Khit Thit Real Estate

Khit Thit Real Estate Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khit Thit Real Estate, Real Estate, ကလျာဏီ (၂) လမ်း၊ ကလျာဏီ ရပ်ကွက်၊ ပဲခူးမြို့။, Bago.

အိမ်ခြံမြေမှာ ယုံကြည်ရာ၊ ခေတ်သစ် ပါ။

👏 ရင်းနှီးမြှုပ်နှံမှုကိုခေတ်သစ်နဲ့ စတင်ပါ။

🟤 TikTok
https://www.tiktok.com/

🟤 Telegram
https://t.me/+tisSMauIzeVjOTZl

🟤 Hotline
09770965656

11/09/2026

အိမ်ခြံမြေ မှာ မှားနေတဲ့ အချက် (၂) ချက်

#ပဲခူးအိမ်ခြံမြေ #ပဲခူးမြို့အိမ်ခြံမြေအရောင်းများအပ်နိုင်ပါပြီ #ပဲခူးမြို့ #အိမ်ခြံမြေ #ခေတ်သစ်အိမ်ခြံမြေ

10/09/2026

အိမ်ခြံမြေ မ၀ယ်ခင် ကြိုတင် လေ့လာပါ

#ပဲခူးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း #အိမ်ခြံ‌မြေအကြောင်းလေ့လာပါ #ခေတ်သစ်အိမ်ခြံမြေ #ပဲခူးမြို့

06/09/2026

ယခု ပဲခူးမြို့ အိမ်ခြံမြေ ဈေးကွက် ဘယ်လိုဖြစ်နေလဲ
(6 Sep, 2026 Update)
-

မိုးတွင်းကာလတွေဆိုတာ အရောင်းအဝယ် ပိုအေးတတ်လေ့ရှိပါတယ်။ အကြောင်းကတော့ မိုးတွင်းမှာ ချွေတာရမဲ့ ကိစ္စတွေရှိသလို ပွင့်လင်းရာသီလို အလုပ်လုပ်လို့ မကောင်းတာတွေလဲ ရှိပါတယ်။ ဒီအချက်တွေအပြင် ပဲခူးမှာ နှစ်စဥ် နီးပါး ဒီ (၅) နှစ်အတွင်း အောက်တိုဘာလကနေ နိုဝင်ဘာ လလောက်ထိက ရေကြီး ရေဝင်ကိစ္စတွေ ရှိနေပါတယ်။

ပဲခူးက ရေတက်တယ်လို့ ပြောပေမယ့် မတက်တဲ့ နေရာတွေလဲ ရှိနေသေးသလို တက်တဲ့နေရာ အများစုက ပဲခူးရဲ့ အဓိက စီးပွားရေးလုပ်ငန်းကို မောင်းနှင်နေတဲ့ နေရာတွေ ဖြစ်နေတာကြောင့် အလုပ်လုပ်ဖို့ရာအတွက် အဆင်မပြေတာတွေလဲ ပါပါတယ်။

ဈေးကွက်အေးနေလားလို့ မေးရင်တော့ အရင်အရှိန်လောက်တော့ မရှိတာ သေချာပါတယ်။ အကြောင်းကတော့ ငွေဈေး၊ ရွှေဈေး တည်ငြိမ်မှုတို့အပြင် လောလော လောလော နဲ့ ဝယ်မဲ့ သူတွေ နည်းသွားပါတယ်။

ခေတ်သစ်အိမ်ခြံမြေသို့ လာရောက်ဆက်သွယ်တဲ့ အဝယ်တော်တော်များများကို လေ့ လာရသလောက် မြေပြင်ခေါ်ဈေးနဲ့ သိန်း ၂၀၀၀ ဝန်းကျင်ဆိုလျင် သိန်း ၁၅၀၀ ဝန်းကျင်လောက်ကိုပဲ သုံးချင်တာ၊ ဒီလောက်ပဲ နိုင်တာမျိုးတွေဆိုပြီး တွေ့ရပါတယ်။

ဥပမာ အနေနဲ့ ပြောပြတာဖြစ်ပြီး ဈေးတန်း မြောက်ရင် မြောက်သလောက်က အရမ်းလေးပါတယ်။

သိန်း ၅၀၀-၁၀၀၀ ကနေ သိန်း ၁၅၀၀ ဝန်းကျင်က နေရာကောင်းမယ်၊ ဂရန်မြေအမျိုးအစားတွေ၊ စလစ်ဆိုလျင် ဓာတ်ပုံစလစ် ဖြစ်ပါက ရောင်းတန်း မြန်တာကို တွေ့ရပါတယ်။

