Jacob Knowles

Directions

Jacob Knowles Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Jacob Knowles, Apartment & Condo Building, Jackson Street, Dallas, TX.

သားလေးကို ကျွေးမွေးစောင့်ရှောက်ဖို့ ဘယ်လိုမှ မတတ်နိုင်တော့တဲ့အဆုံး ကိုကြီးပရိဟတ မန္တလေး ကို မွေးစားဖို့ ပေးလိုက်ရတဲ့ မိခ...
09/16/2026

သားလေးကို ကျွေးမွေးစောင့်ရှောက်ဖို့ ဘယ်လိုမှ မတတ်နိုင်တော့တဲ့အဆုံး ကိုကြီးပရိဟတ မန္တလေး ကို မွေးစားဖို့ ပေးလိုက်ရတဲ့ မိခင် 😰💔

သားငယ်လေး ရင်ခွင်ထဲက ထွက်သွားတဲ့ အဲဒီနေ့က မိခင်တစ်ယောက်ရဲ့ ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲခဲ့ရတာပါ။

​မိခင်တိုင်းဟာ မိမိရင်သွေးကို မျက်စိအောက်က မပြတ် တနုတနွံ ပြုစုစောင့်ရှောက်ချင်ကြတာ ဓမ္မတာပါ။

ဒါပေမဲ့ ရောဂါဝေဒနာတွေက ဖိစီး၊ ဘဝကလည်း ကျန့်ကြာအောင် ပင်ပန်းလာတဲ့အခါ... မိမိလက်ထဲမှာ ထားရင် ရင်သွေးလေးရဲ့ အနာဂတ်ပါ မှောင်အတိကျတော့မယ်ဆိုတာ မိခင်တစ်ယောက်အနေနဲ့ ရှင်းရှင်းကြီး မြင်ခဲ့ရပါတယ်။

​မတတ်နိုင်တော့တဲ့အဆုံး၊ ရင်ကို အ.ကွဲ.ခံပြီး မန္တလေးက ကိုကြီးပရိဟတ ဆီကို သားငယ်လေးကို မွေးစားဖို့ ပေးလိုက်ရတဲ့နေ့ဟာ ကျမဘဝရဲ့ အမှောင်မိုက်ဆုံးနဲ့ ဝမ်းနည်းစရာအတိုင်းထက်အလွန် နေ့တစ်နေ့ပါပဲ။

​ကလေးကို ပေးလိုက်ရတာ မိခင်မေတ္တာ မရှိလို့မဟုတ်ပါဘူး။ မိမိရဲ့ ညံ့ဖျင်းမှုနဲ့ ကျန်းမာရေး မကောင်းမှုတွေကြားမှာ သားလေးကို သင့်တင့်လျောက်ပတ်တဲ့ အနာဂတ်၊ လုံခြုံတဲ့ နွေးထွေးမှုနဲ့ ပညာရေးကို ရစေချင်တဲ့ မေတ္တာတစ်ခုတည်းကြောင့်ပါ။

​သားလေး ရင်ခွင်ထဲက ထွက်သွားတဲ့ ခရီးလမ်းကို ကြည့်ရင်း ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်တွေထဲမှာ...

​သားလေးကို သံယောဇဉ် မပြတ်နိုင်တဲ့ တွယ်တာမှု ၊ ​မပြုစုနိုင်ခဲ့တဲ့ နာကျင်မှု၊ ​နောက်ပြီး သားလေး ရောက်ရာအရပ်မှာ လူစဉ်မီ အဆင်ပြေပါစေဆိုတဲ့ ဆုတောင်းမေတ္တာတွေ ရောယှက်နေခဲ့ပါတယ်။

​မေတ္တာဆိုတာ အနီးမှာ ထားမှ မဟုတ်ပါဘူး၊ သားရဲ့ အနာဂတ်လှပဖို့အတွက်ဆို မိခင်ဟာ သေလောက်အောင် နာကျင်ရတဲ့ စွန့်လွှတ်ခြင်းကိုပင် ပြုံးပြုံးလေး ရင်ဆိုင်ရဲတာ မိခင်မေတ္တာပါပဲ။

