Michael-USA Real Estate Agent

Michael-USA Real Estate Agent Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Michael-USA Real Estate Agent, Real Estate, Los Angeles, CA.

 #ပြောင်းလဲလိုက်သောအိမ်ခြံမြေရာဖြတ်စျေးနှုန်းအသစ်များ  Pyae Min Soe
10/15/2024

#ပြောင်းလဲလိုက်သောအိမ်ခြံမြေရာဖြတ်စျေးနှုန်းအသစ်များ

Pyae Min Soe

မြန်မာပြည်တွင် အိမ်ဝယ်ပါက ကာလတန်ဖိုး၏ ၄ ရာခိုင်နှုန်း အခွန်ဆောင်ရမည် မတ်လ ( ၁၅)ရက်။Myanmar  Property Dealer အိမ်ဝယ်ယူပါက...
03/18/2024

မြန်မာပြည်တွင် အိမ်ဝယ်ပါက ကာလတန်ဖိုး၏ ၄ ရာခိုင်နှုန်း အခွန်ဆောင်ရမည်

မတ်လ ( ၁၅)ရက်။
Myanmar Property Dealer

အိမ်ဝယ်ယူပါက ရာဖြတ်လို့ခေါ်တဲ့ ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးထားသော တန်ဖိုး၏ ၄ ရာခိုင်နှုန်းကို အခွန်ဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

အခွန်ဆောင်မည့်သူများအတွက် ၂၀၂၃/၂၄ ခုနှစ် တန်ဖိုးဖြတ်(ရာပြတ်နှုန်းထား) အသစ်ထွက်ထားတာပဲဖြစ်ပါတယ်။ အိမ်ခြံမြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းမှာ ၄ လအတွင်း ချုပ်ဆိုထားသော အရောင်း အဝယ်စာချုပ် (မူရင်းနှင့်မိတ္တူ)၊ ၁နှစ်အတွင်း ရေးဆွဲထားသော ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆) ၊ အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ၊ရှေ့/နောက်/ညာ မြေကွက်ဓာတ်ပုံ(၁)စုံ၊ ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း (မူရင်းနှင့် မိတ္တူ )၊ ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက်၊ တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်စတဲ့ ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။

အိမ်ခြံမြေကို တရားဝင် ဝယ်ယူဖို့အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင်ရပြီး အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါတယ်။ ရာဖြတ်လို့ခေါ်တဲ့ ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ၄ ရာခိုင်နှုန်း ဖိုးဝယ်ယူပြီး ကပ်ရတာဖြစ်ပါတယ်။ အိမ်ခြံမြေဝယ်ပါက ဝယ်ယူမည့်ပစ္စည်းအတွက် ရာဖြတ် သတ်မှတ်ဈေးအတိုင်း မိမိတွင် ငွေဖြူ ရှိပါက ပိုပြီးသက်သာတယ်လို့သိရပါတယ်။ ငွေဖြူဆိုတာက ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့) အခွန်စည်းကြပ်ပြီးဖြစ်သောငွေဖြစ်ပြီး ငွေဖြူမရှိပါက သိန်း ၁၀၀၀ အောက်- ၃%၊ သိန်း ၁၀၀၀-၃၀၀၀ အထိ- ၅%၊ သိန်း ၃၀၀၀-၃၀၀၀၀ အထိ- ၁၀%၊ သိန်း ၃၀၀၀၀ အထက်- ၃၀% တို့ကို ဝယ်ခွန် အဖြစ်ပေးဆောင်ရမယ်လို့ အခွန်ဥပဒေမှာပြဌာန်းထားပါတယ်။

Credit myanmar property dealer

03/12/2024

မြောက်ဒဂုံမှာ လမ်းမတန်းကို ပေ ၄၀× ၆၀ မြေကွက် ၆၅ သိန်း

၁၉၉၀ ခုနှစ်များဆီက မြောက်ဒဂုံ အိမ်ခြံမြေဈေး

Mg Mg & 90s 80s

အခွန်ဆောင်မည့်သူများအတွက် ၂၀၂၃/၂၄ ခုနှစ် တန်ဖိုးဖြတ်(ရာပြတ်နှုန်းထား) အသစ်ထွက်တဲ့အတွက် အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ...
12/10/2023

အခွန်ဆောင်မည့်သူများအတွက် ၂၀၂၃/၂၄ ခုနှစ် တန်ဖိုးဖြတ်(ရာပြတ်နှုန်းထား) အသစ်ထွက်တဲ့အတွက် အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းကိုပါဖော်ပြပေးလိုက်ပါတယ်။

ကျွန်တော်တို့တွေဟာ အခွန်ဆောင်တဲ့ နေရာမှာ ရာဖြတ်တန်ဖိုး မသိပဲ အခွန်ဆောင်လို့ မရပါဘူး။ ဒါကြောင့် ကျွန်တော် ဒီနေ့မှာ အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းလေးကို ပြောပြပေးပါ့မယ်ဗျ။

(၁) ၄လအတွင်း ချုပ်ဆိုထားသော အရောင်း အဝယ်စာချုပ် (မူရင်းနှင့်မိတ္တူ)

(၂) ၁နှစ်အတွင်း ရေးဆွဲထားသော ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆)။

(၃)အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ။

(၄)ရှေ့/နောက်/ညာ မြေကွက်ဓာတ်ပုံ(၁)စုံ။

(၅)ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း (မူရင်းနှင့် မိတ္တူ )။

(၆)ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက်။

(၇)တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်စတဲ့ ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။

အိမ်ခြံမြေကို တရားဝင် ဝယ်ယူဖို့အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင်ရပြီး အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါတယ်။

ရာဖြတ်လို့ခေါ်တဲ့ “ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ၄ % ဖိုးဝယ်ယူပြီး ကပ်ရပါတယ်။ အိမ်ခြံမြေဝယ်ရင် ဝယ်ယူမည့်ပစ္စည်းအတွက် “ရာဖြတ်” သတ်မှတ်ဈေးအတိုင်း ကိုယ့်မှာ “ငွေဖြူ” ရှိရင် ပိုပြီးသက်သာပါတယ်။ ငွေဖြူဆိုတာက ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့) အခွန်စည်းကြပ်ပြီးဖြစ်သောငွေကို ပြောတာပါ။ ငွေဖြူမရှိရင် သိန်း ၁၀၀၀ အောက်- ၃%၊ သိန်း ၁၀၀၀-၃၀၀၀ အထိ- ၅%၊ သိန်း ၃၀၀၀-၃၀၀၀၀ အထိ- ၁၀%၊ သိန်း ၃၀၀၀၀ အထက်- ၃၀% တို့ကို “ဝယ်ခွန်” အဖြစ်ပေးဆောင်ရမည်လို့ အခွန်ဥပဒေမှာလဲ ပြဌာန်းထားပါတယ်။

