11/12/2026
⛽ ဓာတ်ဆီတစ်ဂါလံ 50¢ ပဲ လျှော့မယ်ထင်တာ… 86¢ တောင် လျှော့ရခဲ့တယ်ဆို ယုံကြမလား? 😍💰
7-Eleven မှာ အခုတလော လတိုင်း ၇ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ 50¢ လျှော့ပေးတဲ့ Promotion ရှိတယ်ဆိုလို့ မနေ့က 11 ရက်နေ့မှာ ကိုယ်တိုင်သွားဖြည့်တာ တစ်ဂါလံ $3.059 ကနေ $2.199 ပဲ ကျတော့တယ်ရှင့်! Welcome discount ပေါင်းပြီး 86¢ သက်သာသွားတယ်ရှင့်။
December 7 နဲ့ 11 ရက်နီးလာရင် Promotion ပြန်ရှိမရှိ၊ ဘယ် Code သုံးရမလဲဆိုတာ စစ်ပြီး သတိပေးမယ်နော်!
📱 အခုလောလောဆယ် နောက်ထပ် ဓာတ်ဆီ ၃ ကြိမ်အတွက် တစ်ဂါလံ 25¢ Discount ရဖို့ promo ရှိသေးတယ်ရှင့်။
1️⃣ 7-Eleven App Download လုပ်ပြီး Free 7REWARDS Account ဖွင့်ပါ။
2️⃣ SAVE လို့ရေးပြီး 711711 ကို Text ပို့ကြည့်ပါ။
3️⃣ အသက် ၁၆ နှစ်နဲ့အထက်၊ ဖုန်းနံပါတ် Verify လုပ်ထားတဲ့ 7REWARDS အကောင့်ရှိသူတွေပါ။ SAVE Offer ကို အရင်သုံးဖူးရင် ထပ်မရနိုင်ပါဘူး။ Promotion ပါတဲ့ဆိုင်မှာ သတ်မှတ်ထားတဲ့ Payment Method နဲ့ ငွေချေရပါမယ်။ (AK, HI, NJ, WI မပါပါ။)
⚠️ ဆိုင်တိုင်းတော့ မပါဘူးနော်။ ကျွန်မဖြည့်ခဲ့တာ 7-Eleven နဲ့ Exxon တွဲဖွင့်ထားတဲ့ဆိုင်ပါ။
🎥 ဒီ Video လေးက မနေ့က ကိုယ်တိုင် ဓာတ်ဆီဖြည့်ရင်း ရိုက်ထားတာပါ။ App ကနေ Pump ရွေးတာ၊ Discount စစ်တာ၊ ငွေချေတာတွေကို အဆင့်ဆင့် ပြထားပေးတယ်။
သူငယ်ချင်းတွေလည်း ဓာတ်ဆီဖိုးသက်သာရအောင် Share ပေးလိုက်ကြဦးနော်! ❤️
Thynn Lim, REALTOR®
သင်းသီရိစံ
Coldwell Banker Realty
469-885-8090