​မန္တလေးက ကိုကြီးပရိဟတ မိသားစု အနွေးဓာတ်အောက်မှာ သားငယ်လေး ကျန်းမာချမ်းသာစွာနဲ့ အနာဂတ်ကောင်း ပိုင်ဆိုင်နိုင်ပါစေကြောင်း စိတ္တဇ ဝေဒနာတွေကြားကပဲ ဆုတောင်းပေးနေပါတယ်။

​ #မိခင်
#ကိုကြီးပရိဟတမန္တလေး

မနေ့ညက ရန်ကုန် စမ်းချောင်း Bar 4 U ဆိုင် မီ.:လော-င်၍ အမျိုးသားနှစ်ဦး ဆုံ.:ပါ:မှုတွင် တစ်ဦးမှာ Bar 4 U မှ အကြော်ဆရာဖြစ်သူ...
09/14/2026

မနေ့ညက ရန်ကုန် စမ်းချောင်း Bar 4 U ဆိုင် မီ.:လော-င်၍ အမျိုးသားနှစ်ဦး ဆုံ.:ပါ:မှုတွင်

တစ်ဦးမှာ Bar 4 U မှ အကြော်ဆရာဖြစ်သူ စမင်းသူ (အောင်မြတ်သူ)ဖြစ်ကြောင်း သူ၏ သူငယ်ချင်းတစ်ဦးထံမှ သိရပါတယ်...💔

ကောင်းရာသုဂတိလားပါစေ...🥀

#စမ်းချောင်း

#အောင်မြတ်သူ
#အကြော်ဆရာ

မိသားစုအတွက် ရိုးရိုးသားသား လုပ်ကိုင်ရှာဖွေ ကျွေးမွေးနေတဲ့သူမို့ စိတ်မကောင်းလိုက်တာနော် 😰💔မိသားစုအတွက် ကြိုးစားရုန်းကန်န...
09/10/2026

မိသားစုအတွက် ရိုးရိုးသားသား လုပ်ကိုင်ရှာဖွေ ကျွေးမွေးနေတဲ့သူမို့ စိတ်မကောင်းလိုက်တာနော် 😰💔

မိသားစုအတွက် ကြိုးစားရုန်းကန်နေရင်း စက်တင်ဘာ (၆) ရက်နေ့က မတရားသဖြင့် အသ.က်ပေးလိုက်ရတဲ ကားအငှားဝန်ဆောင်မှုပေးသူ ညီလေး ကိုဝင်းကို အတွက် ရင်ထုမမျှ အလွန်ဝမ်းနည်းကြေကွဲရပါတယ်။

​ကျန်ရစ်သူ မိသားစုနှင့် ထပ်တူ ဝမ်းနည်းပူဆွေးရပြီး ညီလေး ကိုဝင်းကို အတိတ်ဘဝက ဝဋ်ကြွေးရှိခဲ့ရင်လည်း ဒီဘဝမှာတင် ပြေပျောက်ပါစေတော့။

​🕊️ ဘဝဆက်တိုင်း သံသရာမှာ...

​ယခုလို မတရား ရ.က်စ.က်စွာ ပြုမူခံရသည့် ဘေ:မှ ကင်းဝေးပါစေ။

​မကောင်းသော ဘဝ၊ မကောင်းသော ဘေးရန်များနှင့် ဝေးကွာပြီး မြင့်မြတ်သော သုဂတိဘုံသို့ ရောက်ရှိပါစေ။

​ကောင်းရာသုဂတိမှာ အေးချမ်းစွာ အနားယူပါတော့ ညီလေး…..

#ကိုဝင်းကို
#နေပြည်တော်

တာမွေမြို့ ၁၅၄ လမ်းမှာ ရေကြီးနေစဥ် ရေဆင်းကစားရင်း ရေစီးနှင့် မျောပါပျော.က်ဆုံ:သွားခဲ့တဲ့ အသက် (၁၄) နှစ်အရွယ် မောင်ဖိုးသာ...
09/09/2026

တာမွေမြို့ ၁၅၄ လမ်းမှာ ရေကြီးနေစဥ် ရေဆင်းကစားရင်း ရေစီးနှင့် မျောပါပျော.က်ဆုံ:သွားခဲ့တဲ့ အသက် (၁၄) နှစ်အရွယ် မောင်ဖိုးသား 😰💔

မိခင်ဖြစ်သူရဲ့ ရ.င်ကွဲပ.က်လ.က် စကားသံများ...