#ထပ်တိုးတာလေးပါဗျ

ရောင်းသူက
ဂရံအမည်ပေါက်ဖစ်ရမယ်
အခွန်10%ဆောင်ရမယ်

Home Real EstateServices Co.,ltd

အိမ်ခြံမြေ တစ်ခုအား Special Power ဖြင့် ဝယ်ယူခဲ့ပြီး ကာလ ၃ နှစ်ကျော် ကြာခဲ့၍ (Sp) Expired ဖြစ်သွားသော အခါ မည်ကဲ့သို့ဆက်လ...
10/23/2023

အိမ်ခြံမြေ တစ်ခုအား Special Power ဖြင့် ဝယ်ယူခဲ့ပြီး ကာလ ၃ နှစ်ကျော် ကြာခဲ့၍ (Sp) Expired ဖြစ်သွားသော အခါ မည်ကဲ့သို့ဆက်လက်ဆောင်ရွက်ရမည်နည်း
*******************************************

ယခု စာဖတ်သူသိချင်နေတဲ့မေးခွန်း က ၃နှစ်ကျော်သွားပြီ သက်တမ်း ကုန်သွားပြီလို့ထင်နေတာ မဟုတ်ပါဘူး လို့ရှေးဦးစွာပြောကြားချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့မိတ်ဆွေ ကိုဘဲစာချုပ်စာတမ်း ရုံး မှာ မှတ်ပုံတင်ထားပြီ တဲ့..အထူးကိုယ်စားလှယ် လွှဲစာ (speical power) က ၃ နှစ်ကျော်သွားရင် သုံးမရတော့ဘူးလို့လူအများ နားလည်နေကြပါတယ် ။

ဒီလိုထင်မြင်တာလည်း မှားတယ်လို့မပြောနိုင်ပါဘူး ။ ဘာကြောင့် အမှတ်မှား ကြသလဲလို့ ထင်နေကြသလဲလို့မေးခွန်း ထုတ်ကြည့်ရင် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း နဲ့မြေစီမံခန့်ခွဲ မှု ဌာန ကစတင် သတ်မှတ် ခဲ့ တယ်လို့ဆိုရင် မှားအံမထင်ပါ ။ အဲဒီ ဌာနမှာ စုံစမ်းမေမြန်း ဖို့ Complane Section ဖွင့်ထားပါတယ် ။ ကြှနျုပျလညျး ၃ နှစ်ကန့်သတ်ချက် နဲ့ပတ်သက် လို့ စောဒက တက်ပြီးမေးမြန်း ဖူးပါတယ်။ အဲဒီ ဌာန ကအကြီးအကဲ ကရှင်းပြတာကတော့သက်တမ်း (၅) နှစ် (၁၀ ) နှစ် စသည် ဖြင့် (speical power), (general power ) (SP, GP ) ပေးထားသူတွေမှာ အချို့က သက်ရှိ ထင်ရှားရှိမနေကြတော့ပါဘူး။ သေကုန်ကြပါ ပြီ ။ ဒီလို GP,SP power ပေး သူသေရင် GP ,SP Power ကလည်းသူသေရင် သုံးလို့မရတော့ဘူး ။ ပါဝါ လည်းလိုက်သေသွားတယ်လို့ပြောရမှာပေါ့။ ဒါပေမဲ့ GP ,SP ပါဝါ ရထားတဲ့သူတွေ ကပါဝါပေးသူသေသွားကြတာကို ဖုံးကွယ် ထားကြတယ်တဲ့ ။ ကာယကံရှင် ထံက GP,SP ပါဝါ ယူထားသူ အတော်များများ ဟာ ဝယ်ထား တဲ့ဂရန် မြေကွက် ကို အမည်မပြောင်းချင်ဘဲ အမည်ပေါက်ထံက GP ,SP ပါဝါ ယူထားတက်ကြလို့ဘဲ။

ဂရန် အမည်ပေါက် ထံ က( GP,SP) ပါဝါ ယူထားရင်အခွန်ဆောင်စရာမလို၊ အမည်ပြောင်း စရာမလိုဘူးပေါ့။ မိမိဝယ်ထားတယ်ဆိုတာလည်း အခွန်ဦးစီးဌာန ကမသိဘူးပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် အခွန်ရှောင်တာပါပဲ။ အဲဒါပေမဲ့ လူဘဝ ဆိုတာက ကိုယ် ဖြစ်ချင်တာမဖြစ် ၊သူဖြစ်ချင်သလို ဖြစ်တက်တဲ့ အနတ္တ အစိုးမရတဲ့သဘော တရားရှိတယ် မဟုတ်လား။ မမျှော်လင့်ဘဲ ဂရန် အမည်ပေါက် သူကရုတ်တရက် နှုတ်မဆက် ပဲသေဆုံးသွားတဲ့အခါ (GP,SP ) ပါဝါ ကိုင်ထားတဲ့သူဟာမျောက်မီးခဲ ကိုင်မိသလို ဖြစ်တော့တာပါပဲ။ အမည်ပြောင်းဖို့ အမြန်ပြောင်းမှ ဖြစ်မယ်။ နို့မဟုတ်ရင် အမည်ပေါက် ရဲ့ဇနီး၊ ခင်ပွန်း သားသမီး များ ကဝင်နှောင့်ယှက်ရင် ဘယ်လိုလုပ်မလဲ ဟုအတွေးဝင်လာတဲ့အခါ၊ GP, SP ပါဝါ ပေးသူမှာ ယနေ့တိုင် အသက် ထင်ရှားရှိပါကြောင်း ၊သူပေးထားတဲ့power ဟာလည်း ယနေ့တိုင် ပြန် လည်ရုပ်သိမ်းခြင်း မရှိသေးပါဘူးလို့လိမ်လည် ကျမ်းကျိန်ပြီး ရန်ကုန် မြို့တော် ခန်း မမှာ အရောင်းအဝယ်စာချုပ်ရန် ဆိုပြီး မြေပုံ မြေရာဇဝင် လာကူးတော့တာပဲ ။ ဌာနကလည်း အထောက်အထား ခိုင်မာတယ် ဆိုပြီး မြေအရောင်းအဝယ်စာချုပ်ချုပ်ဖို့မြေပုံ/ မြေရာဇဝင်ထုတ်ပေးလိုက်တဲ့အခါ၊ အဲဒီမှာ ပြသာနာပေါ်တော့တာဘဲ၊ အဲဒီလူကြီးဝယ်ထားတဲ့ မြေနှင့်အိမ် အမည်ပေါက်ပိုင်ရှင် ဟာသေသွားတာ က (၅) နှစ် (၁၀) နှစ်ရှိပါပြီဆိုပြီး၊ အသိမိတ်ဆွေကဖြစ်စေ၊ အိမ်နီးနားချင်းကဖြစ်စေ၊ သေသူအမည်ပေါက်ရဲ့သားသမီးတို့ကဖြစ်စေ လာရောက် ကန့်ကွက်တဲ့အခါ လိမ်စဉ်ကြီးပေါ်တော့တာဘဲ။ ဒီတော့မြို့တော်ခန်းမမှာ နှစ်ဖက်ခေါ်ယူညှိနိုင်းဖြေရှင်းပေး ရတာတွေရှိလို့(၃) နှစ်ကျော် ပါဝါတွေလက်မခံဖို့ရုံးတွင် အမိန့်ထုတ်ထားတာဖြစ်တယ်လို့သိရပါတယ် ။
နောက်ထပ်မံသိရတာကတော့ကန်ထရိုက် နဲ့မြေရှင် General Power (အထွေထွေ ကိုယ်စားလှယ် လွှဲစာ) ပေးတဲ့ကိစ္စပါပဲ။မြေရှင်နဲ့ကန်ထရိုက် တိုက်ဆောက်တဲ့အခါ သက်မှတ်ချိန်ကာလ မပြီးတာတို့၊ ကန်ထရိုက်ဘက် ကအကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းတာတို့ဖြစ်ပေါ်လာရင် ကန်ထရိုက်တာက(GP) ကိုမြေရှင်ထံ ပြန်မပေးကြဘူး။ နှစ်အကြာကြီးကိုင်ထားတက် ကြတယ်။အဲဒီအခါမှာ မြေရှင် နဲ ကန်ထရိုက်တာ နဲ့အငြင်းအခုံဖြစ်ကြတာ မပြီးနိုင်တော့ဘူး။ သတင်းစာတွေမှာ ရှေ့နေတွေနဲ အပြန်အလှန် ပြောကြတာတွေ အဆွေတော် ဖတ်ဖူးမှာပါ ။အဲဒီလိုကိစ္စမျိုတွေကြောင့်ပထမ SP/GP ပါဝါ တစ်နှစ်လို့သတ်မှတ်တယ်။နောက်ပိုင်း သုံးနှစ် ဆိုပြီး သတ်မှတ်လိုက်တယ်။ အခုတော့ အဲဒီ သတ်မှတ် ချက်ကို 2014 နှစ်လယ်ပိုင်း ကစပြီး ရုပ်သိမ်း လိုက်တယ် လို့သိရပါတယ် ။

