Property Solutions - Thilawa

Directions

Property Solutions - Thilawa Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Property Solutions - Thilawa, Real Estate, 18-14B Shop Houses, Thilawa Development Road, Thilawa Garden City, SEZ Zone A, Thanlyin.

သီလဝါအထူးစီးပွာရေးဇုန်၊ သန်လျင်၊ကျောက်တန်းဒေသတို့ တွင် ဂရန်၊ ပါမစ်၊ 3B၊ အခြားနည်း၊ စက်မှုဇုန်၊ မြို့မြေရွာမြေ၊ လယ်ယာမြေ များရောင်းလို ဝယ်လိုပါ က ဆက်သွယ် နိုင်ပါသည်။
+95 9 4444 10954 (Phone)
+95 9 7853 16281 (Viber)

သီလဝါပြည်တွင်းစက်မှုဇုန် မြေအငှားမိမိတို့လုပ်ငန်း လိုအပ်ချက်အရ ဧကကျယ်မြေ ငှားရန်းလိုပါက-------📍 Location: Thilawa Local ...
30/10/2026

သီလဝါပြည်တွင်းစက်မှုဇုန် မြေအငှား

မိမိတို့လုပ်ငန်း လိုအပ်ချက်အရ ဧကကျယ်မြေ ငှားရန်းလိုပါက

-------
📍 Location: Thilawa Local Zone
📐 Land Size: 1.8 ဧက (200 × 400 ပေ)
🛣️ Road Access: ပေ ၆၀ ကွန်ကရစ်လမ်း၊ ဒဂုံသီလဝါ လမ်းမကြီးဘေး
⚡ Utilities: Electricity, 200 kVA transformer, water
🏠 Additional Facility: အဆောက်အဦးအသေးအပါ၊
🚚 Best Use: Storage yard / truck parking
📌 Key Advantage: ဒဂုံသီလဝါ မိန်းလမ်းမကြီး‌‌ မေးတင်
💰 Rental Price: တစ်လ သိန်း ၂၀၀ အားနှစ်ရှည်ငှားရန်းမှုပေါ်မူတည်၍ ညှိနှိုင်းပါမည်။
🤝 Negotiable for long-term lease
📄 Minimum lease term: 1 year

------
📞 Contact Property Solutions (Thilawa)
Phone: +95 9 4444 10954 Viber: +95 9 7853 16281

သီလဝါရေနက်ဆိပ်ကမ်းနှင့် သီလဝါအထူးစီးပွားရေးဇုန် : စောင့်ကြည့်သွားရမည့် တိုးတက်မှုများ 🚢🏭ယခုရက်ပိုင်းအတွင်း သတင်းတွေအရ သီ...
29/10/2026

သီလဝါရေနက်ဆိပ်ကမ်းနှင့် သီလဝါအထူးစီးပွားရေးဇုန် : စောင့်ကြည့်သွားရမည့် တိုးတက်မှုများ 🚢🏭

ယခုရက်ပိုင်းအတွင်း သတင်းတွေအရ သီလဝါရဲ့ logistic နဲ့ Industrial အနာဂါတ် ကိုကြည့်လျှင်၊ အောက်ပါသတင်းအချက်များတွေ့ရှိရပါသည်။

━━━━━━━━━━━━━━━━━━
1️⃣ သီလဝါ အထူးစီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံမှုများရောက်ရှိမှု

25 အောက်တိုဘာ 2026 ရက်နေ့မှာကျင်းပတဲ့ MTSH ရဲ့ နှစ်ပါတ်လည် အစည်းအဝေး ပြောကြားချက်များအရ၊ ယခုနှစ်အတွင်း SEZ မြေ 9.64 ဧက အားအငှားချပေးနိုင်ခဲ့သည် ဆိုသည်။ လက်ရှိ TSEZ ၏ 67.56 ဧက တွင်လည်း Infrastructure များတည်ဆောက်ပေးပြီးဖြစ်ကာ၊ လုပ်ငန်းရှင်များ ၎င်းတို့ ၏ စက်ရုံအလုပ်ရုံများ စတင် တည်ဆောက်ရန် အဆင်သင့်ဖြစ်ပြီ ဆိုပါသည်။
လက်ရှိတွင် ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်း 104 ခုသည် SEZ အတွင်း လုပ်ငန်းမျိုးစုံ လုပ်ကိုင်လည်ပါတ်လျက်ရှိသည်ဆိုသည်။

Source: "Global New Light of Myanmar — 25 October 2026" (https://www.gnlm.com.mm/thilawa-sez-captivates-domestic-and-overseas-investors/)
━━━━━━━━━━━━━━━━━━
2️⃣ သီလဝါရေနက်ဆိပ်ကမ်းနှင့် ရထားပို့ဆောင်ဆက်သွယ်ရေး

15 Oct 2026 ရက်နေ့တွင် သီလဝါ ရထားဘူဝာာ နှင့် MITT အား နိုင်ငံတော်အကြီးအကဲကလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
အောက်ပါတို့အားလမ်းညွှန်ခဲ့သည်:
🔹 တိုးကြောင်ကလေး-သီလဝါ ရထားလမ်းပိုင်းအား နှစ်လမ်းသွားအဖြစ် အဆင့်မြှင့်တင်နိုင်ရေး
🔹 ကွန်တိန်တာကြီးများ သယ်ယူပို့ဆောင်မှုအတွက် ဆိပ်ကမ်းအတွင်းဘက်ထိ ရထားလမ်းအားတိုးချဲ့ပေးနိုင်ရေး
🔹 စီမံကိန်းရေးဆွဲရာတွင် အနာဂါတ် လျှပ်စစ်ရထားများ ပြေးဆွဲလာနိုင်မှုကိုပါ ထည့်သွင်း စဉ်းစားဆောင်ရွက်ရေး
🔹 မြစ်ကြောင်းအတွင်းသောင်တူးခြင်းမှသည် ဆိပ်ကမ်း operation ထိတိုင်၊ အရာရာ အဆင့်မြှင့်တင်နိုင်ရေး

