Oo Zaw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Oo Zaw, 09977598510, Seattle, WA.

Permanently closed.
01/06/2026

Japan တစ်လ မြန်မာပြည့်တစ်ရက်😂😂

11/13/2025

သဘာဝ ဘေးအန္တရာယ်

11/01/2025

😀

ကိုရီးယားမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာကြောင့် အဆု.တ်က.င်ဆာ နောက်ဆုံးအဆင့်ရောက်ခဲ့ပြီး ၁ လပဲ အသက်ရှင်တော့မယ့် လူငယ်လေး ...
10/31/2025

ကိုရီးယားမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာကြောင့် အဆု.တ်က.င်ဆာ နောက်ဆုံးအဆင့်ရောက်ခဲ့ပြီး ၁ လပဲ အသက်ရှင်တော့မယ့် လူငယ်လေး 😰

ကျွန်တော့် အသက် ၂၃ နှစ်ပါ
ကိုးရီးယားကို ၂၀၂၃ ခုနှစ် ၉ လပိုင်းမှာရောက်ခဲ့ပါတယ်။ အင်ချွန်းမှာရှိတဲ့ Geong In ကျောင်းမှာ language student အနေနဲ့ ရောက်ခဲ့ပါတယ်။

ကျွန်တော်က မြောင်းမြဇာတိပါ။ မြန်မာပြည်ကနေလည်း ခက်ခက်ခဲခဲလာရတာမို့ ကိုးရီးယားစစရောက်တော့ ပိုက်ဆံလည်းသိပ်မပါခဲ့ဘူး ဆောင်းဆိုတော့ လိုအပ်တာဝယ်ချမ်းရတာနဲ့ ပါလာတာလေးတွေခဏလေးနဲ့ကုန်သွားတယ်။

တနေ့အသိကခေါ်တဲ့ ထမင်းဘူးစက်ရုံမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ နေ့လည်၁၂ကနေ ညနေ ၆ အထိ ကျောင်းတက်။ ည၈ကနေ မနက်၆ အထိ ညဆိုင်းအလုပ်ဆင်းရတယ်။ တနေ့ ၃/၄ နာရီပဲ အိပ်စက်ရပါတယ်။

ဒီစက်ရုံမှာ လူတွေကစက်ရုပ်လိုဘဲ အပြုံးအရယ်မရှိ ၊ အလုပ်တွေအချိန်မှီပြီးဆီးဖို့ ဆဲဆို အော်ဟစ်ပြီး ဖိအားပေးတဲ့သူတွေကြားထဲ ကိုယ့်အလုပ်ကိုယ်စီလုပ်နေကြတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး ကိုးရီးယားအတွေ့အကြုံပါ။ စိတ်မပျော်လည်း အားတင်းရတာပေါ့ဗျာ။ အလုပ်ပင်ပန်းတော့ သီးသန့်နေဖို့ အခန်းငှါးလိုက်ပါတယ်။

အဲဒီအလုပ်မှာ ၃လကြာတော့ အသိတစ်ယောက်မိတ်ဆက်ပေးခြင်းနဲ့ မြန်မာစားသောက်ဆိုင်တခုမှာ အလုပ်ရခဲ့ပါတယ်။ စစလုပ်ချင်းတုန်းကတော့ စနေ တနင်္ဂနွေပဲ အလုပ်ပေးပေမယ့် နောက်တော့ဆိုင်ရှင်က အချိန်ပိုခေါ်ပေးလို့ ကျွန်တော့်ရပ်တည်းရေး နဲနဲပိုအဆင်ပြေလာခဲ့တယ်။ ကိုးရီးယားရောက်တဲ့ကာလအတွင်း အမေနဲ့မခြား ဂရုစိုက်ပေးပြီး စားချင်တာတွေ ကျွေးပေးတဲ့ မြန်မာအလုပ်ရှင်ပါ 🙏