ဒါကြောင့်အဆွေတော် လက်ထဲမှာရှိတဲ့(SP ဖြစ်စေ ၊GP ဖြစ်စေ )(၃) နှစ်ကျော်သွားပေမယ့်မြို့တော်စည်ပင်သာယာ မြေစီမံခန် ခွဲမှု ဌာန ကလက်ခံပါ တယ်လို့ သတင်းကောင်းပါ လိုက်ပါရစေ ။ သတိပြုရန် ကိုယ်စားလှယ် လွှဲစာ (SP/GP )ကို လွှဲအပ် သူကိုယ်တိုင် ရုပ်သိမ်းပြီး ၊လက်ခံသူကိုယ်တိုင် ကိုယ်စားလှယ် လွှဲစာပြန်အပ်ခြင်း၊ လက်ခံသူပြန်အပ်သူ နှစ်ဦးစလုံးသေခြင်း၊ စိတ်မနှံရူးသွပ်သွားခြင်း၊ လူမွဲ ဖြစ်သွားခဲ့လျှင်တော့ကိုယ်စားလှယ်ရဲ့အခွင့်အရေး ဆုံးရှံးသွားကြောင်း ပဋိညာန် ဥပဒေပုဒ်မ -၂၀၁ နှင့်ကိုယ်စားလှယ် လွှဲအပ်ခြင်း ဥပဒေ (The power of Attorney Act ) ပုဒ်မ-၃ မှာပြဌာန်းထားပါတယ်။

Myanmar Home

 #မြန်မာပြည်မှာအရောင်းအ၀ယ်စာချုပ်ကို မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်နည်းလမ်း===================================၁။ ဂရန်အမည်...
10/06/2023

#မြန်မာပြည်မှာအရောင်းအ၀ယ်စာချုပ်ကို မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်နည်းလမ်း
===================================

၁။ ဂရန်အမည်ပေါက်သူထံက
တိုက်ရိုက်ဝယ်မယ်ဆိုရင် ရောင်းသူ (ဂရန်အမည်ပေါက်သူ)က မြို့တော်ခန်းမမှာသွားပြီး မြေပုံ/မြေရာဇဝင်ကူးပေးရပါမယ်။

၂။ မြေပုံ/မြေရာဇဝင်ရပြီဆိုရင် အရောင်းအဝယ်အရပ်ကတိစာချုပ်ကို ချုပ်ဆိုရပါတယ်။

၃။ အရပ်ကတိစာချုပ်ချုပ်ပြီးရင် အရောင်းအဝယ်ပြုလုပ်တဲ့ အိမ်နဲ့ မြေကို ရှေ့ဘက်၊ ဘေးဘက်ဓာတ်ပုံ နှစ်ပုံစီ၊ စုစုပေါင်း လေးပုံနဲ့အတူ အရောင်းအဝယ်ကတိစာချုပ်မိတ္တူ၊ ဝယ်သူရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ အိမ်ထောင်စု စာရင်းမိတ္တူ ​(၆)စုံစီကို ယူသွားပြီး ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ (အခွန်ဦးစီးဌာန)မွာ အမြတ်ခွန်ပေးဆောင်ဖို့နဲ့ အခွန် တံ ဆိပ်ခေါင်းကပ်ဖို့အတွက် တင်ပြလျှောက်ထားရပါတယ်။

၄။ သက်ဆိုင်ရာ အခွန်ဦးစီးဌာနက လျှောက်ထားသည့် မြေကွက်ကို ကွင်းဆင်းစစ်ဆေးပါတယ်။ ပြီးတော့မှ အိမ်နှင့်မြေကာလတန်ဖိုး သတ်မှတ် ပေးပါတယ်။

၅။ အိမ်နှင့် မြေကာလတန်ဖိုး သတ်မှတ်သည့် တန်ဖိုးငွေအပေါ် ဝယ်သူအနေဖြင့် ဝင်ငွေရလမ်းမဖော်ပြနိုင်လျှင်ဖြစ်စေ၊ ဝင်ငွေရလမ်း ဖော်ပြနိုင်သော်လည်း ဝယ်ငွေတန်ဖိုးထက် နည်းနေပါက ယင်းငွေကို နုတ်ပြီး ကျန်ငွေအပေါ်မှာ အိမ်မြေ တန်ဖိုးသတ်မှတ် ၍ အခွန်ငွေထမ်းဆောင်ရပါတယ်။

တစ်ဆက်တည်း အိမ်မြေတန်ဖိုးပေါ် မူတည်ပြီး တံဆိပ်ခေါင်းခွန်စာချုပ်စာတမ်း မှတ်ပုံတင် ချုပ်ဆိုရာမှာ ထမ်းဆောင်ဖို့အတွက် သတ်မှတ်ပေးပါတယ်။