Sources:"Myanmar Digital News — 15 October 2026" (https://mdn.gov.mm/en/dawei-yangon-pathein-ports-cast-trade-hubs)
━━━━━━━━━━━━━━━━━━
3️⃣ သိုလှောင်ရုံကြီးများတည်ဆောက်ခြင်းနှင့် ပို့ကုန် တင်ပို့လုပ်ငန်း

ပြန်ကြားရေးဝန်ကြီးဌာန 10 May 2026 ထုတ်ပြန်ချက်အရ ကန်ဒေါ်လာ 3.7 သန်းတန် ကုန်လှောင်ရုံအား အကွက်အမှတ် 29 တွင်တည်ဆောက်မည်ဆိုသည်။ ပြီးစီးပါက Grain တန်ချိန် 25,000 အား သိုလှောင်နိုင်မည်ဆိုသည်။

Source: "Ministry of Information — 10 May 2026" (https://www.moi.gov.mm/moi:eng/news/20944)
━━━━━━━━━━━━━━━━━━
4️⃣ ဆိုလာ လုပ်ငန်းကြီး

21 Aug 2026 တွင် 3.37 Megawatt ရှိ ဆိုလာ ပရောဂျက် ပြီးစီးကြောင်း MTSH ကကြေငြာပါသည်။
အဓိကကတော့ စက်ရုံကြီးများအား အဓိက မီးပေးမည်ဖြစ်ပြီး Commercial Area ရှိ Hotel နှင့် Residential များအားလည်း မီးပေးမည်‌ဆိုသည်။

Source: "Myanmar Digital News — 21 August 2026" (https://mdn.gov.mm/en/mtsh-completes-337-mw-solar-pilot-project-thilawa-sez)
━━━━━━━━━━━━━━━━━━
5️⃣ အထက်ပါသတင်းများနှင့် ဒေသအတွင်းစီးပွားရေး

၂ နှစ် ၃ နှစ်အတွင်း စက်မှု နှင့်ဆိပ်ကမ်း တို့ကြောင့် အောက်ပါတို့ လိုအပ်ချက်မြင့်မားလာနိုင်ပါသည်
🏭 ဂိုထောင် ဆိုဒ်စုံ
🚛 Logistic လုပ်ငန်းနှင့် ကားကြီးလုပ်ငန်းများ၊ YBS လိုင်းများ
🏢 ရုံးခန်းနှင့် Commercial နေရာများ
🏠 အလုပ်သမား၊ မန်နေဂျာများနှင့် အတတ်ပညာရှင်တို့အတွက် နေစရာ အိမ်ခြံမြေများ
🍽️ စားသောက်ဆိုင်များနှင့် နေ့စဉ် ဈေးဝယ် စင်တာများ
🔧 အလုပ်ရုံများနှင့် တစ်ခြားဆက်စပ်လုပ်ငန်းများ
အထက်ပါတို့သည် သီလဝါဒေသ၏ ရေရှည် စီးပွားရေးတိုးတက်မှုအား အထောက်အပံ့ကောင်းဖြစ်လာမည်ဖြစ်သည်။
━━━━━━━━━━━━━━━━━━
စာရေးသူ နိဂုံးချုပ်ရလျှင် သီလဝါဒေသ အား ပြည်သူအများဖြစ်စေချင်သလို နေ့ချင်းညချင်း ဟောင်ကောင်တို့ စင်္ကာပူတို့လို ဖြစ်လာရန်မှာ FDI ၊ Japan ODA Loan နှင့် Myanmar Government ၏ Infrastructure Investment ၊ Import Export Policy၊ Foreign Exchange Policy များပေါ် တိုက်ရိုက်မူတည်ပါသည်။ ကောင်းမွန်သော Japan Myanmar စီးပွားရေး ဆက်ဆံရေး ပြန်လည်ထူထောင်နိုင်၍ ၊ Long Term Oriented Policy ကောင်းများချမှတ်နိုင်ကာ၊ Sustainable Growth တစ်ခု တည်ဆောက်နိုင်ပါစေကြောင်း သီတင်းကျွတ် ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Regards,
----------------------------------
Ye Min Htike
Director
TC Development Agency LTD
+959 7853 16281 (Viber)
+959 4444 10954 (Phone)

TC PROPERTY ALERTမင်္ဂလာပါTC မှ ပါမစ်မူရင်း အား တာဝန်ယူရောင်းချပေးမည့်ခြံ ၃ ကွက် ရှိပါသည်။853 — စံချိန်မှီ ၁• 45 × 60 ပေ...
28/10/2026

