09/21/2026
🏦 **Mortgage Tip – Bank Statement Program မှာ Personal vs. Business Account ဘာကွာလဲ?**
Bank Statement Program နဲ့ Mortgage Loan လျှောက်တဲ့အခါ Lender က Borrower ရဲ့ **12 Months သို့မဟုတ် 24 Months Bank Statements** ထဲက qualifying deposits တွေကို စုစုပေါင်းပြီး ပျမ်းမျှလစဉ်ဝင်ငွေကို တွက်ချက်ပေးပါတယ်။
📊 **ဥပမာ – 12 Months Bank Statements**
Month Qualifying Deposits
January $8,000
February $9,500
March $10,000
April $8,500
May $11,000
June $9,000
July $10,500
August $9,500
September $12,000
October $10,000
November $11,500
December $10,500
Total $120,000
**Monthly Average Income**
$120,000 ÷ 12 months = **$10,000/month**
ဒါပေမယ့် ဒီနေရာမှာ အရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်။ 👇
# # # 🏢 Business Bank Account ဖြစ်ရင်
Borrower ရဲ့ income က **Business Bank Account** ထဲဝင်တဲ့ income ဖြစ်ရင် Lender ရဲ့ program guidelines အရ business expense factor ကို ထည့်သွင်းတွက်ချက်နိုင်ပါတယ်။
ဥပမာ—
**$10,000 × 50% = $5,000 qualifying monthly income**
ဒီအခြေအနေမှာ DTI calculation အရ mortgage payment + car payment + credit card payment + other monthly debts တွေကို qualifying income ပေါ်မူတည်ပြီးတွက်ချက်ပါတယ်။
💡 **Business expense ကို 25% သို့မဟုတ် 15% လောက်သာရှိကြောင်း သက်သေပြနိုင်တဲ့ CPA documentation/letter ကို program က လက်ခံတယ်ဆိုရင်** qualifying income ပိုမြင့်နိုင်ပါတယ်။
ဥပမာ—
• 25% expense → **$7,500/month**
• 15% expense → **$8,500/month**
# # # 👤 Personal Bank Account ဖြစ်ရင်
အထက်ပါဥပမာအတိုင်း average monthly deposits က **$10,000** မှာ **$10,000/month အထိ qualifying income** အဖြစ်ထည့်တွက်ပေးပါတယ်။
ဒါကြောင့်—
👉 **Deposit ပမာဏတူတူ ဖြစ်နေရင်တောင် Personal Bank Statement နဲ့ Business Bank Statement ကြားမှာ qualifying income calculation က ကွာခြားနိုင်ပါတယ်။**
🏠 Mortgage Loan လျှောက်မယ်ဆိုရင် **Bank Statement Loan မှာ ဘယ်လို income calculation လုပ်မလဲ၊ ကိုယ့်အတွက် ဘယ် program က သင့်တော်မလဲ** ဆိုတာ ကြိုတင်စစ်ဆေးထားတာ အရေးကြီးပါတယ်။
📩 **Mortgage ရယူချင်တယ်ဆိုရင် ကျွန်မကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။**
*မှတ်ချက် — Bank Statement Program တစ်ခုနဲ့တစ်ခု income calculation, expense factor, CPA documentation requirements နဲ့ DTI guidelines မတူနိုင်တဲ့အတွက် actual qualifying income ကို lender/program guideline အတိုင်း စစ်ဆေးရပါမယ်။*