၆။ အဲဒီသတ်မှတ်ပေးထားတဲ့ ကျသင့်သည့် အခွန်ငွေကို မိမိနေထိုင်ရာမြို့နယ် အခွန်ဦးစီးဌာနရုံးနဲ့ မြို့နယ်ဘက်တို့မှာ သွားရောက်ငွေသွင်းရပါတယ်။

မြို့နယ်အခွန်ဦးစီးဌာနက ငွေသွင်းပြီးကြောင်း တိုင်းအခွန်ဦးစီးဌာနကို အကြောင်းကြားပါတယ်။

တိုင်းအခွန်ဦးစီးမှူးရုံးက ရန်ကုန်မြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကို အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ချုပ်ဆိုနိုင်ကြောင်း အကြောင်းကြားစာ ပေးပို့ပါတယ်။ ဖုန်းဆက်ပြီးလည်းအကြောင်းကြားတတ်ပါတယ်။

၇။ ရန်ကုန်မြို့စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုတဲ့အခါ မြေအမည်ပေါက် ရောင်းသူကိုယ်တိုင် ရောင်းသူအဖြစ် လက်မှတ်ရေးထိုးရပါတယ်။

ဝယ်သူနဲ့ သက်သေ နှစ်ဦးလက်မှတ်ရေး ထိုးရပါတယ်။ စာချုပ်ချုပ်ဆိုပြီးရင်တော့ မှတ်ပုံတင်ကြေးပေးသွင်းရပါတယ်။

၈။ မှတ်ပုံတင် စာချုပ်ချုပ်ဆိုပြီး သုံးပတ်ကြာရင်တော့ မှတ်ပုံတင်အပြီးအပိုင် အရောင်းအဝယ်စာချုပ်ကို ထုတ်ယူလို့ ရပါပြီ။

TH Law Firm Limited

 #မြန်မာပြည် ပါမစ်မြေ ဝယ်မည်ဆိုလျှင်. .ပါမစ်မြေ ဝယ်ရင် ဘာတွေကို စီစစ်သင့်သလဲ😍အတွေ့အကြုံ ရှိသမျှလေး တင်ပြပေးပါမယ်။မြေလောက...
09/16/2023

#မြန်မာပြည် ပါမစ်မြေ ဝယ်မည်ဆိုလျှင်. .

ပါမစ်မြေ
ဝယ်ရင်
ဘာတွေကို
စီစစ်သင့်သလဲ😍

အတွေ့အကြုံ
ရှိသမျှလေး
တင်ပြပေးပါမယ်။

မြေလောကကြီးတွင်
ပါမစ်ဆင်တူရိုးမှား
များတွေ့မြင်ရသလို
လူကြီးလက်မှတ်
မမှန်သော
ပါမစ်များလည်း
တွေ့မြင်ရပါသည်။

ပါမစ်မြေဝယ်ရင်
စာရွက်စာတမ်း စုံမစုံ
အရင် စီစစ် ရပါမည်။

ပါမစ်တစ်စောင်တွင်
*ဓာတ်ပုံ
*ရွှေ့ပြောင်းမည့်သူများ
ရာဇဝင်အကျဥ်းချုပ်
*အိမ်ယာဆောက်လုပ်နေထိုင်ခွင့်
*မှီခိုသူများ စာရင်း

ပါရှိသင့်ပါသည်။

အဆိုပါစာရွက်များတွင်
ညွန်ကြားရေးမှုးလက်မှတ် နှင့် ဦးစီး အရာရှိများ၏ လက်မှတ်
စည်းတံဆိပ်များ ပါမပါစီစစ်ပါ။
လက်မှတ် များ မှန်ကန်မှုမရှိက မဝယ်သင့်ပါ။

တချို့ သော ပါမစ်များတွင် အင်တြွီ ဝင်ထားခြင်းမရှိ၊ အင်တြွီ နံပါတ်များ မပါသည်ကို တွေ့မြင်ရပါသည်။

အင်တြွီမဝင်သော်လည်း
ဂရံအမည်ပေါက်
​လျောက်ထားလို့
ရကြောင်း
တွေ့ရသော်လည်း
အင်တြွီမဝင်သော
ပါမစ်များသည် ဆင်တူရိုးမှား
များထွက်ရှိသည်ကို
များစွာ
တွေ့မြင်ရသဖြင့်
မဝယ်သင့်ပေဟု
အကြံပြုချင်ပါတယ်။

ထို့အပြင်
စာချုပ်
အဆက်စပ်များ အဆက်အစပ်
မိမမိကို
စီစစ်သင့်ပါသည်။

မြေယာ
အရှုပ်အရှင်း
ရှိမရှိ ၊
အမွေဆိုင်
အရှုပ်အရှင်း
ရှိမရှိကို
သတင်းစာတွင်
ကန့်ကွက်နိုင်ကြောင်း အများသိစေရန်
ကြေညာခြင်းများ/ ပတ်ဝန်းကျင်တွင်
စုံစမ်းခြင်းများ
ပြုလုပ်ပြီးမှ
ဝယ်ယူသင့်ပါသည်။

ထို့အပြင်
စည်ပင်နှင့်
အိုးအိမ်တို့တွင်
အမည်ပေါက်
မှန်မမှန် ၊မြေယာအရှုပ်အရှင်းရှိမရှိ၊
ဂရံလျှောက်
ထားခြင်းရှိမရှိ၊
ကန့်ကွက်ချက်ရှိမရှိ ၊
စာရင်း ရှိမရှိ ၊
အင်တြွီဝင်ထား
ခြင်းရှိမရှိ
တို့ကို
စစ်ဆေးသင့်ပါသည်။

စာချုပ်ချုပ်ဆိုသည့်
အခါတွင်
ပိုင်နိုင်ခိုင်မာသည့်
စာချုပ်ကိုချုပ်ဆို
သင့်ပါသည်။

မြေကိုဝယ်ယူပြီး
နေသူမဲ့လက်ရောက်
ယူသင့်ကြောင်းကို
လည်းမမေ့အပ်ပါ။

ပါမစ်တချို့သည်
အိုးအိမ်တွင်
စရင်းရှိပြီး
စည်ပင်ကို
စာရင်းမရောက်
ပါကလည်း
မည်သည့်
အတွက်ကြောင့်
စာရင်းမရှိကြောင့်
စီစစ်သင့်ပါသည်။
( တချို့သော
မြေကွက်မှာ
နိုင်ငံတော်မှ
စီမံကိန်းအတွက်
ပြန်သိမ်းယူ
မြေကွက်များဖြစ်
နေတတ်ပါသည်။)

တချို့သော
ပါမစ်မြေမှာ
မြို့နယ် တွင်
စာရင်းရှိပြီး
ရုံးချုပ်တွင်
စာရင်းမရှိသော
ပါမစ်များလည်း
မြင်ဖူးပေရာ
မဝယ်သင့်သော
ပါမစ်မြေထဲတွင်ပါ
ပါသည်။

