07/03/2026
မျှဝေခြင်းဟာ ဂရုစိုက်ခြင်းပါပဲ ✨🪷
ကျွန်တော် နည်းနည်းနားလည်လာတဲ့အခါ တွေးဖူးတယ်
ငါ့ကိုငယ်တုန်းကသာ English စာ
ကိုလေ့လာဖို့ တိုက်တွန်းတဲ့သူရှိခဲ့ရင်
ငါ့ကို computer စောစောသင်ဖို့
ပြောပေးခဲ့တဲ့လူရှိခဲ့ရင်
ငါ့ကိုတရုတ်စကားတွေကို နားလည်ချင်ယောင်မဆောင်ပဲ
တကယ်ထိရောက်စွာ သင်ဖို့ပြောခဲ့တဲ့သူရှိခဲ့ရင်
အလုပ်တစ်ခုစဝင်တဲ့အခါ ပညာပြမယ့်သူထက်
မောင်လေးရေ ဒါလေးကတော့ ဒီလိုလုပ်ရတယ်နော်လို့
ပြောမယ့်သူသာရှိခဲ့ရင်
ဆိုပြီး ခဏခဏ တွေးဖူးတယ်
မြန်မာစကားတခုရှိပါတယ် စေတနာဟာ လူတိုင်းနဲ့မတန် တဲ့
ဟုတ်ပါတယ် ကိုယ်ရဲ့အချိန်တွေအလကား မကုန်အောင်
ဒါဟာလိုက်နာရမယ့် စည်းကမ်းတစ်ခုပါပဲ
ဒါပေမယ့် စာလေးတပုဒ်၊ အကြောင်းရာလေးတခု
လိုအပ်တဲ့သူဟာ ဖတ်သွားမယ်
မလိုအပ်တဲ့သူဟာ ကျော်သွားမယ်
လူ့ပတ်ဝန်းကျင်ထိခိုက်မယ့် အကြောင်းအရာတွေ
မပြောဘူးဆိုရင် ဒါဟာ အသုံးဝင်နိုင်မယ်ထင်ပါတယ်
ကျွန်တော် ချစ်ခင်လေးစားရတဲ့ Teacher Eliza
ပြောဖူးတဲ့စကားတစ်ခုရှိတယ် လူ့လောကကို
Serve ဖြစ်အောင်လုပ်နိုင်တဲ့ အရည်အချင်းရှိရင်
လူရှေ့ကို ထွက်ဖို့မကြောက်ပါနဲ့တဲ့
ကျွန်တော် အဲ့လိုအရည်အချင်းရဖို့ ကြိုးစားနေတဲ့ကာလပါ
ရှေ့ကို ထွက်မယ်လို့ဆုံးဖြတ်တဲ့အခါ
ဖြစ်ပါ့မလား ကိုယ့်ရဲ့အသိုင်းအဝိုင်းလေးထဲကနေ
လူအများအမြင်ကိုထွက်တဲ့အခါ ငါ့ကို အရင်က
မကောင်းတာတွေရွေးပြောကြမလား comment တွေမှာ
negative ဆန်တာတွေပြောကြမလား ငါရဲ့အတွေး
ငါရဲ့ထင်မြင်ချက်တွေနဲ့ မကိုက်ညီတဲ့လူတွေ
တောက်လျှောက် ပေါ်လာမလား တွေးပူပြီး
ဒီလိုစာမျက်နှာမျိုးတော့ မလုပ်တော့ပါဘူး
ငါ့ဘာသာပဲသိရင်ရပါပြီဆိုပြီး တွေဝေနေတာ
ကာလတစ်ခု ကြာခဲ့ပါပြီ
ဒါပေမယ့် မွေးဖွားရှင်သန်လာရတဲ့ ပတ်ဝန်းကျင်မှာ
စိတ်ကိုအေးချမ်းစေတဲ့ သက်သာရမယ့် နည်းလမ်းလေးတွေ
ပြောပြပေးနေတဲ့လူတွေနည်းနေတဲ့အခါ ငါဟာ
ရှေ့ကိုသာထွက်ပေးခဲ့ရင်ဆိုပြီး ပြန်တွေးမိပါတယ်
The world is full of good people.
If you can't find one, be one.
ဖတ်ဖူးတဲ့စာလေးကို သတိရမိပါတယ်
ဒါကြောင့် ဒီ page လေး နဲ့ ရှေ့ထွက်ဖို့
ဆုံးဖြတ်လိုက်ပါတယ်
ဒီနေရာမှာ တစ်ခုကြိုကာထားချင်တာက
ကျွန်တော်သည် သူများထက်ထူးချွန်နေလို့မဟုတ်
သူများတကာလိုပဲ အမှားတွေအများကြီးလုပ်ခဲ့တယ်
မှားနေစဲ အမှန်ကိုရှာဖွေနေစဲ လူတစ်ယောက်ပါပဲ
ဒါပေမယ့် ဒီမှာတော့ ကျွန်တော်ဖတ်ဖူးခဲ့တဲ့ စာအုပ်တွေ၊
ကျင့်သုံးရတော့မယ့် mindset ၊ အပူတွေများတဲ့
လောကကြီးမှာ အေးချမ်းအောင်နေချင်တဲ့
အကြောင်းတွေနဲ့ တစ်ပတ်ကို တစ်ခါ (သို့) နှစ်ခါ
ကျွန်တော့်ကိုမြင်သွားရပါမယ်
စာရှည်ရှည်ကို အဆုံးထိဖတ်ပေးဖို့ကျေးဇူးတင်ပါတယ်
ဒီနေ့မှာလည်း သာယာသောနေ့ရက်လေးကို
ပိုင်ဆိုင်နိုင်ပါစေ
စစ်မှန်စွာဖြင့်
ရွှေရင်အေး 🪷