TC PROPERTY ALERT

မင်္ဂလာပါ

TC မှ ပါမစ်မူရင်း အား တာဝန်ယူရောင်းချပေးမည့်ခြံ ၃ ကွက် ရှိပါသည်။

853 — စံချိန်မှီ ၁
• 45 × 60 ပေ ၊ ပါမစ်မြေ
• အမက ၁၀ လမ်း (ပေ 40 လမ်း)၊ ကွန်ကရစ်ခင်းပြီး။
• မြောက်လှည့်
• ခြံရှေ့မီးတိုင်ရှိ၊ အဝီစိတွင်းတူးနိုင်၊ စည်ပင်ရေ ရ။
• မူလတန်းကျောင်းမျက်ဆိုင်
• အိမ်ဆောက်နေချင်သူများအတွက်
-------
854 — စံချိန်မှီ ၁
• 45 × 60 ပေ ၊ ပါမစ်မြေ ၊ ထောင့်ကွက်
• အမက ၁၀ လမ်း (ပေ 40 လမ်း)၊ ကွန်ကရစ်ခင်းပြီး
• မြောက်လှည့်၊ အနောက်လှည့် ၊ ထောင့်ကွက်
• ခြံရှေ့မီးတိုင်ရှိ၊ အဝီစိတွင်းတူးနိုင်၊ စည်ပင်ရေ ရ။
• မူလတန်းကျောင်းမျက်ဆိုင်
• ထောင့်ကွက်မို့စည်ကားလာလျှင် အိမ်ဆိုင်စီးပွားရေးလုပ်နိုင်မည်။
-------
175 — အေးမြသီတာ
• 40 × 60 ပေ၊ ပါမစ်မြေ။
• သီလဝါအထူးစီးပွားရေးဇုန်အနီး၊ပေတစ်ရာမိန်းလမ်းမကြီးကျောကပ်
• ပေ 40 လမ်း။
• အနောက်လှည့်
• ပေ ၃၀၀ အတွင်း မီးတိုင်ရှိ၊ စက်တွင်း ပေ ၁၀၀ ရေထွက်ပါသည်။
• အထက်တန်းကျောင်းနီး။
• မိန်းလမ်းမကျောကပ်မို့၊လမ်းမတန်းအကွက်ဖြင့်တွဲနိုင်ပါသည်။ ဂိုထောင်ဆောက်နိုင်မည်။

အသေးစီတ်ထပ်မံသိရှိလိုပါက
Admin Team
09 4444 10954 (Phone)
09 7853 16281 (Viber)

🙏 သီတင်းကျွတ်လပြည့်နေ့ 🙏မြတ်စွာဘုရားရှင်၏ အဆုံးအမတော်များကို ရိုသေကြည်ညိုစွာ လိုက်နာကျင့်သုံးရင်းမိသားစု၊ မိတ်ဆွေများနှင...
26/10/2026

🙏 သီတင်းကျွတ်လပြည့်နေ့ 🙏

မြတ်စွာဘုရားရှင်၏ အဆုံးအမတော်များကို ရိုသေကြည်ညိုစွာ လိုက်နာကျင့်သုံးရင်း

မိသားစု၊ မိတ်ဆွေများနှင့်အတူ အေးချမ်းပျော်ရွှင်သော သီတင်းကျွတ်အချိန်အခါကို ဖြတ်သန်းနိုင်ကြပါစေကြောင်း Property Solutions မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ကောင်းခြင်းမင်္ဂလာများ ပြည့်စုံကြပါစေ။ 🙏
Happy Thadingyut Full Moon Day 🌕

#သီတင်းကျွတ်လပြည့်နေ့

🏡 ပေ ၆၀ ကွန်ကရစ် လမ်းမေးတင်📍 တည်နေရာ ဘုရားကုန်းအဆင့်၁၊ အမှတ် ၆ လမ်းတည့်ဆင်း။📐 ခြံအကျယ်အဝန်း 40 × 60။ 🏷 နှစ် ၆၀ ဂရန်မြေ ။...
24/10/2026

🏡 ပေ ၆၀ ကွန်ကရစ် လမ်းမေးတင်
📍 တည်နေရာ ဘုရားကုန်းအဆင့်၁၊ အမှတ် ၆ လမ်းတည့်ဆင်း။
📐 ခြံအကျယ်အဝန်း 40 × 60။
🏷 နှစ် ၆၀ ဂရန်မြေ ။
🛣 ကွန်ကရစ်လမ်း၊ ရေ ၊ မီး စုံ။
⭐ ရေမတင် ‌ရေမဝပ်၊
🏗 Steel Structure ဘန်ဂလိုတစ်လုံးအပါ။
💰 Price Call for Price

📞 Contact 09 4444 10954

🏡 ပေ ၄၀ ကွန်ကရစ် လမ်းမေးတင်။📍 တည်နေရာ စံချိန်မှီ ၁၊ ဂေါ်သဇင်လမ်း📐 ခြံအကျယ်အဝန်း 20 × 60။ 🏷 ပါမစ်မြေ ။🛣 ကွန်ကရစ်လမ်း၊ ရေ ...
24/10/2026

🏡 ပေ ၄၀ ကွန်ကရစ် လမ်းမေးတင်။
📍 တည်နေရာ စံချိန်မှီ ၁၊ ဂေါ်သဇင်လမ်း
📐 ခြံအကျယ်အဝန်း 20 × 60။
🏷 ပါမစ်မြေ ။
🛣 ကွန်ကရစ်လမ်း၊ ရေ ၊ မီး စုံ။
⭐ ရေမတင် ‌ရေမဝပ်၊
🏗 တစ်ထပ်တိုက် 18×45 ခန့် အပြည့်ဆောက်ထား။
💰 Price Call for Price
📞 Contact 09 4444 10954

24/10/2026
သိန်းကြီး ၆ သိန်းတန်ထဲမှ သင်ခန်းစာများအခန်း ၄ — နှစ်ရက်ကြာသော ညှိနှိုင်းမှု---သီးသန့်ခန်း (VIP Room) ထဲသို့ TCတို့ ဝင်ရေ...
22/10/2026