ပါမစ်ကို
စည်ပင်YCDC
တွင်သတ်မှတ်နည်းလမ်းများ နှင့်
သတ်မှတ်ပုံစံများ
နှင့်အညီ
ဂရံအမည်ပေါက် လျှောက်ထားခြင်း
အပေါ် အဆင့်ဆင့်
စီစစ်ပြီး
ထုတ်ပေးလေ့
ရှိကြောင်းတွေ့
ရပါသည်။

ပါမစ်မြေကို
ဝယ်ယူပြီးပြီ
ဆိုလျှင်လက်ရောက်
မဖြစ်မနေ
ယူသင့်ကြောင်း
တင်ပြအပ်ပါသည်။
Credit😍😍😍

 #မြေအမျိုးအစား အမျိုးမျိုး🏡   #ဂရံမြေဆိုရင် သင်္ကေတ L နဲ့ ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲပါတယ်🏡   #ဘိုးဘွားပိုင်မြေဆို...
09/14/2023

#မြေအမျိုးအစား အမျိုးမျိုး

🏡 #ဂရံမြေဆိုရင်
သင်္ကေတ L နဲ့ ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲပါတယ်

🏡 #ဘိုးဘွားပိုင်မြေဆိုရင်
သင်္ကေတ B နဲ့ပြပြီး မြေပုံကို အပြာရောင်နဲ့ ဆွဲပါတယ်

🏡 #အစိုးရမြေဆိုရင်
သင်္ကေတ A နဲ့ ပြပြီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲပါတယ်

🏡 #ရွာမြေဆိုရင်
လိမ္မော်ရောင်နဲ့ ဆွဲပြီး
သာသနာ့မြေဆိုရင်
အစိမ်းရောင်နှင့် ဆွဲပါတယ်

🏡🏡🏡
အက္ခရာ သင်္ကေတတွေကို ကြည့်ပြီး ဘာမြေအမျိုးအစားဖြစ် နိုင်တယ်ဆိုတာကို ခွဲခြားလို့ရပါတယ်။

🙋🙋🙋
တစ်နည်းအားဖြင့် မြေပြန့်လား ၊ ကုန်းကျလား၊ မြောင်းဘေးလား၊ ဆည်ရေသောက်လား၊ မြစ်ရေဝင်လား၊ သုသာန်လားနဲ့ နီးလား….စသည်ဖြင့် ခွဲခြား၍ ရနိုင်ပါတယ်။

မြေအမျိုးအစားများနှင့် သင်္ကေတ အက္ခရာများကတော့ …

၁။ 💚မိုးကောင်းလယ်မြေ၊ သာမန်လယ်မြေဆိုရင် R/P/M တို့နှင့်ပြပြီး
(က) ပထမတန်းစားဆိုရင် R 1
(ခ) ဒုတိယတန်းစားဆိုရင် R 2
တစ်ဧကအထွက်နှုန်း တင်း ၃၀ အောက်ဆိုရင် တတိယတန်း အမျိုးအစား R 3
တစ်ဧကအထွက်နှုန်း တင်း ၂၀ အောက်ဆိုရင် တတိယတန်း အမျိုးအစား R 4 နဲ့ပြကြပါတယ်။

၂ ။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG

၃ ။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP

၄ ။ ကန်ရေသောက် မူရင်းလယ်ဆိုရင် TM

၅ ။ မူရင်းလယ်မြေဆိုရင် M/MY

၆ ။ ချောင်းရေဝင်မြေဆိုရင် C

၇ ။ ယာမြေဆိုရင် Y

၈ ။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR

၉ ။ တောင်ယာမြေဆိုရင် TY/YY

၁၀ ။ ကိုင်းမြေဆိုရင် K/KA/KY

၁၁ ။ ကိုင်းမြေရင့်ဆိုရင် KY

၁၂ ။ ဥယျာဉ်ခြံမြေဆိုရင် G/U

၁၃ ။ ဓနိမြေဆိုရင် D

၁၄ ။ အပိုင်ရမြေဆိုရင် O

၁၅ ။ အပိုင်ဂရန်မြေဆိုရင် G

၁၆ ။ အငှားဂရန်မြေဆိုရင် L
စသည်ဖြင့် အမျိုးမျိုး ရှိကြပါတယ်။

မိမိဝယ်မယ့်မြေရဲ့ မြေပုံမှာပါတဲ့ သင်္ကေတ လေးကိုကြည့်ပြီး မိမိဘာသာ အကြမ်းဖျဉ်း ခွဲခြားနိုင်ပါတယ်။🏡🏡🏡

မူရင်း ရေးသားသူအား
Credit ပေးပါတယ်ခင်ဗျာ

09/04/2023

#လူလိမ်များနှင့်တွေ့ဆုံခြင်း လူတိုင်းဖတ်ထားသင့်တယ်

အိမ်ခြံမြေနဲ့ပတ်သက်လို့ ကြုံဖူးတာလေးကို
ဗဟုသုတအဖြစ် ပြောပြချင်ပါတယ်။

အကယ်၍ ဖြစ်စဉ်တူများ ကြုံလာခဲ့ရင် လုပ်ဆောင်ရမည့် လုပ်ဆောင်ချက်လေးတွေကို သိရှိနိုင်အောင် မျှဝေလိုတဲ့ စေတနာနဲ့ပါ ဆရာကြီးလုပ်တာတော့ မဟုတ်ရပါဘူးခင်ဗျ။

တလောက အိမ်နဲ့ခြံလေး အဝယ်လိုက်ကြည့်ရင်း
ကြိုက်တဲ့အိမ်လေးတွေ့တာနဲ့ ဈေးစကားပြောကြတယ်။

အိမ်က တထပ်ခွဲတိုက် မြေကတော့ ပေ ၃ဝ၊ ‌၆၅ပေဗျ။
သူတို့ခေါ်တာက သိန်း ၃၂ဝဝ။
ဈေးဆစ်ရင်းနဲ့ သိန်း ၃ဝဝဝ နဲ့ဈေးတဲ့တယ်။
စရံ သိန်း ၇ဝဝ ချတယ် စရံပေးစာချုပ်ချုပ်တယ်၊

အပြီးချေမယ့်ရက်ကိုတော့ သူတို့လဲအိမ်ရှာရအုံးမှာမို့
တလခွာချိန်းတယ် ကျနော်ကလဲ ရပါတယ်ပေါ့။
အဲ့လိုနဲ့နေလာရင်း အပြီးချေရမယ့်ရက်နီးလာလို့
ဖုန်းဆက်တော့လဲ အေးအေးဆေးဆေးပဲ။
သူတို့ပစ္စည်းတွေပြောင်းပြီးပြီ အဆင်သင့်ပဲလို့ပဲပြောတယ်။