နောက်တော့ ကျောင်းစရိတ် ကျန်းမာရေးအာမခံ အိမ်ခန်းခတွေကြောင့် ငွေပိုလိုအပ်လာတော့ မြန်မာဆိုင်ကနေထွက်ပြီး ကိုးရီးယားနယ်ပယ်မှာ အလုပ်သစ်ရှာရတော့တယ်။ အိမ်ကနေ အသွားတစ်နာရီ အပြန်တစ်နာရီခရီးနဲ့ ကိုးရီးယားဆိုင်မှာ ပန်းကန်ဆေးအနေနဲ့ အလုပ်ရခဲ့တယ်။

ကျောင်းတက် ကျောင်းဆင်းပြီးရင် အလုပ်တန်းပြေးရတာဗျ၊ ဆိုင်ကဧည့်သည်အရမ်းကျတယ် ပင်ပင်ပန်းပန်းလုပ်ရပါတယ်

အိမ်ရောက်ရင် ခြေကုန်လက်ပန်းကျပြီး ပညာရေးအတွက် စာတွေမကြည့်နိုင်တော့ဘူး လူကအားမရှိ တရှောင်ရှောင်ဖြစ်လာတယ် ကျောင်းလည်းမှန်မှန်မတက်နိုင်တော့ဘူး

ဒါကြောင့် ရပ်တည်ရေးအတွက် တလမ်းပဲရွေးဖို့ ကျောင်းထွက်ပြီး G1 ဗီဇာပြောင်းလိုက်ပါတယ်

ဒီလိုနဲ့ အလုပ်မှေးလုပ်ရင်း ... အတိုချုပ်ပြောရရင် ကျန်းမာရေးပိုထိလာခဲ့တယ် လူကချူချာလာတော့ဆေးခန်းပြလိုက် အလုပ်ပျက်လိုက်နဲ့ မှေးကုရင်း ငွေကုန် လူပင်ပန်းဖြစ်လာတယ်။ body ဝိတ်လည်းပိုပိုကျလာတယ် အလုပ်ပျက်ဖန်များလာတော့ ညိုငြင်ခံရတယ် ဆေးကုခလည်းများတော့အကြွေးတင်ခဲ့တယ် အလုပ်ကလည်းထွက်လိုက်ရတော့ ဆေးခန်းလည်း ဆက်မပြနိုင်တော့ဘူး

အကြာကြီးအလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်။ စိတ်ဓာတ်တွေကျပြီး အခန်းအောင်းရတဲ့ရက်တွေလည်းများခဲ့တယ်။ ထမင်းလည်းငတ်ခဲ့တယ် အသိတွေခေါ်တဲ့ အချိန်ပိုင်းအလုပ်တကာဝင်လုပ်ရင်း အိမ်စရိတ် ပေးစရာတွေ ဖြေရှင်းခဲ့ရတယ်။ အကြွေးဆပ်ရတယ် အလုပ်လုပ်ပေးပြီး လစာမရတာတွေလည်းရှိခဲ့တယ် ခြေထောက်နဲ့ခိုင်း ဆဲဆိုတာတွေကြားလုပ်ခဲ့ရတယ်။

နောက်ပိုင်း တပတ် ၅ ရက်နဲ့ အလုပ်တခုရခဲ့တယ် သူဠေးက သဘောကောင်းပြီး အလုပ်ကသက်သာခဲ့တယ် လုပ်ရင်းနဲ့ဆိုင်က စီးပွါးရေးကျလာတယ်။ ဒါကြောင့်သူဠေးကအချိန်တွေလျော့ချခဲ့တယ် ၄ လလုပ်ပြီး အဆင်မပြေတာနဲ့ အလုပ်ထွက်အသစ်ရှာရပြန်တယ်။

၂ပတ်အကြာမှာ အိမ်နားက အကင်ဆိုင်မှာ မီးသွေးထည့်ပေးရတဲ့အလုပ်ကိုရခဲ့တယ် အိမ်နဲ့နီးတော့ပျော်ခဲ့တယ် ဒါပေမယ့် အလုပ်က လူမျိုးခြားအမျိုးသမီးက နိုင်ငံခြားသားမြန်မာလူမျိုးဆိုပြီး နှိမ့်ချခွဲခြားဆက်ဆံခဲ့တယ် တခြားလူမျိုးတူတွေကိုချိုချိုသာသာပြောပေမယ့် ကိုယ့်အလှည့်ကျ မခြေမငံပြောတာခံခဲ့ရတယ်။

