Nu Hing - IN Realtor

Nu Hing - IN Realtor Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nu Hing - IN Realtor, Estate agent, Indianapolis, IN.

အိမ်​​ခြံမြေများအားရောင်း၊ဝယ်​​ပြုလုပ်ပေးနေပါသည်။
I will help you buy and/or sell your home 🏠
☎️ 317-772-4157 | 📧[email protected]
📍Trueblood Real Estate

05/15/2026

လူတွေထင်နေကြတဲ့ Real Estate အလုပ်ဆိုတာ
• လှပတဲ့အိမ်ကြီးအိမ်ကောင်းတွေလိုက်ပြတာ ✨
• ဝင်ငွေကောင်းကောင်းရတာ ✨
• အချိန်တွေလွတ်လပ်တာ ✨
• ကော်ဖီဆိုင်မှာ meeting ထိုင်ပြီး closing photo တွေရိုက်ပြီးပြင်ဆင်တာတွေဘဲမြင်တတ်ကြပါတယ်။
တကယ်တမ်းတော့ အောင်မြင်တဲ့ real estate agent တစ်ယောက်ဖြစ်ဖို့ ဆိုရင်:

STEP 1: Pre-licensing classes တွေအတွက် ကြိုတင်ပိုက်ဆံပေးရတယ်။ ✅
စာမေးပွဲဖြေခွင့်ရဖို့ အရင်ဆုံး training hours 60–180 လောက်တက်ရတယ်။ Course ပေါ်မူတည်ပြီး ဒေါ်လာရာချီကနေ 1,000 ကျော်အထိ ကုန်ကျနိုင်ပါတယ်။

STEP 2: State exam ကို အောင်ရမယ် ✅
Exam fees, fingerprint fees, background check fees စတာတွေပေးသွင်းရတယ်။ Fail သွားရင်တော့ ထပ်ပေးပြီးပြန်ဖြေရပါတယ် ။

STEP 3: Brokerage တစ်ခုရှာရမယ် ✅
Agent အသစ်တွေက တရားဝင်အလုပ်တွဲလုပ်ဖို့ အတွက်brokerage တွေနဲ့join ရပါတယ်။ တချို့ brokerage တွေက
• monthly desk fees ✨
• training fees ✨
• commission split ✨
• transaction fees စတာတွေယူပါတယ်။✨

STEP 4: မထင်မှတ်ထားတဲ့ startup costs တွေလည်းကုန်ကြနိုင်ပါသေးတယ်။ ✅
ဘာတွေလဲဆိုရင်တော့
• MLS access fees ✨
• Realtor association dues ✨
• lockbox/key access ✨
• signboard နဲ့ business cards
• laptop/iPad ✨
• gas money ✨
• professional headshots ✨
• CRM subscriptions ✨
• lead generation systems ✨
• marketing/advertising budget ✨
• social media content ✨
• continuing education courses ✨
• self-employment taxes ✨
• ကိုယ်တိုင်ရပ်တည်ပြီးလုပ်ရင်တော့ health insurance
စတာတွေလည်းကုန်ကျပါတယ်။

အခက်ခဲဆုံးအပိုင်းကတော့
လုပ်ငန်းစတင်ဖို့ ဒေါ်လာထောင်ချီသုံးပြီးတောင် လပေါင်းများစွာ ဝင်ငွေမရှိနိုင်သေးတာပါပဲ။💸Agent အသစ်အများစု သိပ်ပြီးသဘောမပေါက်ကြတာက
ကိုယ်က “agent” တစ်ယောက်ဖြစ်နေတာမဟုတ်ဘူး။
Business တစ်ခုစလုပ်နေတယ်ဆိုတာကိုပါပဲ။

