်က သူတို့အများကြီး ထပ်လျှော့ဖို့က မလွယ်တော့ ဒီလောက် သူတို့ရှေ့ဆက်ပေးနေမှာပေါ့လေ။ အရေးကြီးဆုံးက ရတဲ့ပိုက်ဆံကို သူတို့ အကျိုးသက်ရောက်မှုအဖြစ်ဆုံး အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုအသုံးချမလဲဆိုတာ အဲ့ဒါကို ကျနော်တို့ဆက်ပြီးတောင်းဆိုရမှာပေါ့၊ စည်းရုံးရမှာ" လို့ ပြောပါတယ်။

အမေရိကန်အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ NDAA ကို အမေရိကန်အောက်လွှတ်တော်က ၂၀၂၂ ဒီဇင်ဘာ ၇ ရက်နေ့မှာ အတည်ပြုခဲ့ပြီး စာမျက်နှာ ၂၅ မျက်နှာပါဝင်တဲ့ Burma Act တခုလုံးကိုလည်း ထည့်သွင်းခဲ့ပါတယ်။

အမေရိကန်အောက် လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ NDAA အရ မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့ အမေရိကန်စိုးရက ၂၀၂၃ ခုနှစ်ကနေ ၂၀၂၇နှစ်အတွင်း ဘဏ္ဍာရေးရန်ပုံငွေတွေကို ခွင့်ပြုပေးသွားမှာဖြစ်ပြီး တော်လှန်ရေးလက်နက်ကိုင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်နက်မဟုတ်တဲ့ နည်းပညာအကူအညီတွေအပါအဝင် အစီအစဉ် ၇ ခုကို ပေးအပ်သွားဖို့ ရှိနေပါတယ်။

DVB
March 24, 2024

ที่อยู่

Surat Thani

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ba Gyi Aungผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Ba Gyi Aung:

แชร์