သိန်းကြီး ၆ သိန်းတန်ထဲမှ သင်ခန်းစာများ
အခန်း ၄ — နှစ်ရက်ကြာသော ညှိနှိုင်းမှု

---
သီးသန့်ခန်း (VIP Room) ထဲသို့ TCတို့ ဝင်ရောက်ခဲ့ပါသည်။
အမျိူးသား သုံးဦးထိုင်နေသည်။
Mr Yang ၊ အသက် ၆၀ ကျော်ခန့် တရုတ် အမျိုးသားကြီးတစ်ဦး နှင့် ဟောင်ကောင် နိုင်ငံသားလူလတ်ပိုင်း အမျိုးသားတစ်ဦးတို့ဖြစ်သည်။
ကျွန်ုပ်တို့အား Mr Yang မှ အဝယ်ဘက်က အကျိုးဆောင်ကြီးများအဖြစ်မိတ်ဆက်ပေးပါသည်။
ဆယ်မိနစ် ခန့်ကြာသော် ko min lu ထံဖုန်းဝင်လာသည်။
အဝယ်ဘက် က ဈေးစကားပြောမည့် Director ရောက်ပြီ။
Director ဟုဆိုသဖြင့် အသက်ကြီးကြီးဖြစ်မည် ထင်ထားသော်လည်း၊ တကယ်‌တွေ့လိုက်တော့ အသက်၃၀ ဝန်းကျင် လူရွယ်ဖြစ်သည်။
ထူးခြားသည်မှာ ဗမာပုံပေါက်သော်လည်း တရုတ်စကား လွန်စွာကျွမ်းကျင်ခြင်းဖြစ်သည်။
လူငယ်သလောက် အတွေ့အကြုံများ၍ စကားပြောချေငံသူတစ်ဦးအဖြစ်မှတ်ချက်ပြုမိသည်။
ယခုအချိန်ထိ အားလုံးစိတ်ထဲတွင် စစချင်းထိုင်နေသည့် ဟောင်ကောင်အမျိုးသားအား အရောင်းဘက်က သူဌေးဖြစ်မည်ဟု ထင်မှတ်ထားခဲ့ခြင်းဖြစ်သည်။
သို့သော် မမျှောင်လင့်သော လူတစ်ဦး ထပ်မံဝင်ရောက်လာပြီးနောက် အရာရာ ပြောင်းလဲသွားပါသည်။
━━━━━━━━━━━━━━━
ဝင်လာသူသည် လွန်စွာသွက်လက်သော Confidence Level so high style တရုတ်အမျိုးသမီးတစ်ဦးဖြစ်သည်။
တစ်ခန်းလုံးရှိဧည့်ပရိတ်သတ်တို့အား လွန်စွာနှစ်လိုဖွယ်ပြုံးပြရင် နဂိုကတည်းက ရင်းနှီးနေသလားမှတ်ယူရသည့် လေသံဖြင့်စတင် မိတ်ဆက်ပါသည်။
၎င်းသည် ရောင်းသူဘက်မှ Share Holder တစ်ဦးဖြစ်ပြီး၊ ဤအရောင်းအဝယ်နှင့်ပါတ်သက်၍ ဆောင်ရွက်ရန် Fully Authorized ဖြစ်သည်ဆိုပါသည်။
သူမက ဆက်လက် ပြောကြားသည်မှာ ခြံ၏ အဖွင့်ဈေးသည် တစ်ဧကလျှင် သိန်း ၇၀,၀၀၀ ဖြစ်သည်ဆိုသည်။
ဤတွင်အားလုံးအံ့အားသင့်ကုန်ကြသည်။
မိမိတို့အားလုံးနားလည်ထားသည်မှာ တစ်ဧက သိန်း ၆၀,၀၀၀ ဖြစ်သည်။
မိမိတို့ ၆၀,၀၀၀ ဖြင့် ဈေးဆိုင်ရန် ရောက်ရှိနေခြင်းဖြစ်ကြောင်း ပြောပြလိုက်‌တော့ သူမ အံ့ဩဟန်ဖြင့် Miscommunication ဖြစ်နေပြီဖြစ်ကြောင်းပြန်ပြောပါသည်။
အားလုံးဘာပြောရမှန်းမသိဖြစ်နေရာမှ၊ Mr Yang သည်‌ဟောင်ကောင်အမျိုးသား အားတရုတ်ဘာသာဖြင့်တစ်စုံတစ်ရာကို ပြောလိုက်ရာ ၊ ၎င်း သည် ၎င်းတို့ President နှင့် ဖုန်းပြောမည်ဟုဆိုက အခန်းတွင်းမှ ထွက်သွားသည်။
ခဏအကြာပြန်ရောက်လာပြီး နဂို‌ သိထားသည့် အဖွင့်ဈေး တစ်ဧက ၆၀,၀၀၀ ဖြင့်သာ ဆက်လက်‌ ဆွေး‌နွေးရန် ဖြစ်သည်ဆိုပါသည်။
မိမိတို့အတွက်သင်ခန်းစာ တစ်ခု ရလိုက်ပါသည်။
အမှန်က Mind Game Play လိုက်ခြင်းသာဖြစ်သည်။
၆၀၀၀၀ မှ ၇၀၀၀၀ သို့ရုတ်ချည်း ဈေးမြှင့်ကြည့်ကာ အဝယ်ဘက်၏ တုန့်ပြန်မှုကို ဆန်းစစ်ခြင်းဖြစ်သည်။
Test တစ်ခုသာဖြစ်သည်။
━━━━━━━━━━━━━━━
ထို့နောက်တွင်မှု ဈေးစကားအား နှစ်ဖက်လုံး တရုတ်လိုသာ ပြောကြပါတော့သည်။
မိမိတို့ အကျိုးဆောင် အဖွဲ့ တို့သည် Waiter ချပေးသည့် Menu အား အပြန်ပြန်အလှန်လှန် ဖတ်၊ ကောင်းနိုးရာရာများ မှာယူစား သောက်ကာ ၊ တရုတ်ဒရာမာအား စာတန်းမထိုးဘဲ Live ထိုင်ကြည့်ရသကဲ့သို့ ရှိ‌ပါသည်။
တစ်နာရီခန့်ကြာသော် အဝယ်ဘက် Director မှ အခြေအနေကို ရှင်းပြပါသည်။
ဈေးမတည့်ပါ။
အဝယ်ဘက် မှ ၄၀၀၀၀ က စပေးပါသည်။
အရောင်းဘက်က ၂၀၀၀ သာလျော့ပါမည်။
၅၈၀၀၀ ကနေ ထပ်မဆင်းတော့ပါ။
အဝယ်ဘက်မှ ၄၄၀၀၀ ထိ တိုးပေးလာသော်လည်း အရောင်းဘက်မှ ၅၈၀၀၀ ဖြင့်သာ ညှိနှိုင်းမှုကိုရပ်ဆိုင်လိုက်ပါသည်။
အားလုံးနှုတ်ဆက်ပြီး ပြန်ကြမည့်ဟန်ဖြစ်သည်။
အရောင်းဘက်မှ အနည်းငယ်ထပ်မံဆွေးနွေးလိုဟန်ရှိသော်လည်း အဝယ်ဘက်မှ ၎င်းတို့ President ၏ decision ဟုဆိုကာ ၄၄၀၀၀ ကို ထပ်မတိုးပေးသဖြင့် အားလုံးနှုတ်ဆက်ကာ ပြန်ကြပါသည်။