ဒါကြောင့် —👇🏽👇🏽
• နေ့တိုင်း client တွေရှာရပါတယ်။
• လူအများနဲ့လည်းဆက်ဆံရေးတွေတည်ဆောက်ရပါတယ်
• စိတ်ဝင်စားဖူးတဲ့ customer တွေကို ပြန်လည်ဆက်သွယ်ရတယ်။
• အိမ်ဝယ်ရောင်းစာချုပ်တွေကိုနားလည်အောင်လေ့လာရတယ်။
• ငြင်းပယ်ခံရတာတွေကို စိတ်မကျဘဲ ခံနိုင်ရည်ရှိအောင်လည်းနေတတ်ရပါတယ်။
• Social media / online ပေါ်မှာလည်းလူတွေရဲ့ယုံကြည်မှုရှိလာအောင်လုပ်ရပါတယ်။
• Customer တွေဆက်သွယ်လာရင် အချိန်မရွေးပြန်ဖြေရတယ်။
• ဘယ်သူမှမဆက်သွယ်တဲ့အချိန်တွေမှာတောင် အလုပ်ကိုအမြဲဆက်ကြိုးစားနေရပါတယ်။

🏡အိမ်ခြံမြေအကျိုးဆောင်အလုပ်က မင်းဘဝကိုတကယ်ပြောင်းလဲပေးနိုင်တယ်၊ ပိုက်ဆံလည်းကောင်းကောင်းရနိုင်တယ်။ ဒါပေမယ့် လူတွေထင်ကြသလိုအေးအေးဆေးဆေးနဲ့ ပိုက်ဆံဝင်နေတဲ့ passive income တော့မဟုတ်ပါဘူး။
အဲဒီလိုဖြစ်လာအောင်ကိုယ့်ဖက်က

* Sales skill လိုတယ်
* Marketing တွေလုပ်တတ်ရပါတယ်
* Customer service တွေကောင်းအောင်ကြိုးစားရတယ်။
* ကိုယ်ပိုင် business စ်ခုလိုမျိုးစီမံတတ်အောင်ကြိုးစားရပါတယ်။

📣ဒါကြောင့်အိမ်ခြံမြေအကျိုးဆောင်လိုင်စင် ရပြီဆိုတာနဲ့အရာရာအဆင်ပြေသွားတာမျိုးမဟုတ်ပါဘူး၊အဲဒီချိန်မှသာစပြီးကြိုးစားရုန်းကန်ရတာပါ။

****************************************************
What people THINK real estate is:
✨showing pretty houses
✨making six figures
✨flexible schedule
✨coffee meetings and closing photos

👩🏻‍💻What it actually takes to become a successful real estate agent:

STEP 1: Pay for pre-licensing classes ✅
Before you can even take the exam, most states require 60–180 hours of coursework. That can cost anywhere from a few hundred to over $1,000 depending on the program.

STEP 2: Pass the state exam ✅
You’ll pay exam fees, fingerprinting fees, and background check fees & if you fail, you pay again. 🥲

STEP 3: Find a brokerage✅
New agents usually have to join a brokerage before they can legally work.
Some brokerages charge:
monthly desk fees✨
training fees✨
commission splits✨
transaction fees✨

STEP 4: Pay all the “hidden” startup costs nobody talks about
You may need:
✨MLS access fees
✨Realtor association dues
✨lockbox/key access
✨signs and business cards
✨a laptop/iPad
✨gas money
✨professional headshots
✨CRM subscriptions
✨lead generation systems
✨marketing/advertising budget
✨social media content
✨continuing education courses
✨self-employment taxes
✨health insurance if you’re self-employed

And here’s the hardest part:
You can spend thousands getting started… and still not make money for months.
Most new agents don’t realize:
You are not just becoming an “agent.” You are starting a business.

That means:
prospecting daily 💻
networking constantly 🛜
following up with leads☎️
learning contracts📚
handling rejection💢
building trust online🤝
answering clients at all hours📲
staying consistent even when nobody is calling⚖️

Real estate CAN change your life. ✅
But it’s not passive income. 💸❌
It’s sales, marketing, customer service, and entrepreneurship all rolled into one.
The license is just the beginning.