ငွေချေရမယ့်နေ့ရောက်လို့ အဲ့အိမ်ကိုသွားတော့
အပြင်ကနေတံခါးကိုသော့ခတ်ထားတယ်။
ပတ်ဝန်းကျင်မေးကြည့်တော့ ပစ္စည်းတွေဘာတွေ
ပြောင်းတာလဲ မတွေ့ဘူးလို့ပြောကြတယ်။
တစ်ခုခုတော့ မှားနေပြီလေ။

အဲ့ဒါနဲ့ ဖုန်းဆက်ကြည့်လိုက်တော့
ယောက်ျားဖုန်းကမကိုင်ဘူး။
သူ့မိန်းမဖုန်းကိုဆက်တော့ သူ့အမေက
အသဲအသန်ဖြစ်နေလို့ ဆေးရုံရောက်နေတယ်
တရက် နှစ်ရက်လောက် စောင့်ပေးပါလို့ပြောတယ်။

ကျနော်က ရတယ် ဆေးရုံလိုက်လာပြီး
အဲ့မှာပဲ စာချုပ်ချုပ်မယ် ငွေချေဖို့က
တယောက်ဘဏ်ကိုခဏလိုက်လာခဲ့လို့ပြောတာလဲမရဘူး။

အဲ့တော့ ကျနော်က စရံပေးစာချုပ်ချုပ်တုန်းက
သက်‌ေ သလက်မှတ်ထိုးပေးခဲ့တဲ့ ရာအိမ်မှူးဆီသွားပြီး အကျိုးအကြောင်းပြောပြတော့။

ရာအိမ်မှူးက "သူ့အမေက လွန်ခဲ့တဲ့ ၃နှစ်လောက်ကတည်းကဆုံးသွားပြီလေ" လို့ပြောတော့ သူတို့မရိုးသားဘူးဆိုတာ
ပိုသိသွားတယ်ဗျ။

ရာအိမ်မှူးကိုအကူအညီတောင်းပြီး
အုပ်ချုပ်ရေးမှူးရုံးကိုသွားပြီး အုပ်ကြီးကို
အကျိုးအကြောင်းပြောပြတယ်။

အုပ်ကြီးရှေ့မှာပဲ ခုနက အမျိုးသမီးကိုဖုန်းဆက်ပြတယ်။
သူပြောတဲ့စကားတွေကိုလဲ record ယူထားလိုက်တယ်ဗျ။
အုပ်ချုပ်ရေးမှူးကလဲ အကြောင်းအရာကို ရုံးမှတ်တမ်းမှာရေးပေးတယ်။
အဲ့နေ့တော့ ဒီအတိုင်းပဲပြန်လာခဲ့ရတယ်။

နောက်ရက်တွေဖုန်းဆက်တော့ မကိုင်ဘူး။
အိမ်ကိုသွားကြည့်တော့လဲ တံခါးပိတ်ထားတယ်
ပြန်မလာဘူး။
၃ ရက်မြောက်နေ့ကျတော့

အဲ့အမျိုးသမီးဖုန်းကိုဆက်တော့ ဖုန်းကိုင်တယ်။
လေသံမာမာနဲ့"ဘာကိစ္စလဲ "လို့မေးတယ်။
"အိမ်အရောင်းအဝယ် ငွေအပြီးချေဖို့ကိစ္စပါ"လို့ပြောတော့

"စာချုပ်ပြန်ကြည့်လိုက်လေ အပြီးချေရမယ့်ရက်
လာမချေလို့ စရံဆုံးပြီလေ စာချုပ်နဲ့ပဲ စကားပြောမယ်"
လို့ပြောပြီး ဖုန်းချသွားတယ်။

အဲ့တော့ကျနော်က အုပ်ချုပ်ရေးမှူးရုံးကိုသွားပြီး အကျိုးအကြောင်းပြောပြတော့ သူတို့လင်မယားကို
ရုံးကိုခေါ်လိုက်တယ်။
ရုံးရောက်လာတော့လဲ ကျနော့်ဘက်က ပျက်ကွက်တာမို့
စရံဆုံးပြီဆိုတာကိုပဲပြောနေတယ်။

အဲ့တော့ အုပ်ချုပ်ရေးမှူးက အဲ့ရက်က ငွေ‌အကြေချေ
အိမ်လက်ရောက်ယူဖို့ ကျနော်လာတယ်။
သူတို့မရှိလို့ ရာအိမ်မှူးကိုအကြောင်းကြားတယ်။
ရုံးကိုအကြောင်းကြားတယ်။

ဖုန်းဆက်တုန်းက record လုပ်ထားတာတွေကို
ပြန်ဖွင့်ပြပြီး ရုံးမှာ အဲ့နေ့က ရေးထားတဲ့
ရုံးမှတ်တမ်းကို သူတို့ကိုပြလိုက်တယ်။

ပြီးတော့မှ ဝယ်သူဘက်မှာ ပျက်ကွက်တာမရှိဘူး။
အဲ့တော့ ရောင်းချင်ရင်ရောင်း မရောင်းချင်ရင်
စရံငွေ ၂ ဆသိန်း ၁၄ဝဝ ပြန်ပေးရမှာပဲ။

တရားတဘောင်ဖြစ်လို့ ရုံးကသက်‌ေ သခေါ်ရင်လဲ
မှန်ကန်တဲ့ဘက်ကပဲ ထွက်ဆိုရမှာပဲ ဆိုတာပြောမှ လင်မယား၂ယောက်လုံး ငြိမ်သွားတယ်။

အုပ်ကြီးက ဘယ်လိုလုပ်မယ်စဉ်းစားလဲ မေးတော့မှ
သူတို့ရောင်းပါ့မယ် တလလောက် အချိန်စောင့်ပေးပါလို့ထပ်ပြောတော့ ကျနော်က တလ မစောင့်နိုင်ဘူးဆိုတာ
ဝင်ပြောတယ်။

နောက်ဆုံးမှာ ၁ဝ ရက်စောင့်ဖို့ သဘောတူပြီးတော့
အချက်အလက်အကြောင်းအရာ တွေရေးပြီး
စာချုပ်ထပ်ချုပ်တယ်။

သ တ်မှတ်တဲ့ ၁ဝ ရက်ပြည့်တဲ့နေ့မှာတော့ ငွေအပြီးချေ
အိမ်လက်ရောက်ရတယ်ဗျ။

ဒီဖြစ်စဉ်လေးမှာ အပြီးချေတဲ့ရက် သူတိုမရှိတာနဲ့ သူတို့ပြောစကားကို နားယောင်ပြီး ရပ်ကွက်အကြီးအကဲတွေကို သတင်းမပို့ထားဘူးဆို စရံဆုံးမှာနော်။

အဲ့တော့အခုလိုအဖြစ်အပျက်မျိုးကြုံလာတဲ့အခါ
ကိုယ့်ဘက်က ပျက်ကွက်တာမဟုတ်ပါဘူးဆိုတာ
ခိုင်ခိုင်မာမာ သက်သေထူထားဖို့ အင်မတန်အရေးကြီးတယ်၊