TC တို့သည်လည်း ပွဲပျက်ပြီဟုသာ မှတ်ယူမိပါသည်။
I almost believed it myself.
သို့သော်၊ မျှော်လင့်မထားဘဲ အားလုံးထွက်ခွာပြီးမှ အဝယ်ဘက်က ဖုန်းခေါ်လာပါသည်၊ ဈေးထပ်တိုးပေးမည်။
တကယ့်တကယ်တော့ အဝယ်ဘက်က စားပွဲဝိုင်းမှာတုန်းက ဈေး မတိုးပေးခြင်းသည် Test တစ်ခုသာဖြစ်သည်။
(နောက်ဆုံးကျမှ သိရသည်မှာ တစ်ဧက သိန်း 60000 ဖြင့်ပင် ဝယ်ယူရန် အသင့်ရှိပါသည်။ သို့သော် တမင် 44000 မှာရပ်ထားပြီး တစ်ဖက်၏ တုန့်ပြန်မှုကို စမ်းသပ်ခြင်းသာဖြစ်သည်။ Play သည့် သူအား တန်ပြန် Play ခြင်းဖြစ်သည်။)
━━━━━━━━━━━━━━━
နောက်နေ့မနက် ၊ 44000 ကနေ လုံးဝတိုးမပေးသော အဝယ်ဘက်မှ ဖုန်းများဝင်လာပါသည်။
ပွဲမပျက်သေးပါ။
(နောက်မှ ထပ်မံသိရသည်မှာ အဝယ် President မှ ဤမြေအား အရဝယ်ယူရန် Directive ပေးလိုက်သည်ဆိုပါသည်။)
သို့သော် အထက်ပါ အဝယ်ဘက်၏ intent သည် နောက်မှ သိရသည်ဖြစ်ပြီး၊ လက်ရှိတွင်မူ မနေ့ညက ပွဲပျက်မလိုဖြစ် ခဲ့ရာမှ အဝယ် Director ၏ ဖုန်း call များကြောင့် တစ်ဖန် မျှော်လင့်ချက် အသက်ဝင်လာရပါသည်။
━━━━━━━━━━━━━━━
TC တို့ အတွေ့အကြုံရလိုက်သည်မှာ ညှိနှိုင်း စေ့စပ်မှု Negotiation သည် စားပွဲဝိုင်းတွင်သာ ဖြစ်ပျက်ခြင်းမဟုတ်၊ သဘောမတူ၍စားပွဲဝိုင်းမှ ထပြန်သွားသည့်တိုင်အောင် နောက်ကွယ်တွင် ဆက်လက် ‌ဆွေးနွေးကြသည့် သဘောဖြစ်သည်။
စားပွဲဝိုင်းက စကားများသည် တစ်ဖက်နှင့်တစ်ဖက် သူ့ Position ကိုယ့် Position စမ်းသပ်ခြင်းဖြစ် နေနိုင်သည်။
Art of War သဘောတရားများကို နားလည်ထားသူက အသာရမည်ဖြစ်သည်။
━━━━━━━━━━━━━━━
နောက်နေ့မနက် ko min lu ၊ Mr Yang နှင့် TC အဖွဲ့သားများ သာကေတ ရွှေပုဇွန်တွင် Breakfast စားဖြစ်ကြသည်။
Buyer ဘက်မှ ဈေးတိုးပေးသည့်အတွက် အဝယ်ဘက်ကို ဆက်သွယ်ရန်ဖြစ်သည်။
Seller Side မှ ဟောင်ကောင်အမျိုးသားသည် ဘာ့ကြောင့်ရယ်မသိ ဖုန်းမကိုင်ပါ။
ဆက်သွယ်၍မရဖြစ်နေသည်။
အရောင်းပြေးခြင်းပင်လော။
အားလုံးပြန်ခဲ့ကြပြီး TC တို့ ရုံးခန်းမှာ အလုပ်ကိုယ်ဆီ လုပ်နေကြစဉ်၊ 1 PM လောက်မှာ Mr Yang ဆီမှဖုန်းလာပါသည်။
စိတ်ပျက်လက်ပျက်လေသံဖြစ်သည်။
သတင်းဆိုးပင်။
အရောင်းမှ အဝယ်ဖြင့် ထပ်မတွေ့လိုဝောာ့ပါ။
အရောင်းအဝယ်အားဖျက်သိမ်းပါသည်။
မနေ့က ဈေးဆိုင်သည့် တစ်ဧက သိန်း 60000 ဖြင့် မရောင်းနိုင်တော့ဟု ဆိုပါသည်။
TC တို့လည်းရုတ်တရက် ဘာပြောရမှန်းမသိပါ။
Mr Yang အား ထိုသို့ဆိုလျှင် အသစ်ဖွင့်သည့် ရောင်းဈေး ပြန်မေးပေးပါဟုသာ ပြောပြီး ဖုန်းချလိုက်ပါသည်။
အဝယ်ဘက်ကို မည်သို့ပြောပြရမည်နည်း။
━━━━━━━━━━━━━━━
မနေ့ကထိ အဖြစ်အပျက်မှာ အရောင်းဘက်က ညှိလိုဟန်ရှိသော်လည်း အဝယ်ဘက်က တိုးမပေးခြင်းဖြစ်သည်။
ယနေ့အဖြစ်အပျက်မှာ အဝယ်ဘက် motivated ဖြစ်သော်လည်းအရောင်းဘက် အရောင်းပြေးခြင်းဖြစ်သည်။
အဝယ်ဘက်သို့ ဖုန်းမခေါ်သေးဘဲ အချိန်စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့ပါသည်။
━━━━━━━━━━━━━━━
3 pm တွင် စာတစ်စောင်ဝင်လာပါသည်။
တရုတ်လို ဖြစ်သည်။
အရောင်းဘက် Hongkong President ထံမှ Final Decision ဟုဆိုသည်။
အကြမ်းဖျင်းအချက်အလက်ကဝောာ့ ဈေးနှုန်းအား ၅၇၀၀၀ တွင် Fix ထားမည်။ စရန်အား 50 % ချပေးရမည် စသဖြင့် ဖြစ်သည်။
TC တို့ချက်ချင်း ၎င်းစာအား buyer side သို့ forward လိုက်ပါသည်။
အဝယ် Director လူရွယ်က SMS စာပါအချက်အလက် များကို လက်ခံရရှိပါကြောင်း၊
၎င်းအချက်များတွင် 50% စရန်ကဲ့သို့သော သိန်းကြီး ၆ သိန်းတန် အရောင်းအဝယ်တို့တွင် ထုံးစံမရှိသည့်အချက်များပါဝင်ပါ၍ ယမန်နေ့ စားသောက်ဆိုင်တွင်ပင် In person ဆွေးနွေး လိုပါကြောင်း ဖုန်းဆက်လာပါသည်။