ဒီနေ့ပွဲနိင်ရင် ကျွန်မဆီမှာအိမ်ဝယ်မယ်ဆိုလို့သွားရောက်အားပေးခဲ့ပါတယ် 😎
05/09/2026

ဒီနေ့ပွဲနိင်ရင် ကျွန်မဆီမှာအိမ်ဝယ်မယ်ဆိုလို့သွားရောက်အားပေးခဲ့ပါတယ် 😎

🧠✍🏼အခုတလောကျွန်မကိုအမေးများနေတဲ့ အရာက co-sign ကိုဘယ်လိုဖြုတ်ရမလဲဆိုတဲ့ကိစ္စပါပဲ။ကိုယ်ကသူများကို mortgage co-sign ပေးထားတ...
05/05/2026

🧠✍🏼အခုတလောကျွန်မကိုအမေးများနေတဲ့ အရာက co-sign ကိုဘယ်လိုဖြုတ်ရမလဲဆိုတဲ့ကိစ္စပါပဲ။ကိုယ်ကသူများကို mortgage co-sign ပေးထားတာဘဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ်အိမ်ဝယ်တဲ့အခါမှာ တစ်စုံတစ်ယောက်က co-sign ပေးတာပဲဖြစ်ဖြစ် ဖြုတ်ချင်တယ်ဆိုတဲ့သူတွေအတွက် ဒီ post ကိုရေးပေးလိုက်ရခြင်းဖြစ်ပါတယ်။ 🫵🏽

👉🏼ကိုယ်ကတစ်ယောက်ယောက်ကို co-sign ထိုးခိုင်းထားတယ်၊ သူ့ကိုဖြုတ်ချင်တယ်ဆိုရင် ဘာလုပ်သင့်လဲ?👈🏼

Step 1: title ထဲမှာ co-sign ပေးထားတဲ့သူရဲ့နာမည်ပါမပါဆိုတာ အရင် check ရပါမယ်။ Title (deed) ထဲမှာ co-signer ပါတယ်ဆိုရင်သူလည်းအဲဒီအိမ်ကိုပိုင်ဆိုင်ကြောင်းဖြစ်နေတာမို့လို့ပါ။ Co-signer အနေနဲ့ Quitclaim Deed ကိုလက်မှတ်ထိုးလိုက်ခြင်းအားဖြင့် အိမ်ရှင်ကို ownership အပြီးအပိုင်လွှဲပြောင်းပေးလို့ရပါတယ်။

Step 2: Co-signer ကိုဖြုတ်ပြီးတာနဲ့အိမ်ကို refinance ပြန်လုပ်ကိုလုပ်ရပါမယ်။ Refinance လုပ်တဲ့အခါမှာ သင့်ရဲ့ credit score, income, အကြွေး ပမာဏတွေကို ဘဏ်ကနေပြန်လည်စစ်ဆေးမှာဖြစ်ပြီး လစဉ်ပေးနေတဲ့ mortgage ကိုသင်တစ်ယောက်တည်းနဲ့ နိုင်၊မနိုင်ဆိုတာကိုဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ အကယ်၍ သင်တစ်ယောက်တည်းနဲ့မနိုင်ဘူးဆိုရင် co-signer ကိုဖြုတ်ခွင့်မပေးပါဘူး။ ထိုကြောင့် အိမ်ပိုင်ရှင်တစ်ယောက်အနေနဲ့ကြိုတင်ပြင်ဆင်မှုအများကြီးလိုအပ်ပါတယ်။

~ဒါမှမဟုတ်~

👉🏼က်ိုယ်က တစ်ယောက်ယောက်ကို co-sign ထိုးပေးထားပြီး ကိုယ့်နာမည်ကိုဖြုတ်ချင်တယ်ဆိုရင်​ရော်? 👈🏼

Step 1: ကိုယ်က Title (Deed) မှာပါမပါဆိုတာအရင် check ကြည့်ပါ။ ပါခဲ့ရင် Quitclaim Deed ကိုလက်မှတ်ထိုးပြီး ownership ကိုအိမ်ပိုင်ရှင်ကိုလွှဲပြောင်းပေးရပါမယ်။

