09/03/2026
ယခုရက်ပိုင်း လူမှုကွန်ရက်ပေါ်မှာ ဂယက်ထနေတဲ့ သုံးခွမြို့က အိမ်ထောင်ရေးအရှုပ်အရှင်းနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ မ Blame ချင်ပေမဲ့ မိန်းမဝါဒီ အမြင်အရရော သင်ခန်းစာယူစရာအနေနဲ့ပါ မျှဝေပေးချင်ပါတယ် ☺
အိမ်ထောင်ရေး ဖော.က်ပြန်မှုတစ်ခုမှာ "လင်ခို:မ" ဆိုပြီး အမျိုးသမီးတစ်ယောက်တည်းကို ပုံချလို့မရပါဘူး။ တစ်ဖက်တည်းကြောင့် မဟုတ်သလို အဓိက တာဝန်အရှိဆုံးနဲ့ မကောင်းတာကတော့ ယောကျ်ားဖြစ်သူပါပဲ။
မိမိလက်ထဲက ယောကျ်ားကို သူများလာခို:လို့ ပါသွားတယ်ဆိုကတည်းက အဲ့ဒီယောကျ်ားက အဓိက တာဝန်မကင်းသူ ဖြစ်နေလို့ပါ။
ဒီအဖြစ်အပျက်ကို သင်ခန်းစာယူကြည့်ရင်...
၁။ မယားကြီး (တရားဝင်ဇနီး)
အရှု.ပ်ထု.တ် လင်ယောကျ်ားကြောင့် မိမိကိုယ်တိုင် တရားဝင်ဇနီးပါဆိုတာကို သတင်းစာထဲ ထည့်ရ၊ Live လွင့်ရှင်းရနဲ့ မယားငယ်ကို ကလော်တု.တ်ဆဲဆိုနေရရှာပါတယ်။
၂။ မယားငယ် (အမျိုးသမီးငယ်များအတွက် သင်ခန်းစာ)
သူများအကျ၊ သူများသုံးပြီးသား ယောကျ်ားကို ဘာလို့ သွားမက်နေကြတာလဲ။ လူပျို/လူလွတ် ရှာမရလို့လားဆိုတော့လည်း မဟုတ်ပါဘူး။ အချစ်ဆိုတာထက် သွားရောက်ရွေးချယ်ခဲ့တဲ့ မိမိရဲ့ ဆုံးဖြ-တ်ချက်မှားမှန်မှုပေါ်မှာပဲ မူတည်ပါတယ်။
မြန်မာ့လူမှုအဖွဲ့အစည်းမှာ -
Separated ကာလမှာ ကြိုက်ပြီး တရားဝင်ယူရင်တောင် မယားငယ်လို့ အပြောခံရတတ်သည်။
မယားကြီးေ-သလို့/ကွဲလို့ ယူတာတောင် နောက်ဇနီးကို မယားငယ်လို့ စွ.ပ်စွဲတတ်ကြသေးသည်။
ဒီလိုပတ်ဝန်းကျင်မျိုးမှာ မယားကြီး ငု.တ်တုတ်ရှိပါလျက်နဲ့ သွားရောက်ငြိစွန်:ရင်တော့ ဘယ်တော့မှ နလန်ပြန်မထူနိုင်တော့ပါဘူး။
ကလေးရလာရင်တောင် မယားငယ်ဟာ မယားငယ်ပါပဲ၊ ဘယ်တော့မှ ပွဲတက် တရားဝင်ဇနီး ဖြစ်မလာနိုင်ပါဘူး။
မိန်းမပျိုများသို့ အကြံပြုချက်
ကိုယ်ကြောင့် သူတပါးမိသားစု မျက်ရည်မကျပါစေနဲ့၊ မပြိုကွဲပါစေနဲ့။ အိမ်ထောင်ရှိသူနဲ့ ငြိစွန်:မိနေရင် မသိလို့ပဲဖြစ်ဖြစ်၊ သိလိုက်ရတဲ့နေ့မှာ ချက်ချင်း ရပ်တန့်ပါ။
ကလေးရှိလာရင်လည်း မိမိဘာသာ ပြုစုပျိုးထောင်ပါ။
မိမိဘဝ စာမျက်နှာမှာ "မယားငယ်/လ.င်ခို:မ" ဆိုတဲ့ တံဆိပ်က ခဲဖျက်နဲ့ဖျက်ရင်တောင် မပျက်တော့မယ့် အမည်းစက်ဖြစ်သွားနိုင်တာမို့ မမှားသင့်တဲ့ အမှားမျိုး မမှားကြဖို့နဲ့ မိန်းမပျိုများအားလုံး သာယာလှပတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။
Yu's - Life in United States ရဲ့ ရေးသားမျှဝေချက်ကို အခြေခံထားပါတယ်
#သုံးခွ