မတော်တဆပါဆိုပြီး သံအပူချောင်းနဲ့ ပွတ်တိုက်တာကိုလည်းသည်းခံခဲ့ရတယ် ၁လပြည့်ခါနီးကျ နိုင်ငံခြားသားမို့ အဆင်မပြေပါဘူး ကိုးရီးယားလူမျိုးသာလိုချင်ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ထုတ်ခဲ့တယ် ဝမ်းနည်းရသလို ခံပြင်းခဲ့ပါတယ်။

မိသားစုမှာ ကျွန်တော်က သားကြီးမို့ အမေနှင့် ညီမလေးဘဝရပ်တည်နိုင်ဖို့ ကျွန်တော့်တာဝန်မို့ စွမ်းသလောက်ကြိုးစားခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ ကျန်းမာရေးကမသိမသာဆိုးရွားနေခဲ့ပြီထင်တယ် ငွေရေးကြေးရေးကြောင့်သေချာမကုသခဲ့တော့ ပိုပြီးဆိုးလာတယ် နောက်ပိုင်း အလုပ်အတည်တကျမဟုတ်ဘဲ ကြုံရာလုပ်နေခဲ့တယ်။

တနေ့ ကံကောင်းစွာနဲ့ ပထမဆုံးလုပ်ခဲ့တဲ့ ကိုးရီးယားဆိုင်က မန်နေဂျာကပြန်ခေါ်လို့ အလုပ်သစ်တခုရခဲ့တယ် တာဝန်ကျေပွန်စွာ လုပ်ပေးခဲ့တာကြောင့် ရာထူးတနေရာနဲ့ သူဠေးအလေးပေးခြင်းခံခဲ့ရတယ် ဆိုင်တစ်ဆိုင်လုံးရဲ့ သော့တွေပါတာဝန်ယူအပ်နှံခံရတယ် ဆိုင်က စျေးကြီးပြီး ၃ထပ်ရှိတာကြောင့် မနက်တိုင်း ၉နာရီအရောက်သွားရတယ် ညဘက်အကုန်ပြန်မှ စစ်ဆေးပြီး ၁၁ နာရီမှပြန်ခဲ့တယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ တာဝန်တခုယူထားရတော့ တခြားလူမျိုးခြား လူကြီးတွေက ပြောဆိုကြတယ် အနိုင်ကျင့်ချင်ကြတယ်။ ၂လသည်းခံလုပ်ပြီးနောက်တော့ လူရောစိတ်ပါပင်ပန်းလွန်းတာကြောင့် လစာကောင်းပေမယ့် အလုပ်ထွက်ခဲ့တယ်

အဲဒီအလုပ်ကစပြီး ခါးနာဝေဒနာစခံစားခဲ့ရတယ် အလုပ်ဒဏ်ကြောင့် အညောင်းမိတာထင်ခဲ့တယ်
ဒီလိုနဲ့ အလုပ်သစ်ရှာနေရင်း ခါးကိုက်ဝေဒနာက ပိုပိုဆိုးလာခဲ့တယ်။

နောက်ပိုင်း မထိုင်နိုင် မထနိုင်ဖြစ်လာတယ်
ချောင်းဆိုးလာတယ် ရင်ဘတ်တွေနာကြင်တယ်
တနေ့ မခံနိုင်တဲ့အဆုံး အရိုးအကြောဠာနမှာကုသခဲ့တယ် အလုပ်ဒဏ်ကြောင့် အရိုးပျက်စီးပြီး အရွတ်ရောင်တာပါဆ်ိုပြီး ဆရာဝန်ကပြောခဲ့တယ်။