သောင်းကြီး ဂဏန်းတွေ သုံးမဲ့ သူတွေ နည်းတာတော့ မဟုတ်ပေမယ့် တကယ့်နေရာကောင်းတွေက သုံးမဲ့ အမောင့်နဲ့ သိန်း ၅၀၀၀ ဝန်းကျင်ကနေ ဈေး ဟ နေတာကိုတွေ့ရပါတယ်။ ဒါက ဝယ်ချင်တဲ့သူတွေ ပေးချင်တဲ့ ဈေးနဲ့ ရောင်းမဲ့သူတွေ လိုချင်တဲ့ ဈေးအကြမ်းဖျဥ်းဖြစ်ပါတယ်။

တဖြည်းဖြည်းနဲ့ နေရာကောင်းတွေ ရှားလာသလို ရောင်းတန်းတွေ လဲ နည်းလာပါတယ်။ ဝယ်လိုအားရှိပေမယ့် ရောင်းမဲ့ မြေကွက် အနေနဲ့ စိတ်တိုင်းကျ မရနိုင်တာတွေ တွေ့ရပါတယ်။
-
ရေကြီး ရေဝင်ကိစ္စတွေ ဖြစ်နေတာကြောင့် မြေနိမ့်ပိုင်း အိမ်ခြံမြေ အရောင်းအဝယ်တွေ ပို အေးသွားသလို ကုန်းမြင့်ပိုင်း ဂရန်မြေတွေ အဝယ်ပိုသွက်နေပါတယ်။ အဓိကက ဈေးတန်း အနည်းငယ် ဟ နေတာရယ်၊ ဝယ်ချင်တဲ့သူတွေ သေချာ စိတ်ကြိုက် စဥ်းစားဆုံးဖြတ်နေတာတွေ တွေ့ရပါတယ်။
-
ဈေးတန်းတွေ အရမ်း ပြောင်းတာတွေ မတွေ့ရပေမယ့် အရောင်းတစ်ခုက ၄ လ ကနေ ၅ လ၊ ၆ လ ဝန်းကျင်လောက်မှ ပဲ ဈေးပြောင်းတာကိုတွေ့ရပါတယ်။
-
ခြုံငုံသုံးသပ်ရမယ်ဆိုလျင် -

အဝယ်တွေအနေနဲ့ ဒီလိုဈေးကွက်မှာ ဝယ်သူတွေ အကုန်စုံပြုမနေနေတာကြောင့် သေချာ ရွေးချယ်လို့ ကောင်းတဲ့ အဝယ် တွေ သာတဲ့ ဈေးကွက်ဖြစ်နေတာမို့ ကိုယ့်မှာ အခွင့်အလမ်းတွေရတုန်း ကိုင်ထားသင့်ပါတယ်။ တစ်ခုရှိတာက ကိုယ့်ရဲ့ အခြေအနေနဲ့ ချိန်ပါ။ အထူးသဖြင့် ဈေးတက်မယ် ဆိုတဲ့ အမြင်နဲ့ မိမိရှိတဲ့ ငွေကြေးအားလုံးကို ပုံမအောဖို့ပါပဲ။

အရောင်းတွေ အနေနဲ့ကတော့ မရောင်းဘဲ ပွင့်လင်းရာသီရောက်မှ အေးဆေး ရောင်းလို့ရပါတယ်။ သို့ပေမယ့် အခွန်မူဝါဒအသစ်တွေ မိမိရဲ့ ငွေဖော်လိုမှုတွေကိုတော့ ပြန်ချိန်ဖို့လိုပါတယ်။

အဝယ်ရော အရောင်းရော က ကြက်ဥတွေကို ခြင်းထဲ တစ်ခါတည်း မထားသင့်ပါဘူး။ အိမ်ခြံမြေ ဆိုတာလဲ အမြဲ ဈေးတက်နေမှာ မဟုတ်သလို နေရာ၊ အချိန်ပေါ်လိုက်ပြီး အမြဲ ပြောင်းလဲ ဖြစ်တည်နေတာဆိုတာကိုပြောရင်း နိဂုန်းချုပ်လိုက်ပါတယ်။

အိမ်ခြံမြေမှာ ကံကောင်းပါစေ။ တခုခုဆွေးနွေးလိုတာရှိ အားမနာတမ်း လာမေးလို့ရပါတယ်။


#ပဲခူးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း
#ပဲခူးအိမ်ခြံမြေ

Send a message to learn more

ID LB471သိန်း ၁၀၀၀ ဝန်းကျင်နဲ့ ဂရန် အမည်ပေါက် လေး လိုချင်ရှိပါမယ် ခင်ဗျာ။ဂရန် အမည်ပေါက်၊ သက်တမ်း တိုးပြီး၊ အရှုပ်ရှင်းကင...
04/09/2026