━━━━━━━━━━━━━━━
6PM, Fine Dining Restaurant
ယမန်နေ့က VIP Room တွင်ပင် အားလုံးထပ်မံ တွေ့ဆုံကြသည်။
ယမန်နေ့က Confidence Level so high တရုတ် အမျိုးသမီးသည် နိုင်ငံတော်ခရီးစဉ်ဖြင့် People's Republic of China သို့ "ဖိတ်ကြားသင့်သော မြန်မာလုပ်ငန်းရှင်များ"ထဲမှ တစ်ဦးအဖြစ် လိုက်ပါသွားရသည်ဖြစ်ရာ In person မလာနိုင်ပါ။
Video Call ဖြင့်သာ Join ပါသည်။
ယမန်နေ့က ဟောင်ကောင်အမျိုးသားမှ အ‌ရောင်းဘက် ကိုယ်စားလှယ်အဖြစ် ‌တက်ရောက်ဆွေးနွေးပြီး ၊ အဝယ်ဘက်မှ ယမန်နေ့က Director လူရွယ်ကပင် ဆွေး‌ နွေးပါသည်။
━━━━━━━━━━━━━━━
ထုံးစံအတိုင်း တရုတ်လိုပင် ‌ဆွေးနွေးကြပြန်ရာ၊ မိမိတို့အကျိုးဆောင်များကမူ ကောင်းနိုးရာရာများသာ ထပ်မံမှာယူစားသောက်ရင် မိမိတို့နားလည်သည့် စကားဖြင့် ပြောနိုးနိုးသာ ထိုင်စောင့်နေရပါသည်။
တစ်နာရီခန့်ကြာသော်၊ Director လူရွယ်မှ မြန်မာဘာသာစကားဖြင့် အကျိုးဆောင်ကြီးများအား စကားပါးလိုကြောင်း မိမိတို့ ဈေးတည့်ပြီး အရောင်းအဝယ်ဖြစ်ပြီ ဖြစ်ကြောင်း၊
တစ်ဧကလျှင် 56000 သိန်း ဖြစ်ပြီး၊ စုစုပေါင်းသိန်းကြီး ၆ သိန်း အနည်းငယ်စွန်းကြောင်း။
အကျိုးဆောင်ကြီးတို့ ၏ အကျိုးဆောင်ခအား အရောင်းဘက်မှ Authorized အပေးခံထားရသူ တရုတ်အမျိုးသမီး ၎င်း၏ခရီးစဉ် မှ ပြန်ရောက်ပါက စီစဉ်ပေးမည် ဆိုကြောင်းအား ပြောကြားလာပါသည်။
Payment Structure အား လည်းအကြမ်ဖျင်းသဘောတူညီမှုရရှိပြီဆိုသည်။
-------
TC တို့အောင်မြင်ပါပြီ။
အားလုံး ပြုံးပျော်နိုင်ပါပြီ။
**(ရှေ့‌တွင် စောင့်မျှော်နေသော ခြုံခိုတိုက်ခိုက် အကျိုးဆောင်ခအလုခံရမှုအား ယင်းအချိန်က ကြိုတင် မတွေးဝောာမိခဲ့ပါ။ ၎င်းအဖြစ်အပျက် များအား ဆက်လက်ဖေါ်ပြပါမည်။)**
━━━━━━━━━━━━━━━
အတိုချုပ်ရသော်
Payment Schedule အကြမ်းဖျင်း သဘောတူညီမှုရရှိသည်။
Seller authorized ရရှိသည့် တရုတ်အမျိုးသမီး၏ နိုင်ငံခြားခရီးစဉ်သည် တစ်ပါတ်ခန့်ကြာမည်။
အဝယ်ဘက်က လည်း Agreement များအတည်ဖြစ်စေရန် မင်္ဂလာစရန်ချက်ချင်း ချချင်ပါသည်။
နောက်ဆုံး လက်ရှိမြန်မာနိုင်ငံတွင် ရှိနေပြီး Prominent Figure လည်းဖြစ်၊ နိုင်ငံကျော် Group of Companies ကြီးတစ်ခု၏ President လည်းဖြစ်၊ အရောင်းတရုတ်အမျိုးသမီး၏ ဖခင်လည်း ဖြစ်သူ လုပ်ငန်းရှင်ကြီးထံ ညတွင်းချင်းသွားရောက်တွေ့ဆုံကာ မင်္ဂလာစရန် စာချုပ်ချုပ်ဆို ခဲ့ကြပါသည်။
အားလုံးပြီးစီးတော့ ည 10 နာရီခန့်ရှိပါပြီ။
━━━━━━━━━━━━━━━
ရရှိသောသင်ခန်းစာများ
နှုတ်ချို လျှိုတစ်ပါးဟူသော စကားပုံရှိပါသည်။
ရောင်းသူဝယ်သူဆွေးနွေးကြသည်ထဲတွင် သဘောမတူညီမှုများရှိသော်လည်း အပြုံးမပျက် တစ်ဖက်သူ နားလည်လက်ခံအောင် ပြောဆိုနိုင်သော Ability အား အဝယ်ကောအရောင်းကောတွင်တွေ့ရသည်။
အရောင်းဘက်က တရုတ် အမျိုးသမီးကော အဝယ်ဘက်က လူရွယ်ပါ ၃၀ ဝန်းကျင် များဖြစ်သော်လည်း လွန်စွာ Emotional Intelligence မြင့်သည်ကိုတွေ့ရသည်။
၎င်းတို့စီးပွားရေးလုပ်ငန်းများ အောင်မြင်နေသည်မှာ အလကားမဟုတ် ထိုသို့သော ထူးခြားသည့် Ability များရှိခြင်းကြောင့်ဟု မှတ်ချက်ပြုကာ လေးစားအားကျရပါသည်။
━━━━━━━━━━━━━━━
အခန်း ၃ "စုံစမ်းစစ်ဆေးရေးတာဝန်" အား TC ၏ page တွင်ပြန်လည် ရှာဖွေ ဖတ်ရှုနိုင်ပါသည်။
အခန်း ၅ "အကျိုးဆောင်ခ အလုခံရပြီ" အား နောက် Post များတွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Admin Team
09 4444 10954
━━━━━━━━━━━━━━━
Disclaimer: အထက်ပါ ဇာတ်လမ်းသည် ဖတ်ရှု၍ ကောင်းစေရန် ဖန်တီးရေးသားထားခြင်းသာဖြစ်ပြီး၊ မြေပြင်တွင် တကယ်ဖြစ်ပျက်ခဲ့ခြင်းမရှိပါ။