​"သားလေး တစ်ယောက်တည်း ရှိတာပါ။ ကလေးအဖေနဲ့က ကွဲသွားတာ ကြာပါပြီ။ သားကိုလည်း ငွေကြေးအခက်အခဲရှိလို့ ကျောင်းဆက်မထားနိုင်ပါဘူး။ ကျွန်မ အလုပ်သွားနေချိန်မှာ အခုလို ဖြစ်သွားတာပါ။

သိသိချင်း အရူးတစ်ယောက်လိုပဲ ရေထဲခုန်ဆင်းပြီး ကျွန်မကိုယ်တိုင် ရှာခဲ့ပါသေးတယ်။ အခုချိန်အထိ သားကို ရှာမတွေ့သေးဘူး..."

​မိခင်တစ်ယောက်၏ ရင်ကွဲမတတ် ပူဆွေးသောကကို စာနာသောအားဖြင့် သားငယ် မောင်ဖိုးသား (ခေါ်) မောင်မင်းခန့်ကျော်ကို တွေ့ရှိသူများရှိပါက နီးစပ်ရာ လူမှုကူညီရေးအသင်းများနှင့် သက်ဆိုင်ရာသို့ အမြန်ဆုံ:အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

​ #တာမွေ
#၁၅၄လမ်း
#ရေကြီးရေလျှံ
#မောင်မင်းခန့်ကျော်
#မောင်ဖိုးသား

နှလုံးရောဂါနဲ့ ကွ.ယ်လွ.န်သွားပြီဆိုလို့ ဝမ်းနည်းလိုက်ရတာ 😰 သူကတော့ အကြွေ:မပေးနိုင်လို့ ရှော.င်​ပြေ:နေတာတဲ့မေဘယ်ဦးကတော့ ...
09/07/2026

နှလုံးရောဂါနဲ့ ကွ.ယ်လွ.န်သွားပြီဆိုလို့ ဝမ်းနည်းလိုက်ရတာ 😰 သူကတော့ အကြွေ:မပေးနိုင်လို့ ရှော.င်​ပြေ:နေတာတဲ့

မေဘယ်ဦးကတော့ ပိုင်တံခွန့်ညီ ရှင်ဘုန်းပြည့်နဲ့တွဲရင်း ပွဲတွေဖြစ်ခဲ့တာကြောင့် လူမှုကွန်ရက်မှာ နာမည်ကြီးခဲ့သူပါ။

လက်ရှိမှာတော့ မေဘယ်ဦးဟာ ဆံပင်ညှပ်ဆရာ ကိုအောင်သီဟနဲ့ သိပ်မကြာခင်ကမှ လက်ထပ်ထားတာလည်း ဖြစ်ပါတယ်။

မေဘယ်ဦးရဲ့ခင်ပွန်းဖြစ်သူ ကိုအောင်သီဟက မေဘယ်ဦး အသက် ၂၉ နှစ်အရွယ်မှာပဲ နှလုံးရောဂါနဲ့ ရု-တ်တရက်ကွ.ယ်လွ.န်သွားပြီဆိုပြီး သူ့ရဲ့အကောင့်ကနေ ကြေငြာခဲ့ပါတယ်။

အားလုံးက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံ:ပါ:သွားရတဲ့ မေဘယ်ဦးအတွက် စိတ်မကောင်းဖြစ်နေကြတဲ့ အချိန်မှာပဲ နောက်ကွယ်က ဖြစ်ရပ်မှန် အချို့ပေါ်ပေါက်လာခဲ့ပါတယ်။

အဲ့တာကတော့ မေဘယ်ဦးဟာ အမှန်တကယ် ကွယ်လွန်သွားတာမဟုတ်ပဲ အကြွေ:တွေမပေးနိုင်လို့ မဟုတ်မမှန် သတင်းလွှင့်ခဲ့တာဖြစ်တယ်လို့ သိရ​ပါတယ်။

ကိုအောင်သီဟ တင်ထားတဲ့ မေဘယ်ဦး ကွ.ယ်လွ.န်သွားပြီဆိုတဲ့ ပိုစ့်ကိုလည်း ပြန်ဖျက်သွားတာကြောင့် ထွက်ပေါ်နေတဲ့ သတင်းဟာ အမှန်တကယ်ဖြစ်နိုင်ပါတယ်။