Step 2: အိမ်ပိုင်ရှင်အ​နေနဲ့ကတော့ သူ့ဟာသူ mortgage refinance ပြန်လုပ်ရပါမယ်။ အကယ်၍ အ​ကြောင်းမျိုးမျိုးကြောင့် (credit မကောင်းလို့၊ income နည်းနေလို့၊ အကြွေးများနေ့လို့) ဘဏ်ကနေ approve မလုပ်နိုင်ရင် သင့်ရဲ့နာမည်ကိုလည်းဖြုတ်ခွင့်မပေးသေးပါဘူး။

💡ကျွန်မအနေနဲ့အကြံပေးချင်တာကတော့တစ်ယောက်ယောက်ကို co-sign ထိုးပေးတော့မယ်ဆိုရင်သေချာလေးစဉ်စားစေချင်ပါတယ်။ က်ိုယ့်ဖက်ကစေတနာနဲ့ကူညီပေးလိုက်တယ်ဆိုပေမယ့် အ​ခြေအနေမျိုးမျိုးကြောင့် အိမ်ပိုင်ရှင်က mortgage payment တွေနောက်ကျတာနဲ့ ကိုယ့် credit ကိုလာထိတတ်ပါတယ်။ များသောအားဖြင့် co-sign ထိုးပေးထားတဲ့သူတွေက သူတို့ကိုယ်တိုင်အိမ်ဝယ်ချင်တဲ့အခါ ဒီလိုပြဿနာလေးတွေကြုံတွေ့ရတတ်ကြပါတယ်။

Nu Hing
REALTOR®- Trueblood Real Estate
317-772-4157

Call me and let’s find that extra bedroom!🏡 I got you covered 🙌🏼😂
05/01/2026

Call me and let’s find that extra bedroom!🏡 I got you covered 🙌🏼😂

Had a great time this past weekend sharing my experience as an Indiana realtor with the community! I got to chat with fo...
04/28/2026

Had a great time this past weekend sharing my experience as an Indiana realtor with the community! I got to chat with folks about the homebuying process and also remind homeowners about the homestead tax deduction! 🏡✨

Big thanks to Overcomer Ministry for inviting me to the 1st Burmese Community Resource Open House and creating such a welcoming space to connect and network!🙏🏽

ပြီးခဲ့တဲ့စနေနေ့မှာ Overcomers Ministry ကပြုလုပ်တဲ့ ✨Resource Open House Event✨လေးမှာမထင်မှတ်ဘဲပါဝင်ခွင့်ရခဲ့ပါတယ်။ အိမ်ခြုံမြေလုပ်ငန်းရဲ့အကျိုးဆောင်ခြင်းတွေ၊ အိမ်အခွန်ကိစ္စတွေကိုလည်းတတ်နိုင်သလောက်မျှဝေခွင့်ရခဲ့ပါတယ်။ယခုလိုဖိတ်ကြားပေးတဲ့ Overcomers Ministry ကိုလည်းကျေးဇူးအထူးတင်ပါတယ်။😊

ကျေးဇူးတော်ကြောင့် ဒီအိမ်ကြီးကို အောင်မြင်စွာ closing လုပ်ပေးနိင်ခဲ့ပါတယ်။ အစကနေအဆုံးထိ ကျွန်မကိုယုံယုံကြည်ကြည်နဲ့ လက်တွ...
04/17/2026

ကျေးဇူးတော်ကြောင့် ဒီအိမ်ကြီးကို အောင်မြင်စွာ closing လုပ်ပေးနိင်ခဲ့ပါတယ်။ အစကနေအဆုံးထိ ကျွန်မကိုယုံယုံကြည်ကြည်နဲ့ လက်တွဲပေးလို့ကျေးဇူးအထူးတင်ပါတယ်။🏡 ဒီအိမ်သစ်လေးအပေါ်မှာနောင်နှစ်ပေါင်းများစွာအထိအေးချမ်းခြင်းနဲ့ကံကောင်းခြင်းများစွာခံစားရပါစေနော်။ ငယ်ရွယ်သေးပေမယ့် မိသားစုအပေါ်သိတတ်နားလည်ပြီး ကြိုးစားနေတဲ့ဒီညီမလေးအပေါ် ဘုရားသခင်သာ၍ကောင်းကြီးပေးပါစေ။ 🎉