သက်သာလာတော့ အလုပ်လုပ်နေရင်းကနေ တနေ့ ဗိုက်အောင့်ဝေဒနာထပ်ခံစားရလာတယ် သည်းခံရင်းကနေခွေကျတဲ့ထိဖြစ်လာတော့ ညဘက်သူငယ်ချင်းအကူအညီနဲ့ ဆေးရုံပြေးခဲ့ရတယ် ဆေးရုံဘက်ကဓာတ်မှန်ရိုက်ပြီး မျက်နှာပျက်စွာနဲ့ တခြားဆေးရုံအမြန်သွားဖ်ို့ပြောခဲ့တယ်။

ဘာသာစကားအခက်အခဲကြောင့် အကြောင်းအရင်းကိုမသိခဲ့ရဘူး ဒါကြောင့်မြန်မာက အသိဆရာဝန်ဆီချက်ခြင်းဆက်သွယ်ခဲ့တယ် သိလိုက်ရတာက အဆုတ်မှာပြသနာရှိပြီး အသက်အန္တရာယ်ရှိနေခဲ့ပြီ ဒါကြောင့် ညွှန်တဲ့ဆေးရုံကိုအမြန်တက်ခဲ့တယ် ဓာတ်မှန်ရိုက် CTရိုက်ပြီး အဖြေရှာကြတယ်

နောက်မကြာခင်မှာ သီးသန့်အခန်းထဲထားပြီး ဘယ်သူနဲ့မှမတွေ့ရတော့ဘူး ဝေဒနာခံစားရင်း တယောက်ထဲအထီးကျန်ပြီး ကြောက်ရွံ့နေခဲ့တယ်

နောက်ရက်မှာဆရာဝန်က အဆုတ်နာနေကြောင်း၊ အဆုတ်ပျက်စီးနေကြောင်းနဲ့ TBဖြစ်နိုင်လို့ အခန်းခွဲထားရကြောင်း ပြောပြခဲ့တယ်

စစ်ဆေးမှုတွေလုပ်ပြီးနောက် အဖြေထွက်လာတယ်

ဆရာဝန်က ...
စိတ်ခိုင်ခိုင်ထားပါ ကင်ဆာဖြစ်နေပြီ လို့ပြောပြခဲ့တယ် 😢
ရောဂါအဖြေသိလိုက်ရတဲ့အချ်ိန်မှာတော့ ကင်ဆာဆဲလ်တွေကတစ်ကိုယ်လုံးပျံ့နေခဲ့ပြီ ဆေးရလဒ်အရ ၁ လခန့်ပဲနေရတော့မယ်💔 အားမပြတ်ခင် အိမ်အမြန်ပြန်သင့်တယ်တဲ့။ ဒီအဖြစ်အပျက်တွေက အိပ်မက်လိုပါပဲဗျာ

ကျန်းမာရေးအတွက်လည်း စိတ်ပူနေရသလို
ငွေကြေးစုထားတာလေးတွေလည်းကုန်ပြီမို့
သူငယ်ချင်းတွေက ပို့စ်တင်ပြီးအကူညီတောင်းဖို့
ကိုဇော်မိုးအောင်ကို အကူအညီတောင်းခဲ့တယ်
မြောင်းမြဆရာမအယ်နီကလည်း မမေရီနွမ်ကို
ဆက်သွယ်ပေးခဲ့လို့ စိတ်အေးရပါပြီဗျာ

ဒီနေ့ ဆေးရုံလာကြည့်သူ ၄၀ ကျော်ပါတယ်
ကိုးရီးယားသူနာပြုတွေက အံ့ဩခဲ့ကြတယ်
အပေါင်းအသင်းတွေ အလုပ်ရှင်ဟောင်းတွေ
သိသူခင်သူတွေက ဝန်းရံအားပေးကြတယ်

မြောင်းမြကသူငယ်ချင်းတွေ ရန်ကုန်ဆင်းပြီး
ကျွန်တော့်ကိုလာကြိုဆိုကြမယ်လို့ပြောတယ်

ဒီညက ကျွန်တော့်ရဲ့ကိုးရီးယားနောက်ဆုံးညပါ
မနက်ဖြန်ဒီနိုင်ငံကိုထားခဲ့ပြီးအမိမြေပြန်ပါမယ်
ကျန်ရှိနေတဲ့အချိန်လေးတွေမှာ မိသားစုနဲ့အတူ
အိမ်လေးထဲပျော်ပျော်ပါးပါးနေချင်တယ်ဗျာ ...