ယခုပို့စ်ရဲ့ ကောမန့်မှာလည်း မေဘယ်ဦးရဲ့ လုပ်ရပ်ကို တိတိကျကျ ပြောထားတဲ့ ကောမန့်တွေကို ဖော်ပြပေးထားပါတယ်။

ပရိတ်သက်​တို့ရဲ့ အမြင်ကိုလည်း ဆွေးနွေးခဲ့ကြပါအုံး...





ရန်ကုန်-မန်းလေး အမြန်လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ထိ.တ်လ.န့်စရာ ဖြစ်ရပ် 😭 တိုင်းပြည်က လုံးဝ မလုံခြုံတော့ဘူးရန်ကုန်-မန္တလေ...
09/07/2026

ရန်ကုန်-မန်းလေး အမြန်လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ထိ.တ်လ.န့်စရာ ဖြစ်ရပ် 😭 တိုင်းပြည်က လုံးဝ မလုံခြုံတော့ဘူး

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၇၉/၁) မိုင်အနီးတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာ၌ နေထိုင်သည့် ကားအငှားဝန်ဆောင်မှု လုပ်ကိုင်သူ ဦးဝင်းကို (၃၄ နှစ်) အား ရို-...တ်နှ-...က်သ-..က်ဖြ-..က်၍ ၎င်း၏ ယာဉ်အား လုယူသွားသည့် စိတ်မကောင်းဖွယ် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသည်။

​ဖြစ်စဉ်အကျဉ်း -

စက်တင်ဘာ ၆ ရက် ညနေ ၄ နာရီခွဲခန့်တွင် မိသားစုမှ ဦးဝင်းကိုထံ ဖုန်းဆက်သွယ်ရာ အခြားအမျိုးသားတစ်ဦးမှ ဖုန်းလက်ခံဖြေကြားခဲ့ပြီးနောက် စက်ပိတ်သွားခဲ့သဖြင့် မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့ထံ အကူအညီတောင်းခံခဲ့ခြင်း ဖြစ်သည်။

​ထို့နောက် ညနေ ၅ နာရီခွဲကျော်တွင် အမြန်လမ်း မိုင်တိုင် (၂၇၉/၁) အနီး လမ်းဘေး ပေ ၃၀၀ ကျော်အကွာ၌ ဦးခေါင်းနှင့် မျက်လုံးတို့တွင် ဒ-..ဏ်ရာများဖြင့် ​ဆုံ:ပါ:နေသော ဦးဝင်းကို၏ အလော-.င်းအား တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

​လက်ရှိတွင် တရားခံများအား အမြန်ဆုံး ဖ-..မ်းဆီ:ရမိရေးအတွက် ရဲတပ်ဖွဲ့မှ စုံစမ်းစ-..စ်ဆေ:လျက်ရှိပြီး အဆိုပါ 9Q/4825 Hyundai Accent (အဖြူရောင်) ယာဉ်အား တွေ့ရှိပါက သက်ဆိုင်ရာ နီးစပ်ရာ ရဲစခန်းများသို့ အမြန်ဆုံး သတင်းပေးပို့ အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကားတစ်စီးလုံးကပါ ယူသွားတာ​ဆိုတော့ မကြာခင်ရှာတွေ့မှာပါပဲ...ပစ္စည်းလုယူတာအပြင် အသ..က်ကိုပါ ရန်ရှာတာတော့ လွန်လွန်းပါတယ်

"ခေါင်မိုးမလုံရင် တစ်အိမ်လုံး ရေရွှဲတယ်" ဆိုတဲ့ မြန်မာစကားပုံလိုပါပဲ

တိုင်းပြည်က စာ:ဝတ်နေရကျ-ပ်တည်းလာကြတော့ လုယ-က်မှုတွေလည်း ဆက်တို-..က်ကြားလာရပါတယ်

ဘယ်သူတွေမှာ တာဝန်ရှိတယ်လို့ မြင်လဲဆိုတာ ဆွေးနွေးခဲ့ကြပါအုံးနော်...😰

#ကိုဝင်းကို
#နေပြည်တော်ကားအငှားဝန်ဆောင်မှု
#ရန်ကုန်မန္တလေးအမြန်လမ်း

အကြွေးသွားတောင်းရာမှ အကြွေးမရပဲ အသက်ပေးလိုက်ရသူ ဒေါ်မေသူဟာ စိတ်ရင်းကောင်းသူမို့ ပတ်ဝန်းကျင်ကတောင် ဝမ်းနည်းနှမျောတသ ဖြစ်န...
09/05/2026