Congratulations to Vicky on successfully closing on her new home and officially becoming a homeowner! 🥰It’s been such a pleasure guiding you through this journey, and I’m truly grateful for your trust in every steps of the way. Your patience and dedication made this moment possible! Wishing you and your family countless happy memories, laughter, and blessings in your beautiful new home!🏡

Nu Hing
REALTOR®- Trueblood Real Estate
317-772-4157

Terminology Tuesday! 📚✨🏡 အိမ်တစ်ခုက Turnkey လို့​ပြောလိုက်ရင်ဘာကိုဆိုလိုတာလဲ??Nu HingREALTOR®- Trueblood Real Estate317-...
04/14/2026

Terminology Tuesday! 📚✨🏡
အိမ်တစ်ခုက Turnkey လို့​ပြောလိုက်ရင်ဘာကိုဆိုလိုတာလဲ??

Nu Hing
REALTOR®- Trueblood Real Estate
317-772-4157

First-time homebuyer success story 🏡✨Helping first-time homebuyers will always have a special place in my heart~ So grat...
04/10/2026

First-time homebuyer success story 🏡✨

Helping first-time homebuyers will always have a special place in my heart~ So grateful I got to be part of this journey!

မထင်မှတ်ဘဲ Google မှာ⭐️⭐️⭐️⭐️⭐️ review လေးလာ​ရေး​ပေးသွားလို့ အရမ်းကိုအားရှိသွားခဲ့ပါတယ်။🥰

Nu Hing
REALTOR®- Trueblood Real Estate
317-772-4157

ATTENTION Homeowners‼️📣🏡 Indianapolis မှအိမ်ပိုင်ရှင်များအတွက်အကြံပြုချက်။မိမိရဲ့နေအိမ်ကိုကိုယ်ပိုင်အမည်ပေါက်(primary re...
04/07/2026

ATTENTION Homeowners‼️📣
🏡 Indianapolis မှအိမ်ပိုင်ရှင်များအတွက်အကြံပြုချက်။

မိမိရဲ့နေအိမ်ကိုကိုယ်ပိုင်အမည်ပေါက်(primary residence)နှင့်နေထိုင်ပါက Indiana Homestead Deduction ကိုလျှောက်ထားပြီးပြီလားဆိုတာကို သေချာစစ်ဆေးရပါမယ်။ ✅

အိမ်ပိုင်ရှင်အများစုကဒီအချက်တွေကိုသတိမထားမိတတ်တာကြောင့်အိမ်အခွန်တွေကိုမလိုအပ်ဘဲပိုပေးနေရတတ်ပါတယ်။‼️ မိမိအိမ်ကို Homestead အလျှာက်ထားခြင်းအားဖြင့် အိမ်ခြံမြေခွန်(property taxes) များကို အများကြီး save/discount 💸 လျှော့ချပေးနိုင်ပါတယ်။

မိမိရဲ့​အိမ်ကို Indiana Homestead Deduction လျှောက်ထား၊မထားကိုစစ်ဆေးလိုပါက Comment မှာ “HOMESTEAD”လို့ရေးခဲ့ပေးပါ။ 👇🏽

***************************************************
🏡 Indianapolis Homeowners!!!

If your home is your primary residence, you may qualify for the Indiana Homestead Deduction & it can significantly reduce your property taxes.

I’ve seen homeowners miss this and overpay for years simply because they didn’t file.

It only takes a few minutes to check your status.

Comment “HOMESTEAD” and I’ll send you the direct link and steps!

Nu Hing
REALTOR®- Trueblood Real Estate
317-772-4157

Address

Indianapolis, IN

Telephone

+13177724157

Website

Alerts

Be the first to know and let us send you an email when Nu Hing - IN Realtor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nu Hing - IN Realtor:

Share

Category