ဖြစ်ပျက်လာတဲ့အခြေအနေကို လက်ခံရင်း
ကျွန်တော် စိတ်ခိုင်ခိုင်ထားထားပါတယ်ဗျာ
မေမေနဲ့ ဖုန်းပြောရင် မျက်ရည်မခိုင်ဘူးဗျ 😭
အိမ်ထောင်ရေးလမ်းခွဲထားတဲ့အဖေနဲ့အမေလည်း သားနေမကောင်းတာနဲ့ပြန်အဆင်ပြေလိုက်ကြတယ်။ ဒါ သားတို့မောင်နှမအတွက် အဆိုးထဲကအကောင်းတခုပါဗျာ

ပြည်ပရောက်မြန်မာညီကိုမောင်နှမတွေလည်း
ကျန်းမာရေး မိသားစုအရေးဂရုစိုက်ကြပါဗျာ
ကျန်းမာရေးနဲ့ မိသားစုပြိုကွဲတဲ့ဒဏ်မလွယ်ဘူးဗျ
အသက်ငယ်ပြီးတောင့်ခံနိုင်တိုင်း မသန်မာကြပါနဲ့
အလုပ်လည်းလုပ် အနားယူ အဟာရရှိရှိစားပြီး
ကျန်းမာရေးလည်းစစ်ဆေးကြည့်စေလိုပါတယ်

လိုင်းပေါ်ကနေအလှူငွေပို့သူတဦးစီကိုလည်း
အရမ်းလေးစားပြီး ကျေးဇူးတင်ပါတယ်ဗျာ
ကိုးရီးယားဝမ် သိန်း ၁၅၀ ခန့် ဝင်လာပါပြီ
တချို့ဆိုရင် Kpay နဲ့တောင်အလှူငွေပို့ကြတယ်

ဆေးဝါးနဲ့လည်းတတ်နိုင်သလောက်ဆက်လက်ကုသရင်း မျှော်လင့်ချက်တစ်ခုနဲ့ ဖြတ်သန်းရပါတော့မယ် ကျွန်တော် ကျန်းကျန်းမာမာနေချင်ပါသေးတယ်

အန်တီမေရီနွမ်စီကတဆင့် ကျွန်တော့်ကိုးရီးယားဘဝအကြောင်းကို ပြောပြခွင့်ရလို့ အထူးကျေးဇူးတင်ပါတယ်

ကောင်းထက်နိုင် (ခေတ္တကိုးရီးယား)

ဆက်လက်ဆေးကုသစရိတ်အတွက် ကူညီလိုပါက ကူညီနိုင်ပါတယ်ရှင် 🙏

NH 농협은행 3021898882481
KAUNG HTET NAING

ကေပေးအကောင့်လည်း တင်ပေးပါဦးမယ် 🙏


10/30/2025

😂😂

07/23/2025

-ပရဟိတအကိုများတွေ့ပါစေ

ဗန် နဲ့ မိုးဟေကို တစ်ကယ်ဆုံကြပြိ 😍😍ချစ်သူဖြစ်နိုင်ရှိ
07/05/2025

ဗန် နဲ့ မိုးဟေကို တစ်ကယ်ဆုံကြပြိ 😍😍

ချစ်သူဖြစ်နိုင်ရှိ

အပြောချိုတဲ့ Cancer မမ နဲ့"မင်းအတွက်သာဆို အရာရာဖြစ်စေရမယ်"ဆိုတဲ့ Libra မောင်လေး
07/05/2025

အပြောချိုတဲ့ Cancer မမ နဲ့

"မင်းအတွက်သာဆို အရာရာဖြစ်စေရမယ်"

ဆိုတဲ့ Libra မောင်လေး

Address

09977598510
Seattle, WA
98101

Website

Alerts

Be the first to know and let us send you an email when Oo Zaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Featured

Share