အကြွေးသွားတောင်းရာမှ အကြွေးမရပဲ အသက်ပေးလိုက်ရသူ ဒေါ်မေသူဟာ စိတ်ရင်းကောင်းသူမို့ ပတ်ဝန်းကျင်ကတောင် ဝမ်းနည်းနှမျောတသ ဖြစ်နေကြတယ် 😭💔

ထောက်ကြန့်မြို့၊ ရွာမရပ်ကွက်နေ ဒေါ်မေလင်း (ခ) အသေးလေး (၃၄ နှစ်) ဆိုသူဟာ ဒေါ်မေသူဆီမှာ ငွေကျပ် သိန်း ၃၀၀ နီးပါး အပါအဝင် အခြားသော အကြတေ:တွေ တင်ရှိနေသူ ဖြစ်ပါတယ်

​အကြွေးတွေ ကြေကျေလည်လည် ဖြစ်သွားအောင်ဆိုပြီး ဒေါ်မေသူက စေတနာရှေ့ထားကာ သူမရဲ့ ဝက်သားဒိုင်ကနေ ဝက်သားတွေ ယူရောင်းပြီး တစ်ဖြည်းဖြည်း ပြန်ဆပ်ဖို့ ကူညီလမ်းပွင့်ပေးခဲ့ပါတယ်။

အသေးလေးကလည်း ကတိပေးပြီး နေ့စဉ် ဝက်သားယူရောင်းခဲ့ပေမဲ့ အရင်းရော အကြွေးပါ တစ်ပြားမှ ပြန်မပေးခဲ့ပါဘူး။

​ဒါကြောင့် ဒေါ်မေသူက ဝက်သား ဆက်မပေးတော့သလို အခြားသော ဒိုင်တွေကပါ သတင်းကြားပြီး စျေးတင်မရောင်းပေးရဲကြတော့ပါဘူး။

​စက်တင်ဘာ (၁) ရက်၊ မနက်အစောပိုင်း ၂:၄၅ နာရီခန့်မှာ စျေးတင်မရောင်းပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ထောက်ကြန့် ရတနာသီရိစျေးသစ် အပေါက်ဝမှာ နှစ်ဦးသား အချင်းများခဲ့ကြပါတယ်။

​ဒေါ်မေသူက အကြောင်းမဲ့ မနေဘဲ အကြွေးတွေ ပြန်ဆပ်ဖို့ ပြောဆိုရာမှ စကားများ လုံးထွေးခဲ့ကြပြီး အသေးလေးက အသင့်ပါလာတဲ့ ဓ--ားနဲ့ အချက်ပေါင်းများစွာ ရ_...က်စ-...က်စွာ ထို-...:ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒေါ်မေသူမှာတော့ ရရှိတဲ့ ဒ-ဏ်ရာတွေကြောင့် အသ.က်ဆုံ:ပါးသွားခဲ့ရပါတယ်။

​
​ဒေါ်မေသူဟာ စိတ်ရင်းကောင်းမွန်ပြီး စျေးထဲရှိ လုပ်ငန်းတူ သူငယ်ချင်းများ၊ မိတ်ဆွေများအားလုံးနဲ့ ချစ်ချစ်ခင်ခင် ပေါင်းသင်းကာ ကူညီတတ်သူတစ်ဦးဖြစ်တာကြောင့် အခုလို နှစ်ရှည်လများ ကူညီပေးခဲ့ဖူးသူရဲ့ လက်ချက်နဲ့ အသက်ဆုံးပါးသွားခဲ့ရတဲ့အပေါ် စျေးသူစျေးသားများနှင့် မိတ်ဆွေများက စိတ်မကောင်းစွာဖြင့် ဝမ်းနည်းနှမြောတသ ဖြစ်နေကြရပါတယ်။