ကိုယ့်ဘက်ကတချက်လေး လစ်ဟင်းသွားတာနဲ့ ကိုယ့်ပိုက်ဆံကို လူလိမ်တွေက အသာလေးကောက်စားသွားမယ် ဆိုတဲ့အကြောင်း ဗဟုသုတအဖြစ်မျှဝေလိုက်ပါတယ်။

လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

#ရတနာပုံ(ရွှေထီး)

Original uploader

ဘဏ်ချိတ်နဲ့ တိုက်ခန်းဝယ်ရင် မဖြစ်မနေလုပ်ရမယ့် အဆင့် ( ၆ ) ဆင့်ဒေါ်လာဈေး တက်ခြင်းကြောင့် အိမ်ခြံမြေ ဈေးကွက်တွေ မတည်မငြိမ်...
08/13/2023

ဘဏ်ချိတ်နဲ့ တိုက်ခန်းဝယ်ရင် မဖြစ်မနေလုပ်ရမယ့် အဆင့် ( ၆ ) ဆင့်

ဒေါ်လာဈေး တက်ခြင်းကြောင့် အိမ်ခြံမြေ ဈေးကွက်တွေ မတည်မငြိမ် ဖြစ်နေသလို တိုက်ခန်းတွေ ဆိုရင်လည်း ငှားတာထက် ရောင်းတဲ့ ပိုစ့်တွေပဲ တွေ့လာရပါတယ်။ တိုက်ခန်းတွေ၊ မြေကွက်တွေဟာ အနာဂါတ်မှာ ရှိမယ့်ငွေဈေးအတိုင်း တန်ဖိုးပြောင်းလဲနိုင်လို့ လူအများစုဟာ ငွေစက္ကူထက် အိမ်ခြံခြေကို လက်ကိုင်ထားချင်ကြပါတယ်။ တိုက်ခန်းဝယ်ယူသူတွေကလည်း အပြီးအစီး ငွေအလုံးအရင်းလိုက်ပေးပြီး ငွေချေဝယ်ယူသလို ဘဏ်ချိတ်နဲ့ ဝယ်ယူကြတာတွေလည်း အခုတလော ခပ်စိတ်စိတ် တွေ့လာရပါတယ်။

နိုင်ငံတကာမှာလည်း အိမ်ခြံမြေ၊ ကားတွေကို ဘဏ်နဲ့ ဆက်သွယ်ပြီး အရစ်ကျ ငွေပေးချေစနစ်နဲ့ ဝယ်ကြတာဖြစ်လို့ ဒီစနစ်ဟာ တော်တော်လေး အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာတော့ ၂၀၁၇ ခုနှစ်လောက်ကတည်းက ဘဏ်ချိတ်ရောင်းဝယ်မှုတွေ စတင်ခဲ့ပြီး K.B.Z Bank၊ Aya Bank၊ Yoma Bank၊ C.B Bank၊ A.G.D Bank တွေက ဘဏ်ချိတ် အိမ်ခြံမြေ ရောင်းဝယ်ခြင်းတွေကို ဆောင်ရွက်ပေးနေပါတယ်။

ဘဏ်ချိတ်ဝယ်ယူတာဟာ ရိုးရိုး ငွေအပုံလိုက်ပေးပြီး တိုက်ခန်းဝယ်ယူတာထက် ပိုအလုပ်များသလို အချိန်စောင့်ရတာတွေလည်း ရှိပါတယ်။ ဘဏ်ချိတ်တိုက်ခန်း ဝယ်မယ်ဆိုရင် ဒီအချက်တွေကို မဖြစ်မနေ လုပ်ဖို့ လိုအပ်ပါတယ်။

အဆင့် (၁) - မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရှိ အိမ်ရာ အရောင်းပြခန်းတွေမှာ သွားရောက်ပြီး လိုချင်တဲ့ အိမ်ခန်းကို ရွေးချယ်ပါ။ အကြံပြုချက်များ ခံယူပါ။

အဆင့် (၂) - အိမ်ခန်းရွေးချယ်ပြီးရင်တော့ သက်ဆိုင်ရာ ဘဏ်မှာ လျှောက်လွှာယူကာ သွားရောက်လျှောက်ထားပါ။

အဆင့်(၃) - အိမ်ရဲ့ အရှုပ်အရှင်းတွေကို လေ့လာပါ။ ဘဏ်က သင်ဝယ်မယ့် တိုက်ခန်းဟာ ယုံကြည်စိတ်ချရခြင်း ရှိ၊ မရှိ။ တိုက်သက်တမ်း စတာတွေကို ကြည့်ဦးမှာ ဖြစ်ပါတယ်။

အဆင့် (၄) - အိမ်ထောင်စုဇယား၊ လစာ ၆ လစာ လစာဖြတ်ပိုင်း၊ ရပ်ကွက်ထောက်ခံစာ၊ အခွန်စာအုပ် စတာတွေကို ဘဏ်မှာ ပြရပါမယ်။

အဆင့်( ၅) - ပြီးရင်တော့ Down Payment ၃၀ % သွင်းပြီး အကျိုးတော်ဆောင်ကို သက်သေထား၊ အိမ်ရောင်းမယ့်သူနဲ့အတူ စာချုပ်ချုပ်ဆိုရပါမယ်။ စာချုပ်ချုပ်ဆိုရာမှာ ရှေ့နေနဲ့ ချုပ်ဆိုခြင်းဟာ အရှုပ်အရှင်းတစ်စုံတစ်ရာ ဖြစ်ခဲ့ရင် တရားဥပဒေအရ ဖြေရှင်းနိုင်တာကြောင့် ရှေ့နေကို သက်သေထား ချုပ်ဆိုဖို့ အကြံပြုချင်ပါတယ်။

အဆင့်(၆) - စာချုပ်ချုပ်ပြီးနောက် ဘဏ်က ငွေကျလာတာကို စောင့်ရပါမယ်။ အဲဒါကို အိမ်ရောင်းမယ့် သူကလည်း နားလည်သဘောပေါက်ထားဖို့လိုပါတယ်။ ဘဏ်က ငွေကျလာဖို့ အနည်းဆုံး ၁ လ နီးပါးလောက် စောင့်ရပါတယ်။

ဘဏ်ချေးငွေကျလာပြီးရင်တော့ ဝယ်ထားတဲ့ အိမ်မှာ သွားရောက်နေထိုင်ခွင့်ရပြီ ဖြစ်ပါတယ်။

ဒါကတော့ ဘဏ်ချေးငွေနဲ့ အိမ်ဝယ်မယ့် သူတွေအတွက် ဗဟုသုတရဖွယ် ဖော်ပြပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ Home Loan နဲ့ အိမ်ဝယ်ခြင်းဟာ ဘဏ်ကို အတိုးနှုန်း ပေးရတယ် ဆိုပေမယ့် အချိန်ကာလတစ်ခုအကြာမှာ အိမ်ပိုင်ရရှိသွားတာဖြစ်လို့ သေချာမှုရှိတဲ့ ၊ ခိုင်မာတဲ့ ရောင်းဝယ်မှုတစ်ခု ဖြစ်တယ်လို့ ပြောပါရစေ။

Credit >>>

မြန်မာနိုင်ငံအတွင်း ရှိ အိမ်ရာစီမံကိန်းအသစ်များ၊ ရောင်းရန် နှင့််ငှားရန်ရှိသော အိမ်ခြံမြေပေါင်း ၂၅၀၀၀၀ကျ...