ID LB471

သိန်း ၁၀၀၀ ဝန်းကျင်နဲ့ ဂရန် အမည်ပေါက် လေး လိုချင်ရှိပါမယ် ခင်ဗျာ။

ဂရန် အမည်ပေါက်၊ သက်တမ်း တိုးပြီး၊ အရှုပ်ရှင်းကင်း ခိုင်မာပြီးသားပါ။

ဈေးနီးကျောင်းနီး တဲ့ အပြင် ကတ်တရာလမ်းရော၊ ကွန်ကရစ် လမ်းရော ခင်ထားပါတယ်။

အလှည့်က အရှေ့လှည့်လေးပါ။

09770965656

✅ ဒါလေး အမြန်ရောင်းပါမယ်။ ရေမီးစုံပါ။ အိမ်မကောင်း။   #ပဲခူးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း  #ပဲခူးအိမ်ခြံမြေ
03/09/2026

✅ ဒါလေး အမြန်ရောင်းပါမယ်။

ရေမီးစုံပါ။ အိမ်မကောင်း။

#ပဲခူးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း #ပဲခူးအိမ်ခြံမြေ

30/08/2026

ပဲခူးမြို့ ပင်စီ တဝိုက် အဆောင်လုပ်ဖို့ဖြစ်ဖြစ်၊ နေဖို့ဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံထားချင်လို့ ဖြစ်ဖြစ် အဆင်ပြေစေမဲ့ မြေကွက်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ID - L166

#ပဲခူးအိမ်ခြံမြေ #အရောင်းအပ်နိုင်ပြီ #ပဲခူးမြို့အိမ်ခြံမြေအရောင်းများအပ်နိုင်ပါပြီ #ပဲခူးမြို့ #အိမ်ခြံမြေ #ခေတ်သစ်အိမ်ခြံမြေ

29/08/2026

စတင်ဘာလ ပဲခူးမြို့ အိမခြံမြေ သုံးသပ်ချက်

၁။ အခွန်ကိစ္စတွေကြောင့် ဘာဖြစ်လာမလဲ
၂။ ဝယ်သူတွေ သတိထားရမဲ့ အချက်
၃။ ရောင်းသူတွေ သတိထားရမဲ့ အချက်

ရောင်းဖို့ စီစဥ်ထားတာပဲ ဖြစ်ဖြစ်၊ ဝယ်ဖို့ စီစဥ်ထားတာပဲဖြစ်ဖြစ် ဝန်ဆောင်ခ ပေးစရာမလို တိုင်ပင်လိုသူများ ခေတ်သစ်အိမ်ခြံမြေ ရုံးဖုန်း 09770965656 သို့ ရုံးချိန်အတွင်း မေးမြန်းနိုင်ပါတယ်။

#ပဲခူးအိမ်ခြံမြေ #ပဲခူးမြို့အိမ်ခြံမြေအရောင်းများအပ်နိုင်ပါပြီ #ခေတ်သစ်အိမ်ခြံမြေ

29/08/2026

လစဥ် တင်ဆက်နေကျဖြစ်တဲ့ ပဲခူးမြို့ အိမ်ခြံမြေ ဈေးကွက်သုံးသပ်ချက်နဲ့ ပက်သက်ပြီး မကြာခင် Video လေး တင်ပေးပါတော့မယ်။

ဒီတစ်ခေါက်ကတော့ အရင်ကထက် ပိုပြီး အရေးကြီးလာပါပြီ။

ဘာတွေ အရေးကြီးလဲ သိချင် ရင် စောင့်ကြည့်ပါဦး။

ပဲခူးမြို့မှာ အိမ်ခြံမြေ ရောင်းဖို့ စဥ်းစားထားတာပဲဖြစ်ဖြစ်၊ ဝယ်ဖို့ စဥ်းစားထားတာပဲ ဖြစ်ဖြစ် ခေတ်သစ်အိမ်ခြံမြေမှာ အခမဲ့တိုင်ပင်နိုင်ပါတယ်။

26/08/2026

ပဲခူးမှာ ဘယ်နေရာတွေ Invest လို့ ကောင်းတယ်ဆိုတဲ့နေရာမှာ ဘာတွေသိသင့်လဲ?

26/08/2026

ပဲခူးမြို့က အိမ်ခြံမြေတွေ မဝယ်ခင် ဒီ Video ကို အရင်ကြည့်ပါ

ရပ်ကွက်တစ်ခုချင်းစီ သုံးသပ်ချက်နှင့် ရွေးချယ်သင့်သော ရပ်ကွက်များအကြောင်း

#ပဲခူးအိမ်ခြံမြေ #ပဲခူးမြို့အိမ်ခြံမြေအရောင်းများအပ်နိုင်ပါပြီ #ခေတ်သစ်အိမ်ခြံမြေ #အိမ်ခြံမြေ

Address

ကလျာဏီ (၂) လမ်း၊ ကလျာဏီ ရပ်ကွက်၊ ပဲခူးမြို့။
Bago
08011

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959444293358

Website

Alerts

Be the first to know and let us send you an email when Khit Thit Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khit Thit Real Estate:

Shortcuts

Share

Category