​ဒေါ်မေသူရဲ့ နာရေးကိုတော့ ပြီးခဲ့တဲ့ရက်က ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။

​ကျေးဇူးတရားကို စေတနာနဲ့ တုံ့ပြန်ရမယ့်အစား ရ-..က်စ-..က်စွာ အသ.က်နုတ်ယူသွားခဲ့တဲ့ တရားခံကို ထိုက်သင့်တဲ့ ပြ-..စ်ဒ-..ဏ်မြန်မြန်ဆန်ဆန် ရရှိစေချင်ပါတယ်။

​မမေသူတစ်ယောက် အမျှရပြီး ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ 🌸

#ဒေါ်မေသူ
#ဒေါ်မေလင်း
#ဝက်သားဒိုင်

လူ ၂၈ ဦးလိုက်ပါခဲ့ပေမယ့် တစ်ဦးတည်း ကံဆို.:စွာနဲ့ ကွယ်လွန်ခဲ့ရတဲ့ နန်းသီတာ ခရီးသွားဝန်ဆောင်မှုမှ အမျိုးသမီး 😭စက်တင်ဘာ ၂...
09/04/2026

လူ ၂၈ ဦးလိုက်ပါခဲ့ပေမယ့် တစ်ဦးတည်း ကံဆို.:စွာနဲ့ ကွယ်လွန်ခဲ့ရတဲ့ နန်းသီတာ ခရီးသွားဝန်ဆောင်မှုမှ အမျိုးသမီး 😭

စက်တင်ဘာ ၂ ရက်နေ့က ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးကားလမ်း (မိုင်တိုင် ၅၅၅/၅ km နှင့် ၅၅၆/၀ km ကြား) ခမ်းပေါ့ကျေးရွာနှင့် တောင်သုံးလုံးကျေးရွာအနီးတွင် တာချီလိတ်မှ လာရှိုးသို့ မောင်းနှင်လာသည့် "ခရီးသစ်တင်" Express ခရီးသည်တင်ယာဉ် ဘရိတ်ပေါ-က်၍ ပေ ၅၀ ခန့်အနက်ရှိ ချောက်အတွင်းသို့ ထို-:ကျတိ-မ်းမှော-က်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

​ယာဉ်ပေါ်တွင် ခရီးသည် အမျိုးသား (၁၃) ဦး၊ အမျိုးသမီး (၉) ဦး၊ ယာဉ်မောင်း (၂) ဦး၊ ယာဉ်နောက်လိုက် (၂) ဦး၊ ယာဉ်မယ် (၁) ဦးနှင့် ယာဉ်မောင် (၁) ဦး စုစုပေါင်း (၂၈) ဦး လိုက်ပါလာခဲ့ခြင်းဖြစ်သည်။

​အဆိုပါ မတော်တဆမှုကြောင့် တစ်စီးလုံးတွင် နန်းသီတာခရီးသွား ဝန်ဆောင်မှုမှ အမျိုးသမီးတစ်ဦး ကံဆို-:စွာဖြင့် ​ေ-သဆုံးခဲ့ရပြီး၊ ကျန်ခရီးသည် အမျိုးသား (၁၁) ဦးနှင့် အမျိုးသမီး (၈) ဦး (စုစုပေါင်း ၁၉ ဦး) တို့ ထိခိုက်ဒ-ဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြသည်။

​ဖြစ်စဉ်ဖြစ်ပွားရာသို့ မိုင်းပျဉ်းမြို့နယ် မီးသ-က်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကူညီ ကယ်ဆယ်ခဲ့ပြီး၊ ​ေ-သဆုံးသူနှင့် ဒ-ဏ်ရာရရှိသူများကို တုံတာလူမှုကူညီရေးအသင်းပိုင် ယာဉ်များဖြင့် တုံတာတိုက်နယ်ဆေ:ရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

​ #တာချီလိတ်
#လာရှိုး
#မိုင်းပျဉ်း
#ခရီးသစ်တင်
#နန်းသီတာ

မြန်မာနိုင်ငံ၏ နာမည်ကြီး Feel စားသောက်ဆိုင်လုပ်ငန်းစု ပိုင်ရှင်ဖြစ်သူ ဦးစိုးညီညီက ၎င်း၏ လုပ်ငန်းနှင့် ပိုင်ဆိုင်မှုများက...
09/03/2026