လယ်ယာမြေကို တရားဝင် အိမ်ဆောက် ဆိုင်ဆောက် သုံးလို့ရအောင် ဘယ်လို လုပ်ရမလဲ။လယ်ယာမြေကို အခြားနည်းသုံးစွဲရန် ခွင့်ပြုချက် လျှ...
07/29/2023

လယ်ယာမြေကို တရားဝင် အိမ်ဆောက် ဆိုင်ဆောက် သုံးလို့ရအောင် ဘယ်လို လုပ်ရမလဲ။

လယ်ယာမြေကို အခြားနည်းသုံးစွဲရန် ခွင့်ပြုချက် လျှောက်ထားရမှာပါ။ လယ ၃၀ ခွင့်ပြုချက် (အရင်က လ/န ၃၉) လျောက်တယ် ခေါ်ပါတယ်။ ခွင့်ပြုချက် ရရင် သတ်မှတ်တဲ့ နည်းအတိုင်း သုံးလို့ရပါပြီ။ လယ်မြေအမျိုးအစားကို ဗဟိုထိတင်ပြ ခွင့်ပြုချက်ရမှ အသုံးပြုနိုင်မှာဖြစ်ပြီး လယ်မြေမဟုတ်တဲ့ ကျန်လယ်ယာမြေတွေကိုတော့ ပြည်နယ်တိုင်းအဆင့်က ခွင့်ပြုချက်ရရင် အသုံးပြုနိုင်ပါတယ်။ ခွင့်ပြုချက်ရတာနဲ့ မြေငှါးဂရန်ပါ ဆက်လျောက်လိုက်ပါ။ ဒါဆိုရင် တရားဝင်လဲ သုံးလို့ရသလို့ အမည်ပေါက် မြေပိုင်ဆိုင်မှုလည်း ခိုင်မာသွားပါပြီ။

လယ်ယာမြေမှာ မစိုက်ပျိုးပဲ အခြားနည်းသုံး (အိမ်ဆောက်၊ ဆိုင်ဆောက်၊ စီပွားရေး လုပ်ငန်းအတွက် စိုက်ပျိုးခြင်းမှအပ အသုံးပြု) ချင်ရင် မြို့နယ် မြေစာရင်းဦးစီးဌာနကတဆင့် လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ အရ လျှောက်ရပါတယ်။ မြို့နယ်မြေစာရင်း ဦးစီးဌာနနဲ့ လယ်စီအဖွဲ့ အဆင်ဆင့်တို့ကပဲ အမှုတွဲဖွင့်ပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။

ပုံစံ (၇)မရသေးတဲ့ လယ်ယာမြေကို လယ်ယာမြေဥပဒေပါ ပြဌာန်းချက်အရဆိုရင် လျောက်လို့ မရနိုင်ပါဘူး။ ဥပဒေ ပုဒ်မ ၃ (ဃ) လယ်ယာမြေ လုပ်ပိုင်ခွင့်မှာ တည်ဆဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လယ်ယာမြေကို လက်ရှိထားပြီး စိုက်ပျိုးလုပ်ကိုင် အသုံးချခြင်းလို့ ဆိုပါတယ်။ ပုံစံ (၇) ရှိသူမှာ အခွင့်အရေး (၃) ရပ်ရပါတယ်။ လက်ရှိထားခွင့်၊ စိုက်ပျိုးခွင့်၊ မြေအသုံးချခွင့် ဖြစ်ပါတယ်။ လယ်ယာမြေ လုပ်ပိုင်ခွင့်ရှိသူဆိုတာ ပုံစံ (၇) ရသူ၊ သူ့မှာသာ ဒီအခွင့်အရေး (၃) ခုရတဲ့အတွက် ပုံစံ (၇) ရမှသာ အခြားနည်းသုံးနိုင်ခွင့် လျှောက်လို့ ရမဲ့သဘော ဖြစ်ပါတယ်။

ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ထုတ်ပြန်တဲ့ ညွှန်ကြားချက်မှာ လယ်ယာမြေကို အခြားနည်း အသုံးပြုရန် လျောက်ထားလာရင် စိစစ်ရမယ့် စီစစ်ချက်မှာတော့ ပထမ ပုံစံ (၇) ရ/မရ စိစစ်ပါ။ မရရင် ဘာကြောင့် မရတာလဲ၊ ဘာကြောင့် ထုတ်မပေးတာလဲ ဆိုတာကို စီစစ်ပါ၊ သက်ဆိုင်ရာ ဌာနများက ထောက်ခံချက်တွေ ရယူပါလို့ ဆိုတဲ့အတွက် ပုံစံ (၇) မရသေးလည်း လျှောက်နိုင်တဲ့ သဘောတွေ ပါနေတာ တွေ့ရပါတယ်။ လက်ရှိ မြေပြင်မှာလည်း ပုံစံ (၇) ရှိရှိ မရှိရှိ အခြားနည်းသုံးဖို့ လျှောက်ထား ကြပါတယ်၊ မြေစာရင်း ဌာနနဲ့ လယ်စီအဖွဲ့က စိစစ်တဲ့အခါ မရှိဘူး ဆိုရင်လည်း ဘာကြောင့် ပုံစံ (၇) မရှိတာလဲ ဆိုတာကိုဖော်ပြ၊ သက်ဆိုင်ရာ ဌာနများက ထောက်ခံချက်ယူပြီး တင်ပြ လျှောက်ထားကြပါတယ်။ ခွင့်ပြုနေတာလဲ ရှိပါတယ်။

အချုပ်အားဖြင့် တင်ပြချင်တာက မိမိအသုံးပြုနေတဲ့ လယ်ယာမြေကို တရားဝင် အခြားနည်းသုံးလို့ရအောင် ပုံစံ ၇ ရှိရှိ မရှိရှိ လယ ၃၀ လျောက်လိုက်ပါ။ ခွင့်ပြုချက် ရရင် သုံးလို့ရပါပြီ။ ခွင့်ပြုချက်ရတာနဲ့ မြေငှါးဂရန် ဆက်လျောက်ပြီး ဂရန်အမည်ပေါက်ယူလိုက်ပါ။ စိတ်ချလက်ချ ခိုင်ခိုင်မာမာ သုံးနိုင် ငှားနိုင် ရောင်းနိုင်ပါပြီ။

Original uploader
d

Address

Los Angeles, CA

Website

Alerts

Be the first to know and let us send you an email when Michael-USA Real Estate Agent posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category