09/23/2026
အိမ်ဝယ်ဖို့ BEST WEEK ရောက်လာပြီလား? 👀🏡
Realtor.com ရဲ့ 2026 Best Time to Buy Report အရ
📅 September 27 – October 3, 2026 ဟာ ဒီနှစ်အတွက် အိမ်ဝယ်ဖို့အကောင်းဆုံးအပတ်လို့ ဖော်ပြထားပါတယ်။
ဘာကြောင့်လဲ? 👇
🏠 အိမ်ရွေးချယ်စရာ ပိုများနိုင်တယ်
Summer အချိန်ထက် Fall မှာ ရောင်းဖို့အိမ်တွေပိုများလာတတ်ပါတယ်။
💰 ဈေးနှုန်း ပိုညှိလို့ရနိုင်တယ်
ဒီအချိန်မှာ List Price တွေဟာ Summer peak ထက် ပျမ်းမျှအားဖြင့် 3.5% ခန့်နိမ့်နိုင်ပြီး $416,000 ဝန်းကျင် median-priced home အတွက် $14,000 ခန့်အထိ ကွာခြားနိုင်တယ် လို့ Realtor.com က ခန့်မှန်းထားပါတယ်။
🤝 Buyer competition လျော့နိုင်တယ်
Summer peak နဲ့နှိုင်းယှဉ်ရင် property တစ်ခုချင်းစီကို ကြည့်ရှုသူအရေအတွက်က 30% ခန့်လျော့နည်းနိုင်တဲ့အတွက် ပြိုင်ဝယ်ရတဲ့ဒုက္ခနဲနိုင်ပါတယ်
💬 Negotiation အတွက် အခွင့်အရေးပိုရှိနိုင်တယ်
Summer တစ်လျှောက် market ထဲမှာရှိနေတဲ့ အိမ်တွေမှာစျေးလျှော့လာတာတွေ၊ seller assist/closing cost assist တွေ ညှိနှိုင်းနိုင်တဲ့အခြေအနေတွေ ရှိလာနိုင်ပါတယ်။ ဒါပေမယ့် အိမ်တိုင်းတော့ မတူပါဘူး—location, condition, price နဲ့ demand ပေါ်မူတည်ပါတယ်။
📍 Lancaster/Philadelphia area buyers တွေအတွက်လည်း ဒီအချိန်က စိတ်ဝင်စားစရာပါ။ Realtor.com ရဲ့ analysis မှာ Philadelphia metro ဟာ September 27–October 3 ကို buyer-friendly window အဖြစ် သတ်မှတ်ထားတဲ့ major metros တွေထဲမှာ ပါပါတယ်။
✨ ဒါပေမယ့် ဒီတစ်ပတ်အတွင်း မဝယ်ရင် နောက်ကျပြီလား? အဲ့လိုလဲမဟုတ်ပါဘူး။
အရေးကြီးဆုံးက
✔️ ကိုယ်တတ်နိုင်တဲ့ monthly payment ကို သိထားဖို့
✔️ Pre-approval ရှိထားဖို့
✔️ ကိုယ်လိုချင်တဲ့ location/house criteria သတ်မှတ်ထားဖို့
✔️ Price နဲ့ terms ကို သေချာ negotiate လုပ်ဖို့ပါ။
Fall မှာ အိမ်ဝယ်ဖို့ စဉ်းစားနေတယ်ဆိုရင် အခုက စတင်ပြင်ဆင်ဖို့ အချိန်ကောင်းပါ။ 🏡❤️
Mortgage application ကစလို့ အိမ်ရှာပီး Closing အထိ တစ်ဆင့်ချင်းသေချာနားလည်ပီးဝယ်နိုင်ဖို့ စုကိုချက်ချင်းဆက်သွယ်လိုက်နော် 😊
Su Aung, Realtor
Keller Williams Elite
717.209.1512
[email protected]
Source: Realtor.com, 2026 Best Time to Buy Report
The week of Sept. 27-Oct. 3 offers buyers the most favorable market conditions, including more inventory and less competition.