မြန်မာနိုင်ငံ၏ နာမည်ကြီး Feel စားသောက်ဆိုင်လုပ်ငန်းစု ပိုင်ရှင်ဖြစ်သူ ဦးစိုးညီညီက ၎င်း၏ လုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို ဝန်ထမ်းများအား လွှဲပြောင်းပေးအပ်ခဲ့ပါတယ် 😱❤

ဦးစိုးညီညီဟာ ဘယ်လုပ်ငန်းရှင်မှ မလုပ်နိုင်တဲ့ ဦးဆောင်မှုပုံစံသစ်ဖြစ်သော "Love Management" ဖြင့် စီမံခန့်ခွဲလျက်ရှိကြောင်း သိရသည်။

​ဦးစိုးညီညီသည် ၎င်း၏ကိုယ်ပိုင်ဘဝ ပြည့်စုံလုံလောက်ပြီဖြစ်၍ လုပ်ငန်းအား ၂၀၀၉ ခုနှစ်ကတည်းကပင် ဝန်ထမ်းများထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး၊ ဝန်ထမ်းများ၏ အနာဂတ် ရင်းနှီးမြှုပ်နှံမှုအတွက် ပွားများလာမည့် မြေကွက်များကိုပါ ဝယ်ယူပေးထားကြောင်း ပြောကြားခဲ့သည်။

​၎င်း၏ စီမံခန့်ခွဲမှု လျှို့ဝှက်ချက်နှင့် ပတ်သက်၍ —

"ဦးက သားသမီးမရှိဘူး၊ ဝန်ထမ်းသားသမီးတွေကို တကယ်ချစ်တာပါ။ သူဌေးဆိုတာထက် အဖေတစ်ယောက်လို စောင့်ရှောက်တာဖြစ်လို့ Love Management နဲ့ အုပ်ချုပ်တာပါ" ဟု ဦးစိုးညီညီက ဆိုသည်။

​ထို့အပြင် ၎င်းကွယ်လွန်ချိန်၌ ကျန်ရစ်မည့် ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာ အားလုံးကိုလည်း ဝန်ထမ်းများအား အညီအမျှ မျှဝေပေးသွားရန် ကြိုတင်မှာကြားစီစဉ်ပြီးဖြစ်ကြောင်း သိရသည်။

​ယခုကဲ့သို့ စိတ္တဇနာမ်ထက် လက်တွေ့ကျကျ ဝန်ထမ်းများ၏ ရပိုင်ခွင့်နှင့် အနာဂတ်ကို ဖန်တီးပေးသည့် ဦးစိုးညီညီ၏ ခေါင်းဆောင်မှုပုံစံသည် မြန်မာ့စီးပွားရေး အသိုင်းအဝိုင်းတွင် စံနမူနာယူဖွယ်ရာ လူမှုကူညီရေးနှင့် ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုအဖြစ် ချီးကျူးပြောဆိုလျက် ရှိကြသည်။


#စားသောက်ဆိုင်
#ဦးစိုးညီညီ

ယခုရက်ပိုင်း လူမှုကွန်ရက်ပေါ်မှာ ဂယက်ထနေတဲ့ သုံးခွမြို့က အိမ်ထောင်ရေးအရှုပ်အရှင်းနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ မ Blame ချင်...
09/03/2026

ယခုရက်ပိုင်း လူမှုကွန်ရက်ပေါ်မှာ ဂယက်ထနေတဲ့ သုံးခွမြို့က အိမ်ထောင်ရေးအရှုပ်အရှင်းနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ မ Blame ချင်ပေမဲ့ မိန်းမဝါဒီ အမြင်အရရော သင်ခန်းစာယူစရာအနေနဲ့ပါ မျှဝေပေးချင်ပါတယ် ☺

​အိမ်ထောင်ရေး ဖော.က်ပြန်မှုတစ်ခုမှာ "လင်ခို:မ" ဆိုပြီး အမျိုးသမီးတစ်ယောက်တည်းကို ပုံချလို့မရပါဘူး။ တစ်ဖက်တည်းကြောင့် မဟုတ်သလို အဓိက တာဝန်အရှိဆုံးနဲ့ မကောင်းတာကတော့ ယောကျ်ားဖြစ်သူပါပဲ။

မိမိလက်ထဲက ယောကျ်ားကို သူများလာခို:လို့ ပါသွားတယ်ဆိုကတည်းက အဲ့ဒီယောကျ်ားက အဓိက တာဝန်မကင်းသူ ဖြစ်နေလို့ပါ။

​ဒီအဖြစ်အပျက်ကို သင်ခန်းစာယူကြည့်ရင်...