Thilawa Port plays a crucial role in Myanmar’s freight and logistics sector, underscoring the need for ongoing improveme...
15/10/2026

Thilawa Port plays a crucial role in Myanmar’s freight and logistics sector, underscoring the need for ongoing improvements in infrastructure and operational efficiency.

Credited to Global New Light of Myanmar

President of the Republic of the Union of Myanmar U Min Aung Hlaing, accompanied by union ministers, the Yangon Region chief minister, senior military officers and relevant officials, toured Yangon Region yesterday afternoon to inspect port operations and plans to expand the country’s port and logistics infrastructure.
At Thilawa Railway Station, Union Minister for Transport U Mya Tun Oo briefed the President on the existing Toegyaungkalay-Thilawa railway section, surveying works and plans to upgrade the line to a double track. He also reported on the Thanlyin Bridge I, proposed double-track access to Thilawa station yards, yard expansion plans and the progress of railway maintenance and upgrading works.
The President said Thilawa Port is one of Myanmar’s key ports and that upgrading the railway to a double track would enable faster, smoother and more cost-effective freight transportation from the port and Thilawa Special Economic Zone. He instructed officials to conduct systematic site surveys and engineering assessments, particularly at bends, gradients and bridge crossings. He also called for extending the railway directly into the port, beginning preparatory works early and making technical provisions for future electric train operations.
The President subsequently inspected completed track maintenance and replacement works at the station yard and provided guidance.
At Myanmar International Terminals Thilawa (MITT), Union Minister U Mya Tun Oo presented an overview of Myanma Port Authority, the country’s ports along its 1,260-nautical-mile coastline, maritime trade, terminal development and Yangon Port’s annual cargo-handling capacity.
The briefing also covered efforts to expand maritime trade and exports, upgrade general cargo berths, improve transhipment and transit trade, develop inland container depots and domestic coastal ports, and double export volumes. Other initiatives included a semi-smart container port pilot project, digital transformation of port operations and studies of foreign seaports.
The President stressed the importance of annual maintenance dredging to keep navigation channels from the sea estuary navigable and highlighted the benefits of introducing a semi-smart port. He said the planned double-track railway would help speed up container transportation, particularly during peak vessel-berthing periods, while road and bridge upgrades would facilitate smoother truck movements to and from Yangon’s port terminals.
He also highlighted plans to upgrade Panmawady Port in Ayeyawady Region to accommodate large vessels carrying 20,000 to 30,000 tonnes along the Pathein River. The development would facilitate domestic and international shipments of regional rice and general cargo, as well as the transport of goods needed in the region.
Describing Thilawa Port as strategically important to Myanmar’s freight and logistics sector, the President urged officials to continue developing port infrastructure and services.
Regarding the Dawei Deep-Sea Port, he noted that several countries had expressed interest in developing the Southern ASEAN land corridor. He also highlighted Kawthoung’s potential for border trade and stressed the importance of tourism in regional development.
The President said Pathein, Yangon and Dawei ports would become major maritime gateways in the future, with Dawei serving international transit trade and Yangon and Pathein supporting domestic freight transport. He urged all stakeholders to work together to ensure efficient port operations.
The President then toured MITT by motorcade to inspect daily port operations.
Later, at Ywathagyi Dry Port in Dagon Myothit (East) Township, U Mya Tun Oo briefed the President on the Ywathagyi station yard project, dry port operations, project details, container freight train services on the Ywathagyi-Myitnge-Ywathagyi route and the completed boundary fencing along railway-owned land beside the station access road.
The President raised questions about the presentations and instructed officials to assess land use systematically to ensure efficient and compact utilization during project implementation. He also directed authorities to ensure that land allocated for operational activities in Yangon Region was used strictly for its designated purposes.
He subsequently toured the dry port complex by motorcade to inspect logistics and freight-handling operations. — MNA/ST