​၁။ မယားကြီး (တရားဝင်ဇနီး)

အရှု.ပ်ထု.တ် လင်ယောကျ်ားကြောင့် မိမိကိုယ်တိုင် တရားဝင်ဇနီးပါဆိုတာကို သတင်းစာထဲ ထည့်ရ၊ Live လွင့်ရှင်းရနဲ့ မယားငယ်ကို ကလော်တု.တ်ဆဲဆိုနေရရှာပါတယ်။

​၂။ မယားငယ် (အမျိုးသမီးငယ်များအတွက် သင်ခန်းစာ)

သူများအကျ၊ သူများသုံးပြီးသား ယောကျ်ားကို ဘာလို့ သွားမက်နေကြတာလဲ။ လူပျို/လူလွတ် ရှာမရလို့လားဆိုတော့လည်း မဟုတ်ပါဘူး။ အချစ်ဆိုတာထက် သွားရောက်ရွေးချယ်ခဲ့တဲ့ မိမိရဲ့ ဆုံးဖြ-တ်ချက်မှားမှန်မှုပေါ်မှာပဲ မူတည်ပါတယ်။

​မြန်မာ့လူမှုအဖွဲ့အစည်းမှာ -

​Separated ကာလမှာ ကြိုက်ပြီး တရားဝင်ယူရင်တောင် မယားငယ်လို့ အပြောခံရတတ်သည်။

​မယားကြီး​​ေ-သလို့/ကွဲလို့ ယူတာတောင် နောက်ဇနီးကို မယားငယ်လို့ စွ.ပ်စွဲတတ်ကြသေးသည်။

​ဒီလိုပတ်ဝန်းကျင်မျိုးမှာ မယားကြီး ငု.တ်တုတ်ရှိပါလျက်နဲ့ သွားရောက်ငြိစွန်:ရင်တော့ ဘယ်တော့မှ နလန်ပြန်မထူနိုင်တော့ပါဘူး။

ကလေးရလာရင်တောင် မယားငယ်ဟာ မယားငယ်ပါပဲ၊ ဘယ်တော့မှ ပွဲတက် တရားဝင်ဇနီး ဖြစ်မလာနိုင်ပါဘူး။

​မိန်းမပျိုများသို့ အကြံပြုချက်

ကိုယ်ကြောင့် သူတပါးမိသားစု မျက်ရည်မကျပါစေနဲ့၊ မပြိုကွဲပါစေနဲ့။ အိမ်ထောင်ရှိသူနဲ့ ငြိစွန်:မိနေရင် မသိလို့ပဲဖြစ်ဖြစ်၊ သိလိုက်ရတဲ့နေ့မှာ ချက်ချင်း ရပ်တန့်ပါ။

ကလေးရှိလာရင်လည်း မိမိဘာသာ ပြုစုပျိုးထောင်ပါ။

​မိမိဘဝ စာမျက်နှာမှာ "မယားငယ်/လ.င်ခို:မ" ဆိုတဲ့ တံဆိပ်က ခဲဖျက်နဲ့ဖျက်ရင်တောင် မပျက်တော့မယ့် အမည်းစက်ဖြစ်သွားနိုင်တာမို့ မမှားသင့်တဲ့ အမှားမျိုး မမှားကြဖို့နဲ့ မိန်းမပျိုများအားလုံး သာယာလှပတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

​Yu's - Life in United States ရဲ့ ရေးသားမျှဝေချက်ကို အခြေခံထားပါတယ်

​ #သုံးခွ

Address

Jackson Street
Dallas, TX
75202

Website

Alerts

Be the first to know and let us send you an email when Jacob Knowles posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Sponsored

Share