အခုရှုပ်မှ နောင်ရှင်းမဖြစ်အောင် ဒီမြေတွေကို လုံးဝမဝယ်ပါနဲ့ ဈေးကွက်ထဲမှာ ဈေးသင့်တာထက် ပိုသက်သာတဲ့ မြေကွက်တစ်ကွက်တွေ့ရင် ဘ...
13/10/2026

အခုရှုပ်မှ နောင်ရှင်းမဖြစ်အောင် ဒီမြေတွေကို လုံးဝမဝယ်ပါနဲ့
ဈေးကွက်ထဲမှာ ဈေးသင့်တာထက် ပိုသက်သာတဲ့ မြေကွက်တစ်ကွက်တွေ့ရင် ဘာကြောင့် ဒီလောက်သက်သာနေတာလဲ? ဆိုတာ suspect ဖြစ်တတ်ရပါမည်။
There is no free lunch ဆိုတဲ့စကားရှိပါသည်။
တချို့မြေတွေက မြေအမျိုးအစားနဲ့ ပိုင်ဆိုင်ခွင့်အခြေအနေကြောင့် ရောင်းဝယ်ရာမှာ ကန့်သတ်ချက်တွေရှိနိုင်ပြီး ဝယ်ယူပြီးနောက်မှာ ပြဿနာတွေ ကြုံတွေ့လာနိုင်ပါသည်။
-----
အထူးသဖြင့် ......
🔴 ကျူးကျော်မြေ
အစိုးရပိုင်(ဌာနဆိုင်ရာပိုင်) ခြံဝန်းကြီးများ၊ လမ်းတံတားပိုင်မြေများ၊ မီးရထားလမ်းမြေများ၊ စားကျက်မြေများ စသည်တို့တွင် ကျူးကျော်နေထိုင်ကြပြီး၊ ရပ်ကွက်လေးများဖြစ်လို့နေသည်ကိုတွေ့ရပါသည်။ တစ်ချို့ ပုံစံ၁၀၅ ပင်ထုတ်ထားသည်ကို တွေ့ဖူးသည်။ တစ်ချို့လည်း နိုင်ငံအဆင့်အနာဂါတ်စီမံကိန်း နေရာများတွင် အုပ်ချုပ်ရေးမှုး အစီအစဉ်ဖြင့် ခေတ္တ နေရာချထားပေးထားသည်ကိုတွေ့ရသည်။ အိုးအိမ်ပါမစ်ကွက်များတွင် နောက်‌ဖေးလမ်းကြားပါဝင်ရာ၊ ၄င်းလမ်းကြားများ တွင် ဝင်ရောက်ဆောက်လုပ်နေထိုင်ကြသည်ကိုလည်း‌ တွေ့ဖူးသည်။ ရောင်းလို့ဝယ်လို့တော့မရပါ။
------
🔴 မီးရထားလမ်းမြေ
မီးရထားလမ်းသည်လည်း အဝေးပြေးလမ်းမကြီးများသကဲ့သို့၊ ပေ ၁၀၀ ၊ ပေ ၂၀၀ စသဖြင့် နယ်နိမိတ်ရှိနိုင်သောကြောင့် ၊ မီးရထားလမ်းနဲ့ ကပ်တယ်ဆို သေချာ စီစစ်ဖို့လိုပါသည်။
-------
🔴 လယ်ယာမြေ
လယ်ယာမြေ ၊ အထူးသဖြင့် လယ်မြေပေါ် တွင် စပါးစိုက်ပျိုးရေးသာ လုပ်ခွင့်ရှိပါသည်။ အိမ်ဆောက်နေလို့မရပါ။
-------
🔴 သာသနာ့မြေ
သာသနာရေးအတွက် သတ်မှတ်ထားတဲ့မြေဖြစ်တဲ့အတွက် ပုဂ္ဂလိကပိုင်မြေလို သဘောထားပြီး ဝယ်ယူခြင်းမပြုသင့်ပါ။
-------
🔴 သစ်တောမြေ
သစ်တောနယ်မြေ၊ အစိုးရစီမံခန့်ခွဲတဲ့မြေတွေမှာ ပုံမှန်အိမ်ခြံမြေလို လွတ်လပ်စွာ ရောင်းဝယ်ပိုင်ဆိုင်ခွင့် မရှိနိုင်တာကြောင့် မြေအမျိုးအစားနဲ့ အသုံးပြုခွင့်ကို အရင်စစ်ဆေးသင့်ပါသည်။
-------
🔴 စားကျက်မြေ၊
ရှေးအခါက ကျွဲနွားများအတွက် စားကျက်မြေများသတ်မှတ်ထားရှိခဲ့သော်လည်း၊ ယခုအခါဦးသူစနစ်ဖြင့် ခြံခတ်နေထိုင်လျက်ရှိပါသည်။ စားကျက်မြေသည် လူနေထိုင်ရန် ရည်ရွယ်သည့်မြေ မဟုတ်သဖြင့် မဝယ်သင့်ပါ။
------
အိမ်ခြံမြေဝယ်တဲ့အခါ ဈေးသက်သာတာထက် ဝယ်ပြီးနောက် ကိုယ့်ပိုင်ဆိုင်မှုက တရားဝင်စိတ်ချလို့ရနိုင်လား ဆိုတာက ပိုအရေးကြီးပါသည်။
ဒါကြောင့် မဝယ်ခင် မြေအမျိုးအစား၊ ပိုင်ဆိုင်မှုစာရွက်စာတမ်း၊ အသုံးပြုခွင့်နဲ့ လွှဲပြောင်းခွင့် တွေကို သက်ဆိုင်ရာဌာနတွေမှာ စစ်ဆေးပြီးမှ ဆုံးဖြတ်သင့်ပါသည်။

Address

18-14B Shop Houses, Thilawa Development Road, Thilawa Garden City, SEZ Zone A
Thanlyin

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 15:00
Sunday 09:00 - 15:00

Website

Alerts

Be the first to know and let us send you an email when Property Solutions - Thilawa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category